2019 ခုနှစ်နှစ်လည်ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၁၀၉၁ တွဲရောင်းချ

2019 ခုနှစ်နှစ်လည်ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲ ၁၀၉၁ တွဲရောင်းချ google

၂၀၁၉ ခုနှစ်နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကိုယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိမဏိရတနာကျောက်စိမ်းခန်းမနှင့်

မဏိရတနာကျောက်စိမ်းဝင်းအတွင်းတွင် ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲ ၁၀၉၁ တွဲကို အိတ်ဖွင့်တင်ဒါစနစဖြင့ရောင်းချနိုင်ခဲ့သည်။

 

ယနေနံနက် ၇ နာရီမှစတင်၍ ကျောက်စိမ်းအတွဲ အမှတ် ၁ မှ ၁၃၁၁ အထိကျောက်စိမ်းတွဲဒများကိုအိတ်ဖွင့် တင်ဒါစနစ်ဖြင့်ရောင်းချခဲ့ရာ

 

ကျောက်စိမ်းအတွဲ ၁၀၉၁ တွဲကို ယူရိုငွေ ၄၁ ဒသမ ၂၄၆ သန်းဖြင့်ရောင်းချနိုင်ခဲ့သည်။

 

ပြပွဲတွင်ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ဆက်လက်ရောင်းချသွားမည့် ကျောက်စိမ်းအတွဲများကိုစိတ်ကြိုက်လှည့်လည်ကြည့်ရှု့ကြပြီး

 

ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းကြသည်။

 

စက်တင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲအမှတ် ၁၃၁၂ မှ ၂၆၁၁ အထိကျောက်စိမ်းအတွဲပေါင်း ၁၃၀၀ ကို

 

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူကျောက်စိမ်းအတွဲအမှတ် ၂၆၁၂ မှ ၃၉၁၁ အထိကျောက်စိမ်းအတွဲပေါင်း ၁၃၀၀ ကိုစက်တင်ဘာ ၂၂ ရက်တွင်လည်းကောင်း၊

 

ကျောက်စိမ်းအတွဲအမှတ် ၃၉၁၂ မှ ၅၂၁၁ အထိကျောက်စိမ်းအတွဲပေါင်း ၁၃၀၀ ကိုစက်တင်ဘာ ၂၃ ရက်တွင်လည်းကောင်း၊

 

ကျောက်စိမ်းအတွဲအမှတ် ၅၂၁၂ မှ ၆၅၁၁ အထိကျောက်စိမ်းအတွဲပေါင်း ၁၃၀၀ ကို စက်တင်ဘာ ၂၄ ရက်တွင်လည်းကောင်း၊

 

ကျောက်စိမ်းအတွဲအမှတ် ၆၅၁၂ မှ ၇၈၁၁ အထိကျောက်စိမ်းအတွဲပေါင်း ၁၃၀၀ ကိုစက်တင်ဘာ ၂၅ ရက်တွင်လည်းကောင်း

 

အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

 

Source:Kyeemon

 

Gold & Jewellery Buying Guide

Read times
Rate this item
(0 votes)
Tagged under