မိန်းကလေးတွေကဆိုးတဲ့ကောင်လေးတွေကိုပိုချစ်ရခြင်းအကြောင်းရင်း (၅) ချက်

မိန်းကလေးတွေကဆိုးတဲ့ကောင်လေးတွေကိုပိုချစ်ရခြင်းအကြောင်းရင်း (၅) ချက် google.com

မိန်းကလေးတွေဟာ ဆိုးတဲ့ကောင်လေးတွေကိုပိုကြိုက်ကြတယ်လို့ ကြားဖူးခဲ့တာကြာပါပြီ။ ဒါပေမယ့် ဘာကြောင့် အဲ့ဒီလို လူဆိုးလေးတွေကို ကြိုက်ကြတာလည်းဆိုတာတော့ မသိခဲ့ပါဘူး။ ဒါဆို လူဆိုးကောင်လေးတွေကို မိန်းကလေးတွေကြိုက်ရခြင်းအကြောင်းရင်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦးနော်။

 

 

() ပျော်တတ်လို့

 

သူတို့တွေဟာစိတ်ညစ်စရာရယ်လို့သိပ်မရှိဘဲ ဖြစ်လာတဲ့အခြေအနေတိုင်းမှာပျော်နေတတ်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်လောက်ဆိုးတာတွေပဲဖြစ်ဖြစ်သိပ်ဂရုမစိုက်တတ်တာကြောင့်သူတို့နားမှာနေရတာလောကကြီးရဲ့ဆိုးရွားတဲ့အချက်တွေကို မေ့သွားစေလို့ပါတဲ့။

 

 

() ဆွဲဆောင်မှုရှိတယ်

 

ဆိုးတဲ့ကောင်လေးတွေက ဘာတွေများဆွဲဆောင်မှုရှိနေလဲလို့စဉ်းစားမရဖြစ်နေလား။ မိန်းကလေးတွေကလည်း ထူးတော့ထူးဆန်းပါတယ်။ ဂျစ်တာလေးကပဲဆွဲဆောင်မှုရှိနေတာပါလို့ လူဆိုးလေးတွေရဲ့ချစ်သူကောင်မလေးတွေက တညီတညွှတ်တည်းဖြေသွားပါတယ်။

 

 

() သင့်ကြောင့် သူလိမ္မာလာမယ်လို့ခံစားရစေလို့

 

မိန်းကလေးတွေရဲ့သဘာဝအရ လူဆိုးလေးတွေကိုပြုပြင်လို့ရမယ်လို့ထင်နေတတ်ပါတယ်။ အဲ့ဒါကြောင့် သူတို့ကိုယ့်ကိုချစ်တဲ့စိတ်နဲ့လိမ္မာလာမလားဆိုတဲ့မျှော်လင့်ချက်ကို ရှင်သန်စေတာကြောင့် အဲ့ဒီဆိုးတဲ့ကောင်လေးတွေကို မပြတ်နိုင်ဘဲဆက်ချစ်နေတာပါတဲ့။

 

 

() ဇာတ်နာတတ်လို့

 

ဘယ်လိုအခြေအနေပဲဖြစ်လာဖြစ်လာပျော်နေတတ်တယ်ဆိုပေမယ့် ဇာတ်နာတတ်တာကလည်းသူတို့အပြင်မရှိပါဘူး။သူတို့တွေဟာ သူတို့အခုလိုဆိုးနေတာ တခြားသူတွေကြောင့် ၊ ပတ်ဝန်းကျင်ကြောင့်လို့ခံယူထားပြီး သူတို့မှာအပြစ်ရှိတယ်လို့ ယောင်လို့တောင်မှမတွေးတတ်ကြပါဘူး။ ဒါကြောင့် သူတို့မကောင်းတာတွေကြုံရရင်လည်း တခြားသူတွေကြောင့်ဖြစ်ရတာပါဆိုပြီး ဇာတ်နာတတ်လို့မိန်းကလေးတွေက သနားကရုဏာသက်ပြီး ချစ်မိကြတာပါတဲ့။

 

 

() ကိုယ့်ကိုယ်ကိုအထင်ကြီး၊ ဘဝင်မြင့်နေတာမျိုးမရှိလို့

 

တကယ်တော့ ဆိုးတဲ့သူတွေက သူတို့မှာ လူအထင်ကြီးလောက်စရာအရည်အချင်းမျိုးမရှိဘူးလို့ထင်နေကြတာကြောင့်ဆိုးတဲ့နေရာကလွဲရင်တခြားနေရာတွေမှာ ယုံကြည်မှုမရှိကြပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုအထင်ကြီးတာ၊ ဘ၀င်မြင့်တာမျိုးတွေမရှိဘဲ မိန်းကလေးတွေက သူတို့ထက်ပိုသာတယ်ဆိုတဲ့ခံစားချက်မျိုးဖြစ်စေပါတယ်တဲ့ဒါကလည်းလူဆိုးတွေကိုမိန်းကလေးတွေကြိုက်ရခြင်းအကြောင်းရင်းထဲမှာပါနေပါတယ်။

 

 

Credit;Aunty May

Read times Last modified on Tuesday, 18 September 2018 15:53
Rate this item
(2 votes)