ဖားကန့်တွင် ကျောက်စိမ်းရှာ‌ဖွေခွင့်ပြုရန် ကုမ္ပဏီ ၃၀ ကျော် အစိုးရထံ အသနားခံစာတင်

ဖားကန့်တွင် ကျောက်စိမ်းရှာ‌ဖွေခွင့်ပြုရန် ကုမ္ပဏီ ၃၀ ကျော် အစိုးရထံ အသနားခံစာတင် Google

ဖားကန့်ဒေသတွင် ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအ တွက် သတ္တုတူးဖော်ခွင့်ပိတ်သိမ်း ထားချိန်တွင် တူးဖော်ခွင့်သက် တမ်းကျန်‌‌ နေသေးသည့် ကုမ္ပဏီ ၃၀ ခန့်က ကျောက်ရှာ‌ဖွေခွင့်ပြုရန် အစိုးရထံ အသနားခံစာတင်ပြ ထားသည်။

 

ဖားကန့်ဒေသရှိ ဖားကန့်နှင့် လုံခင်းရတနာမြေ၊ မော်လူး၊ မော် ဟန်ရတနာမြေများတွင် ကိုဗစ် ရောဂါ တားဆီးထိန်းချုပ်ရေးအ တွက် ၂၀၂၀ ဒီဇင်ဘာ ၁ရက်မှ ၂၀၂၁ ဇန်နဝါရီ ၃၁ ရက်အထိ သတ္တုတူးဖော်ခွင့် မပြုကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ယင်းအ‌‌ခြေအနေတွင် သက်တမ်းကျန်‌နေ သည့် ကုမ္ပဏီ ၃၀ ကျော်က ကျောက်စိမ်းရှာဖွေခွင့်ပြုရန် ဝန်ကြီးဌာနသို့ အသနားခံစာတင်ပြ ထားသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးဒါရှိလစိုင်းက ပြော သည်။

 

‘‘အရင်နှစ် ရာသီချိန်တုန်းကလို တူးဆွတာတော့မလုပ်တော့ဘူး။ တူးပြီးတာတွေကိုရှာခွင့်ပြုပါလို့ ပြည်ထောင်စုကိုတောင်းဆို ထားတယ်။ ယေဘုယျအားဖြင့် ကုမ္ပဏီသုံးလေးဆယ်လောက်ရှိ တယ်’’ ဟု ဦးဒါရှိလစိုင်းကပြော သည်။

 

ဖားကန့်ဒေသသည် ကချင် ပြည်နယ်တွင် ပိုးတွေ့လူနာ အများဆုံးမြို့နယ်ဖြစ်နေသည်။ ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနက stay at home နေ ထိုင်ရန် သတ်မှတ်ထားသလို သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လည်း သတ္တုတူးဖော်ခွင့်ပိတ်သိမ်း သည့်ကာလကို ထပ်မံသက်တမ်း တိုးထားခြင်းဖြစ်သည်။

 

ဖားကန့်ဒေသ၌ ကိုဗစ်ရောဂါ ကူးစက်မှုများပြားနေ၍ လတ်တလောတွင် ကုမ္ပဏီများအား ကျောက်စိမ်းတူးဖော်ခွင့်နှင့်ရှာဖွေ ခွင့်မပြုသင့်သေးဟု ‌ဒေသခံများက မှတ်ချက်ပြုသည်။ ဖားကန့်ဒေ သတွင် အစိုးရနှင့် အကျိုးတူ ကုမ္ပဏီသုံးခုနှင့် ပုဂ္ဂလိကကုမ္ပဏီ ၂၀၉ ခုက တူးဖော်ခွင့်သက်တမ်း ကျန်ရှိနေသေးသည်။

 

Gold & Jewellery Buying Guide


7 Day News

Read times
Rate this item
(0 votes)