ကိုယ့် ထက်အသက်ကြီးတဲ့  မမတွေကိုမှ အမျိုးသားတွေ တမ်းတမ်းစွဲဖြစ်စေတဲ့ အချက်များ

ကိုယ့် ထက်အသက်ကြီးတဲ့  မမတွေကိုမှ အမျိုးသားတွေ တမ်းတမ်းစွဲဖြစ်စေတဲ့ အချက်များ google

လူအများစုက ချစ်သူစုံတွဲမှာ အမျိုးသားဟာ အမျိုးသမီးထက် အသက်ပိုကြီးသင့် တယ်လို့ 

အများအားဖြင့် ပြောကြပါတယ်။အမျိုးသမီးတွေကတော့  ကိုယ်ထက်ငယ်ရွယ်တဲ့ အမျိုးသားနဲ့ ချစ်ကြိုက် နေတာကို ပတ်ဝန်းကျင်ကလက်ခံလေ့ မရှိကြပါဘူး။အခုဆိုရင် လူသားတွေဟာ အသိအမြင်လည်း ပွင့်လင်းပြီး သဘောသဘာဝတွေလည်း ပြောင်းလာတာကြောင့်  အသက်အရွယ်က အဓိကမဟုတ်ဖူးဆိုတာ သိမြင်လာကြပါတယ်။

 

ဘ၀အကြောင်းသိမြင်တက်သူ

အသက်အရွယ်ကြီးလာတဲ့ အခါမှာ ဘ၀အတွေ့ အကြုံ တွေက ပိုများလာပါတယ်၊၊အမျိုးသားတွေအနေနဲ့  ကိုယ့် ထက်အသက်ကြီးတဲ့  အမျိုးသမီးဆီမှာ အကြောင်းအရာများစွာသင်ယူဖို့ ရှိလာကြပါတယ်။အမျိုးသမီးတွေဟာ တစ်ခါတစ်လေ အမျိုးသားတစ်ယောက်က သူကိုယ်တိုင်တောင် မမြင်နိုင်တဲ့  အားသာချက် အားနည်းချက်တွေကို မြင်အောင် ကူညိပေးနိုင်ပါတယ်။

 

ရင့်ကျက်မှုရှိတယ်

မမတွေဟာ သူတို့ ဘ၀တစ်လျှောက်မှာ အဆိုးရော အကောင်းရောပါ ရင်ဆိုင်ဖြတ်သန်းလာကြသူတွေဖြစ်ပါတယ်။အဲ့ လိုပြောလို့  သူတို့ ရဲ့  RS တစ်ခုတည်ဆောက်ရတာ ပျင်းစရာကောင်းသလားဆိုတော့ မဟုတ်ပြန်ပါဘူး။လူကိုဘယ်လိုပြောအောင်ထားမလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါတယ်။မမတွေနဲ့ စကားပြောဆက်ဆံရတာ ပွင့်လင်းတဲ့ အပြင် အထနကောက်မလွယ်တာကြောင့်  အမျိုးသားတွေဟာ မမတွေဆို တော်ရုံလက်မလွှတ်နိုင်ကြတာသိမြင်ရပါတယ်။

 

ကိုယ်ပိုင်ယုံကြည်ချက်ရှိသူ

အတွေ့ အကြုံတွေလည်း ထိုက်သင့် သလောက်ရှိပီး ကိုယ့် ကိုကိုယ်လည်း ယုံကြည်မှုသရဖူဆောင်းထားတဲ့ မမတွေဟာ အမျိုးသားတွေကို သံလိုက်သဖွယ်ဆွဲဆောင်စေတက်ပါတယ်။စိတ်ချမ်းသာမှုနှင့်  သူတစ်ပါးရဲ့ အမြင်တွေ ဝေဖန်ချက်တွေနဲ့ လည်း မလဲပါဘူး။

ဒီလိုအချက်လေးတွေရှိတဲ့ မမတွေကိုပိုင်ဆိုင်ထားတဲ့ သူတွေအတွက်စိတ်ချမ်းသာမှုတွေရရှိတာပေါ့ နော်....

 

Myanmar Wedding Guide

Read times Last modified on Friday, 03 May 2019 16:23
Rate this item
(1 Vote)
Tagged under