ရည်းစားမရှိတဲ့ FA တွေအတွက်အားပေးစကား

ရည်းစားမရှိတဲ့ FA တွေအတွက်အားပေးစကား google

ရည်းစားမရှိတဲ့ FA တွေအားမငယ်ပါနဲ့၊ဒီအချက်လေးတွေဖတ်ကြည့်ပြီး မိမိကိုယ်ကိုဂုဏ်ယူသွားပါလိမ့်မယ်။

 

(၁) ရည်းစားမရှိတဲ့သူတွေကအချိန်ရှိပိုရှိပါတယ်။မိမိကိုယ်ကိုပိုမိုတိုးတက်အောင်စူးစိုက်ပြီးကြိုးစားလို့ရပါတယ်။မိသားစုတွေ၊သူငယ်ချင်းတွေကို ပိုအချိန်ပေးလို့ရပါတယ်။

 

(အေးအေးဆေးဆေးအိပ်လို့ရပါတယ်။ကြိုက်တဲ့ချိန်အိပ်၊ကြိုက်တဲ့ချိန်ထလို့ရပါတယ်။ရည်းစားရှိတဲ့သူတွေကတော့ပင်ပန်းလို့အိပ်ချင်နေရင်တောင်ကိုယ့်ချစ်သူမအိပ်သေးရင်ဖုန်းပြောတာနားထောင်ပေးရပါတယ်။နားမထောင်ပေးရင်လဲစိတ်ကောက်တတ်ပါသေးတယ်။

 

() Online မှာကြိုက်တဲ့ post ကို like ပေးမလား ၊ react ပေးမလား ၊ cmt ပေးမလား ၊ share မလားမိမိစိတ်ကြိုက်လုပ်လို့ရပါတယ်။ရည်းစားရှိတဲ့သူတွေကတော့မှားပြီး love react ပေးမိရင်တောင် ပြဿနာတက်နိုင်ပါတယ်။

 

(ပိုက်ဆံကုန်တာသက်သာပါတယ်။ရည်းစားရှိတဲ့သူတွေကတော့ ဟို Day ဒီ Day ဆို လက်ဆောင်ပေးရ၊ suprise လုပ်ပေးရနဲ့ပိုက်ဆံကုန်ပါတယ်။ကျွန်တော်တို့လို FA တွေကတော့ဒါတွေလုပ်မပေးရတော့ပိုက်ဆံကုန်သက်သာပါတယ်။စားချင်တာစား၊ဝတ်ချင်တာဝတ်၊သွားချင်တာသွား၊ငမ်းချင်တဲ့ကောင်မလေးကိုငမ်းလို့ရပါတယ်။အဲ့လိုကုန်မယ့်အစား လူကြီးမိဘတွေကို ကန်တော့လိုက်ရင် ကုသိုလ်တောင်ရပါသေးတယ်။

 

ဒီအချက်တွေက FA တွေအတွက်ကောင်းတဲ့အချက်တွေပါ။FA ဖြစ်နေလို့အားမငယ်ပါနဲ့။ ဒီစာကိုဖတ်ပြီးဂုဏ်ယူလိုက်ပါ။

 

Myanmar Wedding Guide

Read times Last modified on Thursday, 07 February 2019 17:05
Rate this item
(0 votes)
Tagged under