ယောင်္ကျားလေးတွေက ရုပ်လှတဲ့ သူထက် ဒီလိုပုံစံမျိုးလေးတွေကို ပိုချစ်ကြတယ်

ယောင်္ကျားလေးတွေက ရုပ်လှတဲ့ သူထက် ဒီလိုပုံစံမျိုးလေးတွေကို ပိုချစ်ကြတယ် google

ရုပ်အလှဟာ မိန်းကလေးတစ်ယောက်အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်သလို၊

ယောကျာင်္းလေးတွေကိုအင်မတန်ဆွဲဆောင်နိုင်တာလည်း အမှန်ပါပဲ။ ယောင်္ကျားလေးတွေဟာ ရုပ်လှတဲ့ မိန်းကလေးတွေထက် ဒီလို အကျင့်လေးတွေရှိတဲ့ မိန်းကလေးတွေကို ပိုချစ်ကြပါတယ်။

 

(၁)ကိုယ်ပိုင်အရည်အချင်း တစ်ခုခုနဲ့ အောင်မြင်နေတဲ့ မိန်းကလေးမျိုးကို ယောက်ျားလေးတွေက အထူးချစ်ခင်နှစ်သက်ကြပါတယ်။ အချစ်ရေးမှာရော၊ ဘဝရည်မှန်းချက်မှာပါ လစ်ဟာမှုမရှိလို့ပါပဲနော်။

 

(၂) ယောင်္ကျားလေးတွေဟာ ရင်ကြီး၊ တင်ကြီးတဲ့ မိန်းကလေးတွေကို အထူးကြိုက်ကြတာကတော့ အားလုံးအသိပဲဖြစ်မှာပါ။

 

(၃)ဆာ့ကစားတတ်တဲ့ မိန်းကလေးတွေ၊ တစ်ခါတလေ ဗရုတ်ကျသူ၊ ပျော်ပျော်ရွင်ရွင် နေတက်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက ချစ်ကြပါတယ်။ ပေါတောတောနေတဲ့ သူအများစုကို ပိုသဘောကျကြပါသေးတယ်။

 

(၄) မေတ္တာနဲ့ပြည့်ဝပြီး စာနာစိတ်ရှိတဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက ချစ်ကြပါတယ်။ သူတို့လိုအပ်နေတဲ့ အချိန်မှာလည်း အားပေးမှု အပြည့်ပေးမယ်လို့ ယုံကြည်ကြလို့ပါ။ နောက်ပြီး နားလည်မှု အပြည်အ၀ပေးနိုင်တဲ့ သူကိုလဲ ချစ်ကြပါသေးတယ်။

 

(၅)အမှားတစ်ခုခု လုပ်မိတဲ့ အခါတွေမှာ တောင်းပန်စကား ဆိုတတ်တဲ့ မိန်းကလေးတွေကို ယောင်္ကျားလေးတွေက ချစ်တက် ကြပါတယ်။ အမြဲတမ်း ကိုယ်ကိုယ်ကို မှန်တယ်လို့ ထင်နေတဲ့ မိန်းကလေးတွေက သူတို့အတွက် စိတ်ညစ်စရာအလွန်ကောင်းပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Monday, 06 May 2019 17:28
Rate this item
(2 votes)
Tagged under