မိန်းကလေးများရှောင်သင့်သောယောက်ျားအမျိုးအစားများ

မိန်းကလေးများရှောင်သင့်သောယောက်ျားအမျိုးအစားများ google

ဒီလိုယောက်ျားမျိုးကို တစ်ဘဝလုံးလက်တွဲမယ်ဆိုရင်တော့ အရမ်းကိုကံဆိုးတဲ့မိန်းကလေးဖြစ်နေမှာပါနော်။

 

(၁) အလိုမပြည့်သောယောက်ျား

 

ဘယ်လောက်ပဲကောင်းအောင်လုပ်ပေးပေးကျေးဇူးတရားကိုမသိ၊

 

အဆိုးအပြစ်သာမြင်တတ်ပြောတတ်သောယောက်ျား၊ အဖျက်သဘောရှိသောယောက်ျား၊

 

(၂) ယောက်ျားမွဲ

 

ဘယ်လောက်ပဲချစ်ချစ် စီးပွားရေးအသိတရားမရှိဘူးဆိုရင်အိမ်ထောင်ရေးက

 

ရေမရှိတဲ့အိုင်မှာနေရတဲ့ငါးလိုပဲပူလောင်ခြောက်သွေ့လွန်းပါတယ်။

 

(၃) ယောက်ျားနာ

 

ယူပြီးတဲ့အချိန်ကစလို့ ရောဂါအကြီးအသေးပေါင်းစုံ၊ ပိုးမွေးသလိုမွေးနေရမယ်၊

 

ကုလိုက်ရတဲ့ဆေး၊ ရှိသမျှစည်းစိမ်ပြောင်၊ တိုးတက်ရာလမ်းမမြင်ဆုတ်ယုတ်ရန်သာရှိတဲ့ယောက်ျား။

 

<<< Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။ >>>

 

(၄) အရက်သမား

 

အရက်​​သေစာ၊ယခု​ခေတ်​​တော့မူးယစ်​​ဆေး​သောက်​စား မူးယစ်​တတ်​တဲ့​ယောက်ျားမိတ်​​ကောင်း​ဆွေ​ကောင်းမရှိ၊


ဂုဏ်​သိက္ခာကင်းမဲ့၊ ​ကျော်​​စောမှုနတ္ထိ၊စီးပွားဥစ္စာပျက်​ပြား။

 

ကိုယ့်​လက်​ထဲ​ရောက်​မှ ပြု ပြင်​ပါ့မယ်​၊ကိုယ်​ကိုင်​တွယ်​ပါ့မယ်​လို့မ​တွေးနဲ့။

 

ကတိ​တွေအထပ်​ထပ်​​ပေးလည်းမယုံလိုက်​​လေနဲ့။လျှာမှာ အရိုးမရှိ။အလကား ​ခွေးမြီး​ကောက်​ ကျည်​​တောက်​စွပ်​ပဲ။


(၅) လူရမ်းကား

 

ထစ်​ခနဲရှိ ဆဲ​ရေး၊ ​ပေးစား၊ အိုးခွက်​ပန်းကန်​မကျန်​ကုန်​​အောင်​ ရိုက်​ခွဲ။ ​ခြေပါလက်​ပါ ရမ်းကား။


ယူမိရင်​မျက်​ရည်​နဲ့ဒူးနဲ့ဝမ်းဆက်​ဖြစ်​လိမ့်​မယ်

 

(၆) ယောက်ျားဖျင်း

 

အစစအရာရာမိန်းမကသာဦး​ဆောင်​ရတယ်​။အစပိုင်း​တော့ မိုက်​တယ်​။ချစ်​လို့ပဲ ဦးစား​ပေးသ​ယောင်​​ယောင်​၊


သာယာစရာလိုလို ဘာလိုလို။ကိုယ်​ပိုင်​ရပ်​တည်​ချက်​မရှိ။ကိုယ်​ပိုင်​အစွမ်းအစ မရှိ။နွားများလို သူများခိုင်းတာ


နားစွင့်​ပြီးလုပ်​တတ်​တဲ့​ယောက်ျား။လင်​ရုပ်​​သေး ​ဝေး​ဝေးက​သာ​ရှောင်​။

 

(၇) ယောက်ျားအို

 

အိုတဲ့​ယောက်ျား ၊သူများအတွက်​​ရော၊မိန်းမအတွက်​​ရောဘယ်​​နေရာများအသုံးတဲ့တာရှိသတုန်း။

 

သဝန်​တိုတတ်​တာ နှစ်​​ယောက်​မရှိ။သူမစွမ်းတာ သူသိတိုင်းလူတစ်​ကာနဲ့​ပေးစား။စိတ်​ကိုမီးလိုပူ​စေတဲ့​ယောက်ျား ။

 

Myanmar Wedding Guide

 

3

Read times
Rate this item
(0 votes)
Tagged under