မွေးလအလိုက်သင်တို့ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်

မွေးလအလိုက်သင်တို့ရဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ် google

မွေးလအလိုက်သင်တို့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။

 

 

January လတွင်မွေးဖွားသူများ


January လမှာမွေးဖွားတဲ့သူတွေဟာ အစွဲလမ်းကြီးသလို အနစ်နာခံပြီးလည်းချစ်တတ်ကြပါတယ်။


သစ္စာတရားကြီးမားတဲ့သူတွေပေါ့။ရိုးသားဖြောင့်မတ် မှန်ကန်သူများဖြစ်ကြသည်


အချစ်ကြီးသလို မေတ္တာရေးကိစ္စတွေမှာလည်းလေးနက်တဲ့သူတွေဖြစ်ပါတယ်။

 

အမြင်ကျယ်ကြပြီး လွတ်လပ်မှုကို မြတ်နိုးကြသူတွေပါဘဲ။


အသိဥာဏ်ကြွယ်ဝသလို ဝေဖန်ပိုင်းခြားနိုင်စွမ်းအားလည်းရှိကြပါတယ်။


ခေါင်းဆောင်နိုင်စွမ်းရှိပြီး သြဇာ တိက္ကမနဲ့လည်းပြည့်စုံတဲ့သူတွေပါ။


လူတွေက သင့်ခေါင်းဆောင်မှုနောက်ကိုလိုက်ပါဖို့ ဝန်မလေးကြပါဘူး။


ငွေကြေးကိုလည်း သေချာစီမံပြီးမှသုံးစွဲတတ်တဲ့သူတွေပါ


အစွဲအလမ်းကြီးသလို ဒါမှဒါဆိုပြီးခေါင်းမာတတ်ကြပါတယ်။


ဘယ်အရာကိုဘဲဖြစ်ဖြစ်အလေးအနက်ထားတတ်ကြလို့ ကြီးပွားတတ်ကြပါတယ်။


ကြံ့ခိုင်မှုရှိပြီး၊ လေ့လာသင်ယူရတာတွေကိုသဘောကျနှစ်သက်ကျပါတယ်။


စမတ်ကျတဲ့အပြင် သပ်သပ်ရပ်ရပ်လည်းနေထိုင်တတ်သူတွေပါ။


သစ္စာရှိမှုကိုမြတ်နိုးသလို သူ့ကိုလည်းတခြားသူတွေထက်ပိုချစ်ပေးနိုင်ရပါလိမ့်မယ်။


ကလေးချစ်တတ်ကြပြီး လူမှုဆက်ဆံရေးကောင်းကြတဲ့အတွက် လူချစ်လူခင်ပေါသူတွေပါ။

 

 

February လတွင်မွေးဖွားသူများ


February လမှာမွေးဖွားသူတွေဟာ တည်တည်ငြိမ်ငြိမ်နှင့် အေးအေးဆေးဆေးနေတတ်သူများ ဖြစ်ကြသည်။


အလွန်နားလည်ခွင့်လွှတ်တတ်သော ကိုယ်ချင်းစာတရားရှိကြသူများဖြစ်သည်။


အေးလွန်းတဲ့သူများဖြစ်၍ မချစ်တတ်သူ၊ မေတ္တာတရားမရှိသူ ရေခဲတုံးများဟု အထင်ခံကြရသည်။


အရှက်အကြောက်ကြီးသူများဖြစ်သည်။


ဝမ်းနည်းဝမ်းသာမှုများကိုလည်း မျှဝေခံစားတတ်သူဖြစ်တယ်။


သင့်ဘဝမှာ အချစ်အတွက် အချိန်တော်တော်များ များကို မြုပ်နှံထားပါတယ်။


တခြားသူတွေအတွက် ပျော်ရွှင်စရာတွေကို သယ်ဆောင်လာပေးတတ်ကြပါတတယ်။


အပြောင်းအလဲမြန်သလို လက်တွေ့အရမ်းဆန်ပါတယ်။


အနုပညာခံစားမှုရှိသလို ဆွဲဆောင်မှုလည်းရှိကြပါတယ်။


ဉာဏ် ရည်ထက်မြက်ပြီး အရည်အချင်းရှိတယ်။


အတွင်းစိတ်မှာစိတ်ကူးယဉ်ဆန်သလောက် အပြင်မှာ လက်တွေ့ကျသူဖြစ်ပါတယ်။

 

 

March လတွင်မွေးဖွားသူများ


March လမှာမွေးဖွားသူတွေဟာ သံယောဇဉ်ကြီးမားသူများဖြစ်ကြပါတယ်။


အချော့ကြိုက် အပျော့ကြိုက်သူများလည်းဖြစ်သည်။


မိသားစု၊သူငယ်ချင်း၊ မိတ်ဆွေတွေအပေါ်မှာ အရမ်းတွယ်တာတတ်ကြသည်။


သစ္စားတရားကြီးမားသူများဖြစ်ပြီး မိမိရဲ့စကားတစ်ခွန်းကို တန်ဖိုးထား တာဝန်ယူတတ်သူများဖြစ်ကြသည်။

 

အခွင့်အရေးကောင်းတွေကိုလည်း အမြဲတမ်းမနားတမ်းရှာဖွေတတ်သူဖြစ်ပါတယ်။


ငွေကြေးကတော့ရှာနိုင်သလောက်ကို ငွေသုံးလည်းကြမ်းပါလိမ့်မယ်။


ကလေးဆန်ဆန်နေတတ်တာကိုက သင့်ကိုလူတွေချစ်ခင်ရခြင်း အကြောင်းရင်းပါဘဲ။


ဒါ့အပြင် သင်က ဆွဲဆောင်မှုရှိတယ်။ ချစ်ခင်ကြင်နာတတ်တယ်။


မိမိအတွက်ဝမ်းနည်းခံစားစရာကိစ္စတွေရှိနေရင်လည်း တစ်ယောက်တည်းကြိတ်မှိတ်ခံစားနေတတ်ပါတယ်။


အရှက် အကြောက်ကြီးပြီး သီးသန့်နေတတ်တယ်။


သိုသိုသိပ်သိပ်နေတတ်တဲ့အပြင် ငြိမ်းချမ်းရေးကို မြတ်နိုးကြသူတွေပါဘဲ။ အခြားသူတွေအတွက်တော့ ယုံကြည်စိတ်ချထိုက်သူတွေဖြစ်ပါတယ်။

 

 

 

 

Source - အဂ္ဂမင်း 

 

Myanmar Wedding Guide 

 

 

Wedding banner design 03 1

Read times
Rate this item
(0 votes)
Tagged under