အိမ်သူသက်ထားကို ပျော်ရွှင်စေမယ့်နည်းလမ်းကောင်းလေးများ

အိမ်သူသက်ထားကို ပျော်ရွှင်စေမယ့်နည်းလမ်းကောင်းလေးများ google

အမျိုးသားတွေက အမြဲတမ်းပဲသူတို့ရဲ့အမျိုးသမီးကိုစွဲဆောင်ထားစေနိုင်ဖို့အလိုရှိတတ်ကြပါတယ်။

ချစ်စရာကောင်းတဲ့ဇနီးချောလေးပျော်ရွှင်ပြီး အိမ်ထောင်ရေးအမြဲတမ်းသာယာနေစေဖို့ ဒီအချက်လေးတွေ မဖြစ်မနေလုပ်ကြည့်သင့်ပါတယ်။

 

သူမဘက်ကအမြဲတမ်းရှိပါ

6

တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ဘက်မှာအမြဲတမ်းရှိနေတယ်ဆိုတဲ့အသိလောက် ကျေနပ်စရာကောင်းတာမရှိပါဘူး။ သင့်ပါတနာရဲ့အကြီးစား fan တစ်ဦးဖြစ်တယ်ဆိုတာသူမကိုအသိပေးပါ။ ဒါကို ရိုးရှင်းလွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ သူမရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး သင်ဘယ်လောက်သဘောကျကြောင်း ၊ ဘယ်လောက်အထင်ကြီးကြောင်းပြောပြပေးရုံပါပဲ။

 

ဝါသနာကိုအားပေးပါ

1
သင်ကထိုက်သင့်တဲ့ အကြံဥာဏ်တစ်ချို့ပေးခဲ့ရင်တောင်လက်မခံနိုင်ဘူးဆိုရင်တော့ သူမမှာသေချာတဲ့ဝါသနာတစ်ခုရှိနေလို့ပါ။ ဒါကြောင့် သူမရဲ့ဝါသနာကိုအားပေးလက်ခံလိုက်တာအကောင်းဆုံးပါပဲ။ သင့်ရဲ့စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေကိုခဏဘေးချိတ်လိုက်ပြီး သူမဝါသနာကိုလိုက်ပါ အကြံပေးလိုက်မယ်ဆိုရင် သူမလည်းပိုပျော်ရွှင်နိုင်မှာပါ။

 

 

ချစ်ခင်ယုယပါ

2
ဒီထက်အံ့သြဖွယ်ကောင်းပြီး ထိရောက်တဲ့နည်းလမ်းမရှိတော့ပါဘူး။ သင့်ရဲ့အချစ်တွေနဲ့သူမအပေါ်ထားတဲ့စေတနာတွေကို သူမ သိနိုင်တဲ့နည်းလမ်းတွေနဲ့ပြသပေးပါ။ သူမအတွက် မနက်စာပြင်ဆင်ပေးတတ်တဲ့ သင့်ရဲ့ ဒီအပြုအမူမျိုးတွေကြောင့် သူမအနေနဲ့တစ်ယောက်တည်းရှိချိန်မှာလည်း ပြန်လည်သတိရ ခံစားနေမိမှာပါ။

 

အရာရာဟာသူမအတွက်လို့သိပါစေ

7
နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာ သင်လုပ်နေသမျှအရာအားလုံးဟာ သူမအတွက်ပဲဖြစ်တယ်လို့ သိနေပါစေ။ ညဘက်မှာ သူမနဲ့ချိန်းဆိုပြီး အသစ်အဆန်းတွေရှာဖွေပြသတာမျိုး၊ သူမအတွက်နှစ်သက်တာတွေကို အမှတ်ရ ဝယ်ပေးတတ်တာမျိုးလိုအပ်ပါတယ်။ ဒီအပြုအမူတွေဟာ သူမစိတ်ရဲ့အနက်ရှိုင်းဆုံးတစ်နေရာကို ရိုက်ခတ်စေပါတယ်။

 


သင့်ရဲ့ရူပါကိုလန်းအောင်ပြင်ဆင်ပြီးအံ့သြသွားပါစေ

handsome min
အမျိုးသမီးတွေက အကြွားလေးလဲသန်ချင်ကြပါသေးတယ်။ သင့်ရဲ့သပ်ရပ်ခန့်ညားတဲ့အသွင်အပြင်ဟာ သူမအနေနဲ့ လူကြားထဲချပြချင်စရာဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်သက်ကလေးရလာတဲ့အခါမျိုးမှာ ဒီလို ရင်ခုန်လှုပ်ရှားမှုမျိုးတွေကလည်းလိုအပ်ပါတယ်။ သင်ဘယ်လောက်ဆွဲဆောင်မှုရှိကြောင်း သူမကိုပေးသိလိုက်ပါ။

 

Source : Trend

Myanmar Wedding Guide

Read times Last modified on Tuesday, 19 March 2019 17:01
Rate this item
(1 Vote)
Tagged under