ကမၻာ့ေရႊေစ်းအနည္းငယ္က်ဆင္းၿပီး ျပည္တြင္းေရႊေစ်းျပန္တက္လာ...

ကမၻာ့ေရႊေစ်းအနည္းငယ္က်ဆင္းၿပီး ျပည္တြင္းေရႊေစ်းျပန္တက္လာ... google

ဒီေန႔ဒီဇင္ဘာလ၂၀ရက္ေန႔အတြက္ကမၻာ့ေရႊေစ်းႏႈန္းနဲ႔ျပည္တြင္းအေခါက္ေရႊေစ်းႏႈန္းေတြကိုတင္ဆက္ေပးပါ့မယ္။ဒီေန႔ရဲ႕ကမၻာ့ေရႊေစ်းႏႈန္းကေတာ့ တစ္ထရမ္ေအာင္စကိုအေမရိကန္ေဒၚလာ 1478.59 ေဒၚလာေပါက္ေစ်းျဖစ္ေနပါတယ္။

 

မေန႕ကေစ်းနဲ႔ႏႈိင္းယွဥ္ရင္ေတာ့ 0.01%က်သြားပါတယ္။သံုးရက္အတြင္းအနိမ့္ဆံုးေစ်းႏႈန္းအေနနဲ႔ဒီဇင္ဘာလ၁၈ရက္ေန႔က1470.91ေဒၚလာေပါက္ေစ်းျဖစ္ခဲ့ပါတယ္။

 

အျမင့္ဆံုးေစ်းႏႈန္းအေနနဲ႔က ဒီဇင္ဘာလ၁၉ရက္ေန႔ကအေမရိကန္ေဒၚလာ1481.39ေဒၚလာေပါက္ေစ်းျဖစ္ခဲ့ပါတယ္။ဒီေန႕မွာေတာ့ ကမၻာ့ေရႊေစ်းႏႈန္းကအနည္းငယ္ျပန္ၿပီးေတာ့က်ဆင္းသြားပါတယ္။

 

အခုလိုမ်ိဳးကမၻာ့ေရႊေစ်းႏႈန္းက်ဆင္းရတဲ့အဓိကအေၾကာင္းအရင္းကေတာ့ ရင္းႏွီးျမဳပ္ႏွံသူေတြဟာအေမရိကန္ရဲ႕ေနာက္ဆံုးရစီးပြားေရးညႊန္းကိန္းအခ်က္အလက္ေတြကိုစိုးရိမ္ေၾကာင့္ၾကေနၾကၿပီးရွယ္ယာေစ်းကြက္ကလည္းအားေကာင္းလာတာေၾကာင့္ျဖစ္ပါတယ္

 

။ေနာက္ထပ္အခုလိုမ်ိဳးကမၻာ့ေရႊေစ်းႏႈန္းက်ဆင္းရတဲ့အဓိကက်တဲ့အခ်က္အလက္တစ္ခုက အေမရိကန္သမၼတေဒၚနယ္ထရန္႔ကိုစြပ္စြဲျပစ္တင္ထားတဲ့မဲအေရအတြက္အေျခအေနေပၚေစာင့္ၾကည့္ေနတာေၾကာင့္လည္းျဖစ္ပါတယ္။

 

ျပည္တြင္းအေခါက္ေရႊေစ်းႏႈန္းအေနနဲ႔ ဒီေန႔မနက္၈နာရီခြဲအခ်ိန္မွာရရွိထားတဲ့ေစ်းႏႈန္းအရအေခါက္ေရႊတစ္က်ပ္သားကို 1184000က်ပ္ေပါက္ေစ်းရွိေနပါတယ္။

 

မေန႔ကေစ်းႏႈန္းနဲ႔ႏိႈင္းယွဥ္မယ္ဆိုရင္ေတာ့1200က်ပ္တက္လာတာျဖစ္ၿပီးရာခိုင္ႏႈန္းအားျဖင့္0.10%တက္လာတာပဲျဖစ္ပါတယ္။

 

 

(Unicode ဖြင့်ဖတ်ရန်)

 

ဒီနေ့ဒီဇင်ဘာလ၂၀ရက်နေ့အတွက်ကမ္ဘာ့ရွှေဈေးနှုန်းနဲ့ပြည်တွင်းအခေါက်ရွှေဈေးနှုန်းတွေကိုတင်ဆက်ပေးပါ့မယ်။ဒီနေ့ရဲ့ကမ္ဘာ့ရွှေဈေးနှုန်းကတော့ တစ်ထရမ်အောင်စကိုအမေရိကန်ဒေါ်လာ 1478.59 ဒေါ်လာပေါက်ဈေးဖြစ်နေပါတယ်။

 

မနေ့ကဈေးနဲ့နှိုင်းယှဉ်ရင်တော့ 0.01%ကျသွားပါတယ်။သုံးရက်အတွင်းအနိမ့်ဆုံးဈေးနှုန်းအနေနဲ့ဒီဇင်ဘာလ၁၈ရက်နေ့က1470.91ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။

 

အမြင့်ဆုံးဈေးနှုန်းအနေနဲ့က ဒီဇင်ဘာလ၁၉ရက်နေ့ကအမေရိကန်ဒေါ်လာ1481.39ဒေါ်လာပေါက်ဈေးဖြစ်ခဲ့ပါတယ်။ဒီနေ့မှာတော့ ကမ္ဘာ့ရွှေဈေးနှုန်းကအနည်းငယ်ပြန်ပြီးတော့ကျဆင်းသွားပါတယ်။

 

အခုလိုမျိုးကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းရတဲ့အဓိကအကြောင်းအရင်းကတော့ ရင်းနှီးမြုပ်နှံသူတွေဟာအမေရိကန်ရဲ့နောက်ဆုံးရစီးပွားရေးညွှန်းကိန်းအချက်အလက်တွေကိုစိုးရိမ်ကြောင့်ကြနေကြပြီးရှယ်ယာဈေးကွက်ကလည်းအားကောင်းလာတာကြောင့်ဖြစ်ပါတယ်။

 

နောက်ထပ်အခုလိုမျိုးကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းရတဲ့အဓိကကျတဲ့အချက်အလက်တစ်ခုက အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစွပ်စွဲပြစ်တင်ထားတဲ့မဲအရေအတွက်အခြေအနေပေါ်စောင့်ကြည့်နေတာကြောင့်လည်းဖြစ်ပါတယ်။

 

ပြည်တွင်းအခေါက်ရွှေဈေးနှုန်းအနေနဲ့ ဒီနေ့မနက်၈နာရီခွဲအချိန်မှာရရှိထားတဲ့ဈေးနှုန်းအရအခေါက်ရွှေတစ်ကျပ်သားကို 1184000ကျပ်ပေါက်ဈေးရှိနေပါတယ်။

 

မနေ့ကဈေးနှုန်းနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့1200ကျပ်တက်လာတာဖြစ်ပြီးရာခိုင်နှုန်းအားဖြင့်0.10%တက်လာတာပဲဖြစ်ပါတယ်။

 

Gold & Jewellery Buying Guide

Read times Last modified on Friday, 20 December 2019 15:35
Rate this item
(0 votes)
Tagged under