ချစ်သူနှစ်ဦးကြားက အချစ်တွေရိုးမသွားစေဖို့

ချစ်သူနှစ်ဦးကြားက အချစ်တွေရိုးမသွားစေဖို့ google.com

ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ အနည်းနဲ့အများတော့ ကိုယ့်ချစ်သူအပေါ်မှာ ခံစားချက်တွေရိုးသွားတတ်တဲ့

အချိန်ဆိုတာရှိတတ်ပါတယ်။ ဒီလိုမျိုးတွေခံစားလာရပြီဆိုရင် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ ကြာရှည်ခိုင်မြဲတဲ့ဆက်ဆံရေး ကိုရရှိတဲ့စုံတွဲတွေကကော ဘယ်လိုအချက်တွေကြောင့်ရကြတာလဲ။ ဒါ့ကြောင့်ချစ်သူနှစ်ဦးကြားက ခံစားချက်တွေရိုးမသွားစေဖို့လုပ်ဆောင်ပေးရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

 

နှစ်ဦးကြားအမှတ်တရရှိခဲ့တဲ့နေရာလေးတွေကိုပြန်သွားပါ

ချစ်သူတွေချိန်းတွေ့တိုင်း သမားရိုးကျ မုန့်စား၊ ရုပ်ရှင်ကြည့် ဒါတွေပဲလုပ်နေမယ်ဆိုရင် ခံစားချက်တွေရိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့်သင်တို့နှစ်ဦးကြားမှာ အမှတ်တရရှိခဲ့တဲ့နေရာလေးတွေမှာ ပြန်လည်ချိန်းတွေ့ကြည့်ပါ။ ဥပမာ - သင်တို့နှစ်ဦးစတွေ့ခဲ့တဲ့နေရာ၊ သင်ကသင့်ကောင်မလေးကိုဖွင့်ပြောခဲ့တဲ့နေရာ၊ သင့်ကောင်မလေးက သင့်ကိုအဖြေပြန်ပေးခဲ့တဲ့နေရာ စသဖြင့်ပေါ့။ မယုံမရှိပါနဲ့ ရင်ခုန်ခြင်းစည်းချက်နဲ့အတူ နှစ်ဦးစလုံးရဲ့ခံစားချက်တွေ ပြန်လည်ဆန်းသစ်လာပါလိမ့်မယ်။

 

Read More: အသည်းကွဲခြင်းကြောင့်အပြုအမူတွေမမှားယွင်းစေဖို့

 

20 secrets of couples who stay together forever urbane rhythm 600x400

 

အတူတူမလုပ်ဖူးတဲ့အပြုအမူတွေလုပ်ကြည့်ပါ

သင်တို့နှစ်ဦးချိန်းတွေ့တဲ့အခါ အတူတူမလုပ်ဖူးတဲ့အပြုအမူလေးတွေစဉ်းစားကြည့်ပါ။ ရိုမန်တစ်ဆန်တဲ့အပြုအမူလေးတွေဆိုရင်ပိုကောင်းပါတယ်။ ချစ်သူပုခုံးလေးကိုဖက်ပြီး မိုးရေထဲမှာလမ်းလျှောက်တာတို့ (ထီးတော့ဆောင်းပေါ့နော်)၊ သူနဲ့အတူမသွားဖူးတဲ့ ပန်းခြံလေးတွေမှာထိုင်ရင်း စကားစမြည်ပြောတာတို့၊ ကား၊ သင်္ဘော၊ ရထား စတာတွေနဲ့ မြို့ပတ်ပြီးလျှောက်လည်တာတို့ပြုလုပ်ကြည့်ပါ။ ဒီလိုအပြုအမူတွေက သင်တို့နှစ်ဦးကြားက ချစ်စိတ်တွေကို တိုးပွားလာစေနိုင်ပါတယ်။

 

ခရီးအတူထွက်ကြည့်ပါ

ခရီးထွက်ခြင်းဟာ ခံစားချက်အသစ်တွေကိုဖြစ်ပေါ်စေပါတယ်။ ချစ်သူနဲ့အတူတူခရီးသွားခြင်းဖြင့်တစ်ယောက်နဲ့တစ်ယောက်ကြားမှာထားတဲ့ နားလည်မှု၊ ချစ်ခြင်းမေတ္တာ၊ သဘောထားနဲ့ အချစ်စိတ်တွေကို သိရှိနိုင်မှာဖြစ်ပြီး ခံစားချက်အသစ်တွေကိုလည်း ဖြစ်ပေါ်စေနိုင်တာဖြစ်တဲ့အတွက် ခရီးထွက်ခြင်းဟာလည်း သင်တို့ချစ်သူနှစ်ဦးကြားက အချစ်တွေကိုမရိုးသွားစေဖို့ ကူညီပေးပါလိမ့်မယ်။

 

Source – Marry

Read times Last modified on Wednesday, 19 September 2018 11:01
Rate this item
(1 Vote)