ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိပြီဆိုရင်………

ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိပြီဆိုရင်……… google.com

မိမိဘဝကိုကိုယ်ပိုင်အစွမ်းအစနဲ့ရပ်တည်ကျော်ဖြတ်နေတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိနေပြီလား… သင့်ရဲ့ချစ်သူဟာဘဝကိုရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်လား…

 

စိန်ခေါ်မှုတွေများလှတဲ့လောကကြီးမှာဘဝကိုကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ဖြတ်သန်းနေတဲ့ ကောင်မလေးတစ်ယောက်ကိုချစ်သူအဖြစ်ရရှိထားတဲ့ သင့်အတွက်ဒီစာစောင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

 

မိန်းကလေးတစ်ယောက်ဟာဘဝရဲ့အခက်အခဲတွေကိုတစ်ယောက်တည်းကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်လောက်အောင် ရဲရင့်နေပြီဆိုရင်….ကြုံလာတဲ့စိန်ခေါ်မှုတွေတိုင်းကိုအကောင်းဆုံးစိတ်ဓာတ်တွေနဲ့ကျော်လွှားနိုင်ပြီးဆိုရင်

 

မိမိရဲ့အခက်အခဲတွေကိုကိုယ်တိုင်ဖြေရှင်းနိုင်ပြီးကိုယ်တိုင်ရဲ့လိုအပ်ချက်တွေကိုကိုယ်တိုင်ဖြည့်တင်းရင်းဘဝကိုရင်ဆိုင်နေပြီဆိုရင်…. အခင်မင်ဆုံးမိတ်ဆွေတစ်ချို့နဲ့ရင်းနှီးတဲ့ သူနည်းနည်းလောက်နဲ့သာသူမရဲ့ဘဝကို ဝန်းရံထားရှိတတ်တယ်ဆိုရင်…..

 

သူမဟာလူတစ်ယောက်ကိုလွယ်လွယ်ကူကူနဲ့မချစ်တတ်သလိုသလိုချစ်ပြီးသွားရင်လည်းသစ္စာတရားအပြည့်နဲ့တန်ဖိုးထားမှာဖြစ်ပါတယ်။သူမဟာလက်တွဲဖော်ရွေးချယ်တဲ့ နေရာမှာအားကိုးဖို့ဆိုတာထက်ဘဝကိုလက်တွဲလျှောက်လှမ်းဖို့သာစိတ်ကူးမှ

 

ာဖြစ်ပါတယ်။အရာရာကိုကိုယ့်လက်ကိုယ့်ခြေနဲ့စီမံခဲ့တာဖြစ်တဲ့ အတွက်သူမကိုလွှမ်းမိုးချုပ်ကိုင်မယ့်ချစ်သူမျိုးထက်သူမကိုအကြံဉာဏ်ပေးနိုင်မယ့်ချစ်သူမျိုးကိုပဲလက်တွဲမှာဖြစ်ပါတယ်။အခြားကောင်မလေးတွေလိုချစ်သူအပေါ်မှာဆိုးနွဲဂျီကျတာတွေမလုပ်တတ်

 

သလိုခံစားချက်တွေ၊ဝမ်းနည်းမှုတွေကိုသိုဝှက်ထားတတ်ပါတယ်။တစ်ခါတလေမှာနားလည်ခက်တဲ့ သူမရဲ့ချစ်ခြင်း၊ယုံကြည်ခြင်းကိုရဖို့အချိန်ကြာတတ်ပါတယ်။ဒါကြောင့်ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့မိန်းကလေးတစ်ယောက်ကိုချစ်မိနေပီဆိုရင်သင်

 

ဟာသိပ်ကံကောင်းတဲ့သူပါ……

 

Credit;Gandawin Magazine

 

 

Readmore:ကမ္ဘာတစ်ဝှမ်းမှ ကြည့်ရူသူ သန်းချီရှိခဲ့သော တော်ဝင်လက်ထပ်ပွဲ

Read times Last modified on Wednesday, 19 September 2018 10:37
Rate this item
(1 Vote)