သမီးရည်းစား နဲ့ အိမ်ထောင်သည် ကွာခြားချက်

သမီးရည်းစား နဲ့ အိမ်ထောင်သည် ကွာခြားချက် google.com

အိမ်ထောင်ပြုတာနဲ့ ရည်းစားထားတာနဲ့ ဆိုတာက TV နဲ့ ကိုယ်နေ့တိုင်းပွတ်နေတဲ့ Smart Phone လိုပဲ ။ မိန်းမယူတယ် ဆိုတာ TV နဲ့ တူတယ် ။ ရည်းစားဘ၀ကတော့ ဖုန်းနဲ့တူပါတယ် ။

TVဟာ အိမ်မှာပဲ ကြည့်ချင်တယ် ။ ဖုန်းကတော့ သွားလေရာ ကိုယ်နဲ့အတူတူပါတယ် ။ အိမ်ထောင်ကျရင် ကိုယ့်ရဲ့ မိန်းမကို အိမ်မှာပဲတွေ့တာ များမယ် ။ TVကြီး မပြီး အပြင် မထွက်ချင် သလို ကိစ္စတော်တော် များများကို ကိုယ့်မိန်းမကို မခေါ်မသွားချင် တော့ဘူး ။ကောင်မလေး ကျတော့ ကိုယ်သွားလေရာ တကောက်ကောက်နဲ့ ။ တခါတလေ TV ကြည့်မယ် ။ ဒါပေမယ့် များသော အားဖြင့်တော့ဖုန်းပဲ ပွတ်မယ် ။

 

အဲဒီ အတိုင်းပဲ အိမ်ထောင်ကျတဲ့အခါ တခါတလေလောက်တော့ ကိုယ်မိန်းမနဲ့ကိုယ် ကြည်နူးပြီး အချစ်နလံထမယ် ။ ဒါပေမယ့် ကောင်မလေးနဲ့ ကျတော့ အမြဲတမ်း ဖုန်းဆက်လို့တမျိုး၊ လူကိုယ်တိုင်တွေ့လို့တမျိုးတသသဖြစ်နေမယ်။TV က ကိုယ်မသေမချင်းအခမဲ့ ကြည့်လို့ရတဲ့ရုပ်သံလိုင်းတွေရှိမယ် ။ ဒါပေမယ့် ဖုန်းကျတော့ ကိုယ်ဘေမထည့်တာနဲ့ဆားဗစ် ပြတ်တောက်သွားလိမ့်မယ် ။အိမ်ထောင်ကျတဲ့ ယောက်ျားတစ်ယောက်ဟာ ပုံမှန်လေး အလုပ်လုပ်နေရုံနဲ့ မိန်းမ တယောက်နဲ့ အတူ တစ်သက်လုံး နေထိုင်သွား နိုင်တယ် ။ လင်မယား မကွဲဘူး ။ ကောင်မလေး ကျတော့ ကိုယ်လက်ဆောင်လေးတွေ ပုံမှန်ဝယ်ပေးနေဖို့ ၊ သတိရကြောင်း ပြောဖို့၊ သူနဲ့ ဟိုဟို ဒီဒီသွားဖို့ ဖုန်းဘေထည့်သလိုပုံမှန်လေး ပိုက်ဆံကုန်နေမှအဆင်ပြေမယ် ။ အဲဒီလိုမဟုတ်ရင် ဆားဗစ် ဖြတ်ခံထိသလို နှစ်ယောက်ပြတ်မယ် ။

 

အိမ်က TV ကြီးဟာ ကြီးတယ် ။ ငြီးငွေ့ဖို့ ကောင်းတယ် ။ ပုံတုံးတယ် ။ တခါတရံ ဖုန်တွေ တက်နေမယ် ။ အဲ မိုဘိုင်းဖုန်းလေး ကျတော့ ဆလင်းလေ ၊ သွယ်လျမယ် ၊ ကြည့်လို့ ကောင်းမယ် ။အိမ်ထောင်သည် မိန်းမ နဲ့ အပျို ဆိုတာလဲ အဲ့ဒီ အတိုင်းပဲကွ ။ TV မှာ ရီမုဒ် ပါတယ် ။ မိုဘိုင်းဖုန်းမှာတော့ မပါဘူးကွ ။ အဲဒီလိုမျိုးပဲ .. ရီမုဒ်နဲ့ ထိန်းချုပ် သလို အိမ်ထောင်မှု တာဝန်တွေဟာကိုယ်တိုင်ထိန်းချုပ်ရလိမ့်မယ် ။သမီးရည်းစား ကျတော့ ကိုယ်လုပ်ချင်မှ လုပ် ၊ မလုပ်လည်း ရတယ် ။ အရေးအကြီးဆုံး အချက်တခုရှိသေးတယ်မိုဘိုင်းဖုန်းဟာ ပြောတာနဲ့ နားထောင်တာ နှစ်မျိုးစလုံး လုပ်လို့ ရတယ် ။ ဒါပေမယ့် TV ဆိုတာမျိုး ကတော့ သူပြောတာချည်း ကိုယ်နားထောင်နေရမယ် ။အိမ်ထောင်ကျရင်လည်း ဒီအတိုင်းပဲကိုယ်မိန်းမစကားကိုချည်း ကိုယ်နားထောင်နေရတော့မှာပါ...........

 

Credit;loveshortnotes

Read times Last modified on Wednesday, 19 September 2018 09:51
Rate this item
(2 votes)