မွေးလအလိုက်အသင့်တော်ဆုံးလက်တွဲဖော်ရွေးချယ်နည်း

မွေးလအလိုက်အသင့်တော်ဆုံးလက်တွဲဖော်ရွေးချယ်နည်း google.com

ချစ်သူရွေးကြတဲ့အခါ ကိုယ်တိုင်တွေးထားတဲ့ စံလေးတွေနဲ့ ရွေးချယ်တတ်ကြတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ့်အတွေးထဲက စံတွေက တကယ့်လက်တွေ့ ဘ၀မှာ မကိုက်ညီတာ ၊ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်စိတ်ကြိုက်ကိုပဲ ရွေးတာထက် ကိုယ့်မွေးတဲ့လနဲ့ လိုက်ဖက်တဲ့ ချစ်သူကို ရွေးကြည့်ပါ....

 

 

ဇန်န၀ါရီလဖွားဆိုရင်

 

အလုပ်ကြိုးစားပြီး ရည်မှန်းချက်ကြီးတဲ့သင့်အတွက် အနောက်ကနေ ကူညီထောက်ပံ့မှုပေးနိုင်မယ့် အမျိုးသားကို ရွေးချယ်သင့်ပါတယ်။ ကိုယ့်ရဲ့အလုပ်၊ ရည်မှန်းချက်နဲ့ ပတ်သက်ပြီး မကန့်ကွက်မယ့်သူမျိုး၊ အောင်မြင်မှုကို ဝေမျှလို့ရမယ့်သူမျိုးဟာ ဇန်န၀ါရီလမှာမွေးတဲ့ မိန်းကလေးတွေအတွက် အကောင်းဆုံးလက်တွဲဖော်ဖြစ်မှာပါ။

 

 

ဖေဖော်ဝါရီလဖွားဆိုရင်

 

ရဲရင့်ပြီး ခန့်မှန်းရခက်တဲ့ သင့်လိုမိန်းကလေးမျိုးအတွက် စိတ်ရှည်ပြီး သင့်အကြောင်းကို ထဲထဲဝင်ဝင်သိနိုင်သလို ဂရုစိုက်ပေးမယ့် သူတစ်ယောက်လိုအပ်ပါတယ်။ တခါတလေ တစ်ယောက်တည်း အထီးကျန်ပြီး တိတ်ဆိတ်နေတတ်ပေမယ့် တခါတရံမှာ တက်ကြွရဲရင့်နေတတ်တဲ့သင့်ရဲ့ စရိုက်နှစ်မျိုးလုံးကို လက်ခံမယ့်သူကိုသာ ရွေးချယ်သင့်ပါတယ်။

 

 

မတ်လဖွားဆိုရင်

 

သင်ဟာ အရမ်းကိုချစ်တတ် ၊ ကြင်နာတတ် ၊ ပေးဆပ်တတ်ပြီး သစ္စာရှိတဲ့သူဖြစ်တာကြောင့် သင်နဲ့ထပ်တူပြန်ချစ်တတ်တဲ့သူကိုရမှ အဆင်ပြေမှာပါ။ မဟုတ်ရင် ကိုယ်ချစ်သလောက် သူကမချစ်ဘူးလို့ အမြဲတမ်း ထင်နေတတ်တာကြောင့် ဘာပဲဖြစ်ဖြစ် သင့်ကို အမြဲဦးစားပေးတဲ့သူကို လက်တွဲဖော်အဖြစ် ရွေးသင့်ပါတယ်။

 

 

ဧပြီလဖွားဆိုရင်

 

အေးတိအေးစက် နေတတ်တဲ့ သင့်အကျင့်ကို နားလည်ပေးနိုင်တဲ့ သူမျိုးနဲ့ဆို အဆင်ပြေမှာပါ။ သင်ဟာ ပြင်းထန်တဲ့စိတ်ဓာတ်နဲ့ ခံစားချက်ကို ထုတ်မပြတတ်တဲ့ အကျင့်ရှိတာကြောင့် သင့်ခံစားချက်တွေကို ယုံယုံကြည်ကြည် ဖွင့်ပြောလို့ရမယ့်သူ ၊ သင့်လျှို့ဝှက်ချက်တွေကို ထိန်းသိမ်းပေးထားပြီး သင့်ရဲ့ပုန်းခိုစရာ နေရာလေးလို ခံစားရမယ့်သူနဲ့ လက်တွဲသင့်ပါတယ်။

 

 

မေလဖွားဆိုရင်

 

သင်ဟာ တက်ကြွတယ်၊ အိပ်မက်တွေ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ချင်တဲ့ စိတ်အရမ်းထက်သန်တာ ကြောင့် သင့်လိုပဲ ထက်မြက်တဲ့ အမျိုးသားကို ရွေးချယ်သင့်ပါတယ်။ သင်က မိဘအသိုင်းအ၀ိုင်းရဲ့ အကူအညီ မယူချင်တဲ့သူဖြစ်တာကြောင့် နှစ်ယောက်တည်းဘ၀ တည်ဆောက်ပေးနိုင်တဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်မယ့် သူမျိုးကိုပဲ လက်တွဲသင့်ပါတယ်။

ဒီအရာတွေအတွက် အဆင်သင့်မဖြစ်သေးသရွေ့ Single ဘဝမှာပဲနေလိုက်ပါဦး ...

 

 

ဇွန်လဖွားဆိုရင်

 

သင်က အရမ်းကိုချစ်တတ်ပြီး စိတ်ထိခိုက်လွယ်တာကြောင့် ပွင့်လင်းရိုးသားပြီး လျှို့ဝှက်ချက် မရှိတဲ့သူနဲ့ပဲ သင့်တော်ပါတယ်။ ကိုယ်ကချည်းပဲ အမြဲပေးဆပ်နေရတယ် ဆိုတဲ့အတွေးမျိုး တွေးတတ်တဲ့သူမို့လို့ ဂရုတစိုက် ချစ်တတ်တဲ့ သူမျိုးကိုပဲ ရွေးချယ်သင့်ပါတယ်။

 

 

ဇူလိုင်လဖွားဆိုရင်

 

သင်က ရင်းနှီးဖော်ရွေတယ်၊ ဆိုရှယ်ကျတယ် ၊ အပျော်အပါး လမ်းများချင်တဲ့ မိန်းကလေးမျိုး ဖြစ်တာကြောင့် အဲ့ဒီအရာတွေကို သည်းခံနိုင်တဲ့ ကိုကို မောင်မောင်တွေကို ရွေးချယ်သင့်ပါတယ်။ သင့်ရဲ့အဲ့ဒီအကျင့်တွေကို ဘယ်သူတွေဘယ်လိုပဲမကြိုက်ပေမယ့် အမြဲခွင့်လွှတ်ပြီးချစ်နေမယ့်သူတစ်ယောက်ကတော့ ရှိမှာသေချာလို့ အဲ့လိုလူတွေ့မှ အိမ်ထောင်ပြုပါလို့ ။

 

 

သြဂုတ်လဖွားဆိုရင်

 

သင်က ဗိုလ်ကျချင်စိတ်ရှိသူ၊ တခြားသူတွေ သင်ပြောသမျှ နားထောင်တာ ၊ လက်ခံအားပေးတာကို လိုချင်တဲ့သူဖြစ်တာမို့ သင်ကြားချင်တာတွေထက် သင်သိသင့်တာကိုပဲပြောမယ့် သူမျိုးကို ရွေးချယ်သင့်ပါတယ်။ လူတကာကို အနိုင်ကျင့် ဗိုလ်ကျပြီး ဆိုးတတ်တဲ့ သင့်ကို ထိန်းသိမ်းပေးမယ့်၊ လမ်းမှန်ပြပေးမယ့် ချစ်သူမျိုး လိုအပ်တာပါ။

 

 

စက်တင်ဘာလဖွားဆိုရင်

 

သင်က စပ်စုတတ်တယ်၊ သင်ယူရတာ ကြိုက်တယ်၊ အသစ်တွေကို စမ်းသပ်ချင်တယ်။ ဒါပေမယ့် ရင်ထဲက ခံစားချက်တွေကို ထုတ်ဖော်ပြောပြဖို့ အရမ်းခက်တာကြောင့် သင့်ရဲ့ စိတ်ခံစားချက်တွေကို ဖွင့်ပြောပြလို့ရမယ့် ၊ ထပ်တူနားလည်ပေးမယ့် သူမျိုးကို ရွေးချယ်သင့်ပါတယ်။

 

 

အောက်တိုဘာလဖွားဆိုရင်

 

သင်က သဘောထားကြီးပြီး ချစ်တတ်တယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့ အချစ်ရေးမျိုးမှာလည်း အချိန်ကုန်ခံပေးဆပ်နေတတ်ပြီး ကိုယ့်လောက် ပြန်မချစ်နိုင်တဲ့သူကိုလည်း တကောက်ကောက် လိုက်ဖြည့်ဆည်းပေးဖို့ ၀န်မလေးဘူး။ ဒါကြောင့် သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ကြင်နာနွေးထွေးမှုတွေကို တန်ဖိုးထားမယ့် သူမျိုးကို ရွေးချယ်သင့်ပါတယ်။

 

 

နိုဝင်ဘာလဖွားဆိုရင်

 

သင်က ဖန်တီးနိုင်စွမ်းကောင်းတယ်၊ စိတ်ကူးယဉ်တတ်တယ် ၊ အလုပ်ကြိုးစားပြီး တက်ကြွတယ်။ introvert တစ်ယောက်ဖြစ်နိုင်ချေများလို့ သင့်အနေနဲ့ ချစ်သူရွေးမယ်ဆိုရင် သူနဲ့ရှိနေချိန်မှာ သက်တောင့်သက်သာရှိပြီး အေးချမ်းတဲ့ခံစားမှုကိုဖြစ်စေတဲ့သူမျိုးကိုရွေးပါ။ သင်နဲ့ပတ်သက်သမျှကို အမြဲတမ်းစိတ်ဝင်စားမှုရှိပြီး သင့်ကို ပျော်အောင် စိတ်လှုပ်ရှားအောင် လုပ်ပေးနိုင်တဲ့သူကို လက်တွဲဖော်အဖြစ် ရွေးချယ်ပါ။

 

 

ဒီဇင်ဘာလဖွားဆိုရင်

 

သင်က ပျော်တတ်တယ်၊ ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ဒါကြောင့် သင့်လိုမျိုး ပျော်ပျော်နေတတ်တဲ့ ၊ သဘာဝကို ချစ်မြတ်နိုးတဲ့ ၊ သင့်ကို ရယ်မောပျော်ရွှင်အောင် လုပ်နိုင်တဲ့ သူကို ရွေးချယ်ပါ။ သင်တို့နှစ်ယောက် အတူတူ စွန့်စားရမယ့် ခရီးစဉ်တွေသွားဖြစ်ကြမယ်ဆိုရင်တော့ သင်ရွေးချယ်တဲ့ လက်တွဲဖော်က သင့်အတွက် perfect man ပါပဲ။

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 09:57
Rate this item
(1 Vote)