အနစ်နာခံပြီးချစ်တက်တဲ့ ယောကျာင်္းတွေရဲ့  အပြုမူများ

အနစ်နာခံပြီးချစ်တက်တဲ့ ယောကျာင်္းတွေရဲ့  အပြုမူများ google

ယောက်ျားလေးတွေကို သူတို့အရမ်းချစ်ပြီးဆိုရင် ကြောက်စရာကောင်းလောက်အောင်ချစ်တတ်ကြပါတယ်။ သူတို့ချစ်တဲ့မိန်းကလေးက ဘယ်လိုအခြေအနေမှာပဲရှိနေရှိနေ အရမ်းချစ်ကြတယ်။

သင့်ချစ်သူကလည်း သင်ဘယ်လိုပဲဖြစ်နေဖြစ်နေ အရမ်းအနစ်နာခံပြီးချစ်တယ်ဆိုရင် ဒီလိုအချက်တွေနဲ့ကိုက်ညီနေမှာပါ။

 

 အတိတ်က ကိစ္စတွေကိုခွင့်လွှတ်ပေးတယ်

အရမ်းအနစ်နားခံပြီး သင်အပေါ် အရမ်းချစ်တယ်ဆိုရင် သင်ရဲ့အတိတ်မှာ ဘာတွေပဲဖြစ်နေခဲ့ပါစေ အရာအားလုံးကို ခွင့်လွတ်ပေးတတ်ပါတယ်။ သင်ဘ၀နဲ့ချီပြီး မှားခဲ့တဲ့အမှားတွေရှိခဲ့တဲ့အတိတ်ကို ခွင့်လွတ်ပေးတတ်တယ်။ သင်ဘယ်လိုအခြေအနေကိုရောက်နေခဲ့ပါစေ သင့်လက်ကိုတွဲနေတတ်ပါတယ်။ ဒီလိုချစ်သူကို ပိုင်ဆိုင်ထားရတဲ့သင်ဟာ အရမ်းကံကောင်းနေပါပြီ။

 

 စိတ်ညစ်စရာမရှိ အမြဲပျော်အောင်ထားတယ်

အတိတ်တွေရှိခဲ့တဲ့သင်ကို စိတ်ညစ်စရာမရှိ အမြဲပျော်အောင်ထားတယ်။ သနားတဲ့စိတ်ကြောင့်မဟုတ်ပါဘူး။ သင်ကို နှလုံးသားထဲကနေ စူးနစ်နေအောင်ချစ်လို့ပါ။ သင်မျက်နှာကို တချက် မညိုးသွားရလေအောင် စိတ်ချမ်းသာအောင်ထားပေးတယ်။ အတိတ်ကိုတောင် ခွင့်လွတ်ပေးခဲ့တဲ့အပြင် သင်ကိုစိတ်ချမ်းသာအောင်ပါထားပါတယ်။

 

သင့်အတွက် အမြဲတွေးပေးတယ်

သူစိတ်ထဲမှာ သင်ကို အမြဲတွေးပေးတယ်။ သူအတွေး၊ စိတ်ကူးထဲမှာ သင်အမြဲရှိနေတတ်တယ်။ သင့်အတွက် လိုလေသေးမရှိ လုပ်ပေးဖို့ကို အမြဲတွေးနေတတ်သလို သင်ပျော်အောင် အမြဲ surprise တွေကိုလည်း လုပ်ပေးတတ်ပါသေးတယ်။ သင်ကိုအမြဲတွေးနေတယ်ဆိုကတည်းက သင်ကိုအရမ်းချစ်နေလို့ပါ။

သင်အနားအမြဲရှိနေတတ်တယ်

သင်ဘယ်လို အခက်အခဲတွေပဲရှိရှိ သင်ဘေးနားမှာ အမြဲရှိနေပြီး သင်မျက်နှာမှ အပြုံးတွေဝေနေအောင်လည်း လုပ်ပေးတတ်တယ်။ သင့်ဘေးနားမှာ အေးအတူ ပူအမျှ အမြဲရှိနေတတ်တယ်။ သူဘယ်သွားသွား သင်ကိုခေါ်သွားတတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်အနားမှာ အမြဲရှိချင်နေလို့ပါ။

 

င်ဟာ သူရဲ့ဘုရင်မပါ

 

သင်ကို ဘုရင်မတစ်ယောက်လို ခံစားရအောင် စိတ်ချမ်းသာအောင်ထားတတ်တယ်။ သူရဲ့ဘုရင်မဖြစ်တဲ့သင်ကို အမြဲဂရုစိုက်တတ်တယ်။ သင်ဖြစ်ချင်တာကို အမြဲဦးစားပေးတတ်တယ်။ သူအတွက် ဘုရင်မဖြစ်တဲ့ သင်ရဲ့စိတ်ကြိုက်အတိုင်း နေပေးပါ။ သူရဲ့ သင်မကြိုက်တဲ့အရာတွေကို ပြုပြင်ပေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ သင်ဟာ သူဘ၀ကိုချယ်လှယ်နိုင်တဲ့ တစ်ဦးတည်းသော ဘုရင်မဖြစ်လို့ပါပဲ။

 

 

Crd : Aunty May

 

 

Myanmar Wedding Guide

Read times
Rate this item
(2 votes)
Tagged under