ရင့်ကျက်တဲ့မိန်းကလေးတွေရဲ့အချစ်ရေး

ရင့်ကျက်တဲ့မိန်းကလေးတွေရဲ့အချစ်ရေး google.com

ရင့်ကျက်တဲ့အမျိုးသမီးတွေဟာ….

 

၁။ ချစ်သူပေါ်မှာမဖြစ်နိုင်တဲ့မျှော်လင့်ချက်တွေမထားတတ်ကြဘူး။ ချစ်သူကိုအသိအမှတ်ပြုတယ်။ခံစားချက်တွေကိုလည်းချစ်သူသိအောင်ပွင့်ပွင့်လင်းလင်းပြောဆိုတတ်ကြတယ်။

 

၂။ ချစ်သူကိုအသေးအဖွဲကိစ္စတွေတိုင်းအတွက်ကျေးဇူးတင်စကားဆိုတတ်။အချစ်ရေးကိုသာယာပျော်ရွှင်စေမယ့်အသေးအဖွဲ့ကိစ္စတွေတိုင်းကိုဂရုစိုက်တတ်ကြတယ်။

 

၃။ အချစ်ေရးကြောင့်သူငယ်ချင်းတွေ၊ မိသားစုတွေကိုလျစ်လျူရှုတာမျိုးရှောင်ကြဉ်ကြတယ်။အခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံရေးကိုလည်းအဆင်ပြေအောင်အချိန်ပေးဂရုစိုက်တတ်ကြတယ်။

 

၎။ ငွေကြေးနဲ့ပတ်သက်ပြီးချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်အပေါ်မှာလုံးဝမှီခိုနေတာမျိုးမလုပ်တတ်ဘူး။ ကိုယ်ပိုင်ရပ်တည်ချက်တွေကိုတန်ဖိုးထားပြီးငွေကြေးဆိုင်ရာကိုယ်တိုင်ရဲ့ငွေကြေးဆိုင်ရာလွတ်လပ်မှုကိုကောင်း စွာတည်ဆောက်တတ်ကြတယ်။

 

၅။ အချစ်ေရးကြောင့်ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကိုစွန့်လွတ်ပစ်တာမျိုးကိုရှောင်ကြဉ်ကြတယ်။ အလုပ်အကိုင်နဲ့အချစ်ရေးကိုမျှမျှတတထိန်းချုပ်ပြီးလုပ်ငန်းခွင်ကောအချစ်ရေးကိုပါအောင်ြမင်အောင်တည်ဆောက်နိုင်ကြတယ်။

 

၆။ ချစ်သူရဲ့အားနည်းချက်တွေကိုထောက်ပြပြီးစကားနာထိုးတာမျိုး၊ အတိတ်ကအမှားတွေကိုတူးဆွတာမျိုးတွေမလုပ်တတ်ကြဘူး။ လူတိုင်းမှာအားနည်းချက်တွေရှိတယ်ဆိုတာကိုလက်ခံတဲ့အတွက်ချစ်သူရဲ့ အားနည်းချက်တွေကိုအမှန်အတိုင်းလက်ခံပြီးကောင်းမွန်လာအောင်ကူညီအားပေးတတ်ကြတယ်။

 

 

Credit;Gandawin Magazine

Read times Last modified on Tuesday, 18 September 2018 16:03
Rate this item
(3 votes)
Tagged under