ဟောင်ကောင် ကျောက်မျက်ပွဲမှ မြန်မာကျောက်စိမ်းပါ USD 61 သိန်းတန် လည်ဆွဲ

ဟောင်ကောင် ကျောက်မျက်ပွဲမှ မြန်မာကျောက်စိမ်းပါ USD 61 သိန်းတန် လည်ဆွဲ google.com

Hong Kong Trade Development Council (HKTDC) က စီစဉ်ကျင်းပတဲ့ (၃၆)ကြိမ်မြောက်

HKTDC Hong Kong International Jewellery Show 2019 ကို ဟောင်ကောင်မှာ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၄ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၈ နိုင်ငံမှ တက်ရောက်၂၆၀၀ ကျော် ရှိခဲ့ပါတယ်။ မက္ကဆီကိုနဲ့ အင်ဒိုနီးရှားတို့က ပထမဆုံးအကြိမ်အဖြစ် ပြခန်း ပြသခဲ့ကြပါတယ်။ ဟောင်ကောင် လက်ဝတ်ရတနာပြပွဲမှာ လက်ဝတ်ရတနာ ဒီဇိုင်းအမျိုးမျိုးကို ပြသခဲ့ကြပါတယ်။

 

Japan Pearl Exporters' Association ကလည်း ပထမဆုံးအနေဖြင့် ပုလဲလက်ဝတ်ရတနာများကို ပြသခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ မွေးမြူထုတ်လုပ်တဲ့ပုလဲများနဲ့ ပုလဲရတနာများကို ကမ္ဘာတစ်လွှားမှ လာရောက်ကြည့်ရှုသူများ၊ ဝယ်ယူသူများကို ပြသခဲ့ပါတယ်။ Hall of Fame ပြခန်းဇုန်မှာ ပြသခဲ့တဲ့ လက်ဝတ်ရတနာတွေထဲမှ အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

 

တရုတ်နိုင်ငံမှ လက်ဝတ်ရတနာ နာမည်ကြီး brand ဖြစ်တဲ့ Lao Feng Xiang က နောက်ဆုံးပေါ် ရွှေဆွဲကြိုးတွေကို ပြသခဲ့ပါတယ်။ တရုတ်ရိုးရာယဉ်ကျေးမှု ရွှေပန်းတိမ်အနုလက်ရာကို ထင်ဟပ်ပြသနေတဲ့ လက်ဝတ်ရတနာတွေကိုထုတ်လုပ်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၇၀ ရှိပြီဖြစ်တဲ့ Lao Feng Xiang လက်ဝတ်ရတနာတိုက်ရဲ့ ဖီးနစ်ငှက်မွေး The Feather of Phoenix – LingYu အမည်ရှိ ရွှေဆွဲကြိုးတွေကို ခေတ်ပေါ်နည်းပညာများနဲ့ ဖန်တီးထားပေမဲ့ ရှေးမှုမပျက်အောင် အစဉ်အလာ ထိန်းသိမ်းထားတာကို တွေ့ကြရတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ ကျော်က ယဉ်ကျေးမှုလက်ရာကို ထင်ဟပ်ပြသနေတယ်။

pasted image 0 2 min

 

ယူကေမှ JT Jewellery Theatre က သစ်ခွလို့ အမည်ပေးထားတဲ့ စိန်စီခြယ် လည်ဆွဲသီးကို ပွဲထုတ်ထားတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ သုံးသောင်းဝန်းကျင် ဖြစ်ပါတယ်။ သစ်တော်သီးပုံ စိန်ပွင့်တွေ အပါအဝင် စိန်စီပြီး ရွှေကွပ်ထားတဲ့လက်ရာ ဖြစ်ပါတယ်။

pasted image 0 1

 

ဟောင်ကောင်မှ Belford Jewellery Company က ပိုလာဝက်ဝံလို့ အမည်ပေးထားတဲ့ မဟူရာလည်ဘယက်ကို ပြသခဲ့ပါတယ်။ မဟူရာဖြူ၊ ပြာလဲ့လဲ့နီလာတွေနဲ့အတူ စိန်ပွင့်တွေ စီခြယ်ထားတဲ့လက်ရာ ဖြစ်ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ သုံးသောင်း ခုနစ်ထောင်ကျော် ဖြစ်ပါတယ်။

pasted image 0

 

ဟောင်ကောင်မှ Jadmily Jewelry Corporation Limited က ကျောက်စိမ်းလည်ဆွဲသီးပါတဲ့ စိန်ဆွဲကြိုးကို ပြသထားပါတယ်။ ဘဲဥပုံရှိပြီး စိမ်းလဲ့နေတဲ့ ကျောက်စိမ်းပွင့်ဟာ မြန်မာကျောက်စိမ်းဖြစ်ပြီး အရွယ်အစား ၁၆ မီလီမီတာ ရှိပြီး အလေးချိန် ၅၁ ဂရမ် ရှိတဲ့ ကျောက်စိမ်းပွင့်ကို စိန်ပွင့်တွေနဲ့ အနားကွပ်ပေးထားပါတယ်။ လည်ဆွဲရဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၆၁ သိန်းကျော် ဖြစ်ပါတယ်။

 

09

 

အိန္ဒိယမှ Kohinoor Jewellers က ဟိမဝန္တာရေတံခွန်လို့ အမည်ပေးထားတဲ့ လည်ဆွဲအလှရတနာကို ပြသခဲ့ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ငါးသောင်း သုံးထောင်ကျော် ဖြစ်ပါတယ်။

 

pasted image 0 3

 

Myanmar Wedding Guide

Read times Last modified on Monday, 01 April 2019 14:44
Rate this item
(1 Vote)