ကြာသပတေး၊ သောကြာ၊ စနေသားသမီးများအတွက် ၂၀၁၉နိုဝင်ဘာလအတွက်တစ်လစာအထူးဟောစာတမ်း

ကြာသပတေး၊ သောကြာ၊ စနေသားသမီးများအတွက် ၂၀၁၉နိုဝင်ဘာလအတွက်တစ်လစာအထူးဟောစာတမ်း google

ကြာသပတေးသားသမီးများအတွက်

မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအဝင်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။

အဖိုးတန်စက်ပစ္စည်များဝင်မည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။

ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။

အကြီးအကဲ ကောင်းရနိုင်၏။လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။

အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဝန်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။

သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။

ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။

ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။

စိုးရိမ်စရာ မရှိပါ။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။

နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အား စံပယ်ပန်း (၈) ကုံး လှူဒါန်း၍ လိုရာ ဆုတောင်းပါ။ ဆရာသမားကဲ့သို့ သော သူအား ပေါက်စီ ဒါနပြုပါ။

 

သောကြာသားသမီးများအတွက်

ဤကာလအတွင်း ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။

အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။

လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ဝင်လာမည်။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။

မြေအ ဝင်မခံရပါ။ မြေဝင်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။

အိမ်သို့ အတောင်ပါသော သတ္တဝါများ ဝင်လာတတ်သည်။ ဝင်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ဝင်လာတတ်သည်။

ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။

ဘုရားဖူးခရီး သွားရတတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ဇာတာရှင်သည် ယောကျ်ားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။

အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ဝင်တတ်သည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။

အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။

အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ ပေါ်လာလိမ့်မည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

စေတီတော် တစ်ဆူဆူသို့ သွားရောက်၍ တနင်္ဂနွေထောင့်တွင် မီးသက်စေ့ ပူဇော်ပါလေ။ မုန့်လုံးရေပေါ် သက်စေ့ လှူပါ။

 

စနေသားသမီးများအတွက်

ဤကာလမျိူးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။

ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။

အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။

အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။

ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။

ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။

စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။အလှူအတန်းကိစ္စများ မုချလုပ်ရမည်။

ငွေအစုလိုက် အပုံလိုက် ဝင်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ဝင်လာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနာအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။

မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက်မျက်ရတနာများ ဝင်မည်။

ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။

ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည် အပျက် အဟောင်း မဝယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။

ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

စေတီတော် တစ်ဆူဆူသို့ သွားရောက်၍ ထီးဖြူ အကြီးတစ်လက်နှင့် ထီးဖြူ အသေး သက်စေ့ တနင်္လာထောင့်တွင် လှူပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

ကာသပေတးသားသမီးမ်ားအတြက္

ေျမကိစၥ၊ အေမြကိစၥမ်ား အဆင္ေျပမည္။ ေငြရွာရလြယ္ျခင္း ေငြအဝင္အထြက္ ၾကမ္းျခင္းမ်ား ႀကဳံလိမ့္မည္။ မိတ္ေဆြေကာင္း ဆရာေကာင္မ်ား ေတြ႕မည္။

အဖိုးတန္စက္ပစၥည္မ်ားဝင္မည္။ စီးပြားသိသိသာသာ တက္မည္။ သိၾကားမ လိုက္သကဲ့သို႔ လက္ရွိအေျခအေနထက္ မ်ားစြာျမင့္တက္သြားလိမ့္မည္။

ယခုလသည္ မိဘကို ေကာင္းစြာျပဳစုေစာင့္ေရွာက္ႏိုင္မည့္အခ်ိန္ ျဖစ္သည္။ လုပ္ငန္းမ်ား သိသိသာသာ ေအာင္ျမင္မူရမည္။

ဘုရားဖူးခရီးမ်ား စိတ္ခ်မ္းသာစရာခရီးမ်ား ျပည္တြင္းျပည္ပခရီးမ်ား သြားတတ္သည္။

အႀကီးအကဲ ေကာင္းရႏိုင္၏။လုပ္ငန္သစ္မ်ား စတင္ျပဳ လုပ္ႏိုင္ေသာ ကာလ၊ လုပ္ငန္းေဟာင္းမ်ား ျပန္ေပၚတတ္သည္။

အိမ္ေထာင္ရွိသူဆိုလွ်င္ အိမ္ေထာင္ဖက္ စိတ္ညစ္ရတတ္သည္။ ဝန္ထမ္းျဖစ္လွ်င္ ရာထူးတက္ျခင္း အေျခအေန အဆင့္အတန္း ျမင့္တက္ျခင္းမ်ားႀကဳံမည္။

သင္တန္းတစ္ခု တက္ရျခင္း ပညာေကာင္း ရျခင္းမ်ား ႀကဳံမည္။ စပ္တူရွယ္ယာလုပ္ငန္းမ်ား ေပၚလိမ့္မည္။ လုပ္လွ်င္ေအာင္ျမင္မည္။

ကိုယ္ပိုင္လုပ္ငန္းျဖစ္ေစ၊ ဝန္ထမ္းျဖစ္ေစ ႀကီးပြားတိုးတက္ေအာင္ျမင္မည့္ကလာ ျဖစ္ပါသည္။ ရပ္ေဝးမွစာမ်ား အဆက္အသြယ္မ်ား ရလာမည္။

ရန္မ်ားျခင္း စကားမ်ားေျဖရွင္းရျခင္း ရင္ႏွီးသူမ်ား လုပ္ေဖာ္ကိုင္ဘက္မ်ားႏွင့္ အဆင္မေျပလမ္းခြဲရျခင္းမ်ား ႀကဳံမည္။

အထူးသတိျပဳရန္ အလုပ္တြင္ အတိုက္အခံ အနည္းငယ္ႀကဳံရတတ္သည္။ အမႈအခင္း ႐ုံျပင္ကႏၷားႏွင့္ ပတ္သက္ရတတ္သည္။

စိုးရိမ္စရာ မရွိပါ။ ေဆြမ်ိဳးသားခ်င္းမ်ား က်န္းမာေရး အသည္းအသန္ ျဖစ္တတ္သည္။ လာမည့္ ေမြးလ ေမြးရက္အထိ အသုဘပို႔ျခင္း မျပဳပါႏွင့္ အထူးသတိျပဳပါ။

ႏွလုံးႏွင့္ ပတ္သက္၍ က်န္းမာေရးညံ့ျခင္း။ ေလႏွင့္ ပတ္သက္၍ က်န္းမာေရးညံ့ျခင္း ဒူး နား ဒုကၡေပးျခင္းမ်ား ႀကဳံရတတ္သည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါ ယၾတာမ်ား ကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။

 ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္အား စံပယ္ပန္း (၈) ကုံး လႉဒါန္း၍ လိုရာ ဆုေတာင္းပါ။ ဆရာသမားကဲ့သို႔ ေသာ သူအား ေပါက္စီ ဒါနျပဳပါ။

ေသာၾကာသားသမီးမ်ားအတြက္

ဤကာလအတြင္း ထီေပါက္သကဲ့သို႔ ေငြမ်ားဝင္တတ္သည္။ မိသားစု အႀကီးအကဲ လုပ္ငန္းအႀကီးအကဲ တို႔ေၾကာင့္ စိတ္ညစ္ရတတ္သည္။

အထူးသျဖင့္ ဖခင္ က်န္းမာေရး ညံ့တတ္သည္။အလုပ္တြင္ အတိုက္အခံ အၿပိဳင္အဆိုင္ ႀကီးစြာႀကဳံမည္။ အတိုက္အခံမွန္သမွ် အႏိုင္ရမည္။

လက္ဝတ္ရတနာမ်ား ေက်ာက္ျပဳတ္ထြက္ျခင္း ေပ်ာက္ျခင္း၊ ျဖစ္တတ္သည္။ ဘုရာဆင္းတုေတာ္ စြယ္ေတာ္ ရဟႏၲာပုံေတာ္မ်ား ႂကြလာတတ္သည္။

 ေ႐ႊႏွင့္ အဖိုးတန္ ရတနာပစၥည္းမ်ား ဝင္လာမည္။ ပညာေရးႏွင့္ ပတ္သက္ေသာပစၥည္း လႉဒါန္းပါ။ ေျမကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။

ေျမအ ဝင္မခံရပါ။ ေျမဝင္လွ်င္ ၾကာသပေတးနံ ထုတ္ပစ္ပါ။ အထူးသတိျပဳရန္ မိတ္ေဆြရင္း လုပ္ေဖာ္ကိုင္ဘက္တို႔က ဒုကၡေပးတတ္သည္။

အိမ္သို႔ အေတာင္ပါေသာ သတၱဝါမ်ား ဝင္လာတတ္သည္။ ဝင္လွ်င္ နိမိတ္ေကာင္းသည္။ သြပ္ သံ သစ္ စေသာ ေသာၾကာနံပစၥည္းမ်ား ဝင္လာတတ္သည္။

ကြဲကြာေနေသာ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ ျပန္ဆုံမည္။ ရပ္ေဝးမွ ေဆြမ်ိဳးသားခ်င္းမ်ား ေရာက္လာတတ္သည္။ ခရီးအက်ိဳးေပးေသာ ကာလျဖစ္ပါသည္။

ဘုရားဖူးခရီး သြားရတတ္သည္။ သူခိုး၊ မ်က္ေစ့ အက်ခံရတတ္ေသာ ကာလျဖစ္၍ သူခိုး အခိုးခံရတတ္ေၾကာင္း သတိျပဳပါေလ။

ဇာတာရွင္သည္ ေယာက်္ားျဖစ္ပါက အိမ္ေထာက္က်လွ်င္ ေကာင္းပါသည္။ မဂၤလာေဆာင္လွ်င္ စည္ကားေသာ မဂၤလာေဆာင္ျဖစ္မည္။

အိမ္ေထာင္ပရိေဘာဂ အိမ္သုံးပစၥည္း ဝင္တတ္သည္။ လုပ္ငန္းႏွင့္ ပတ္သက္၍ နာမည္ေကာင္းရျခင္း ေနရာေကာင္းရျခင္း၊ လုပ္ငန္းတိုးခ်ဲ႕ရျခင္းမ်ား လုပ္ရတတ္သည္။

အိမ္ေထာင္မရွိသူမ်ား အိမ္ေထာင္က်တတ္ေသာ ကာလျဖစ္သည္။ အလုပ္ေနရာ၊ အိမ္ေနရာ ျပင္ဆင္မြမ္းမံရျခင္း ေျပာင္းေ႐ႊ႕ရျခင္း လုပ္ရတတ္သည္။

အိမ္သစ္ေဆာက္လွ်င္ ေကာင္းအခ်ိန္ ျဖစ္သည္။ လုပ္ငန္းအသစ္ေပၚျခင္း (သို႔မဟုတ္) လက္ရွိအလုပ္ႏွင့္ ပတ္သက္၍ အဆက္အသြယ္သစ္မ်ား ေပၚလာလိမ့္မည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ။

ေစတီေတာ္ တစ္ဆူဆူသို႔ သြားေရာက္၍ တနဂၤေႏြေထာင့္တြင္ မီးသက္ေစ့ ပူေဇာ္ပါေလ။ မုန႔္လုံးေရေပၚ သက္ေစ့ လႉပါ။

စေနသားသမီးမ်ားအတြက္

ဤကာလမ်ိဴးး၌ သာမန္အေျခအေနမ်ိဳးမွေန၍ စီးပြားအရွိန္အဟုန္ ႏွင့္တက္ကာ လက္ရွိအေျခအေနထက္ အဆေပါင္းမ်ား စီးပြားတက္လိမ့္မည္။

ေဆြမ်ိဳးသားခ်င္းမ်ားကို ေကာင္းစြာ အကူအညီ ေပးႏိုင္လိမ့္ မည္။ လက္ရွိအလုပ္အကိုင္ကို စိတ္မဝင္စားျခင္း၊ အလုပ္ေျပာင္းလိုစိတ္မ်ား ႀကဳံလာတတ္သည္။

အိမ္ေထာင္ရွင္မ်ား အိမ္ေထာင္ေရးအတြက္ ေသာကေရာက္ရေသာ ကာလျဖစ္သည္။ အထက္လူႀကီး၊ မိသားစု ႀကီးကဲသူမ်ားေၾကာင့္ စိတ္ညစ္ရမည္။

အတူေနမိသားစုထဲမွ အႀကီးအကဲ အဘိုး အဘြားမ်ားအေရးျဖစ္တတ္သည္။လူမ်ိဳးျခား၊ ႏိုင္ငံျခားႏွင့္ ပတ္သက္ေသာ ကိစၥမ်ား အက်ိဳးေပး ေအာင္ျမင္မည္။

ခရီးမ်ားမၾကာခဏ ထြက္ရတတ္သည္။ ထိုခရီးမ်ားသည္လည္း အက်ိဳးေပး ေအာင္ျမင္လိမ့္မည္။

ဝန္ထမ္းဆိုလွ်င္ ရာထူးတက္ျခင္းအေျခအေန ျမင္တတ္ျခင္း ႀကဳံရလိမ့္မည္။ ခိုင္မာေသာ စီးပြားေရးလုပ္ငန္းမ်ား တည္ေဆာက္ထားပါ။

ရရွိေသာ အေႂကြးမ်ားကို ယခုကာလတြင္ ႀကိဳတင္စုေဆာင္းထားပါ။ သို႔မဟုတ္ပါက ဆုံးတတ္သည္။

ပညာေရးကိစၥမ်ား သင္တန္းကိစၥမ်ားကို အေၾကာင္းျပဳ၍ စိတ္ညစ္ရတတ္သည္။

စာ႐ြက္စာတမ္း စာခ်ဳပ္ကိစၥ မ်ားအတြက္စိတ္ညစ္ရျခင္း၊ ပစ္စာ တိုင္စာ ေရာက္ျခင္းမ်ား ႀကဳံရတတ္သည္။အလႉအတန္းကိစၥမ်ား မုခ်လုပ္ရမည္။

ေငြအစုလိုက္ အပုံလိုက္ ဝင္လာလိမ့္မည္။ မိမိ၏ အလုပ္မွလည္းေကာင္း၊ ထီေပါက္၍လည္းေကာင္း ဝင္လာတတ္သည္။

အိမ္ဝယ္ႏိုင္ေသာ္ လည္း အိမ္အနာအဆာ မလြတ္၊ အိမ္ဧည့္သည္မျပတ္၊ အိမ္ေဆာက္လွ်င္ တန္းလန္းျဖစ္တတ္သည္။

မိမိလုပ္ငန္းမ်ားကို အင္ႏွင့္ အားႏွင့္ တိုးခ်ဲ႕လုပ္ကိုင္သင့္ေသာ္လည္း ျဖတ္လမ္းမလိုက္ရန္ သတိေပးလိုပါသည္။

မိမိအား ျပႆနာလုပ္ေနသူမ်ား ရွိလွ်င္ အဆင္ေျပသြားမည္။ မသင့္ျမတ္သူမ်ားႏွင့္ ျပန္လည္သင့္ျမတ္သြားမည္။ အဖိုးတန္ေက်ာက္မ်က္ရတနာမ်ား ဝင္မည္။

ေ႐ႊထြက္ျခင္း၊ ေ႐ႊအတြက္ ေျပာဆိုေျဖရွင္းရျခင္းမ်ား ႀကဳံရတတ္သည္။ အဂၤါနံ စိန္၊ စက္ပစၥည္း ထြက္တတ္သည္။

ေ႐ႊထည္ဝယ္လွ်င္ အသစ္မ်ားသာ ဝယ္သင့္သည္ အပ်က္ အေဟာင္း မဝယ္သင့္ပါ။

အထူးသတိျပဳရန္ ေအာက္လက္ငယ္သား သားသမီး ထြက္သြားျခင္း၊၎တို႔အတြက္ ေသာကေရာက္ရျခင္းမ်ား ႀကဳံ ရတတ္သည္။

ဆီးေရာဂါ၊ မ်က္စိေရာဂါမ်ား ဒုကၡေပးျခင္း၊ အစားမွားျခင္း၊ ေဆးမွားျခင္းမ်ား ႀကဳံရတတ္သည္။

ဤကာလအတြင္း ေကာင္းက်ိဳးခ်မ္းသာမ်ား ပိုမိုရရွိလာေစရန္ႏွင့္ အညံ့အခိုက္မ်ား သက္သာေျပေပ်ာက္ေစရန္ ေအာက္ပါယၾတာမ်ားကို ဂ႐ုစိုက္ျပဳလုပ္ပါေလ

ေစတီေတာ္ တစ္ဆူဆူသို႔ သြားေရာက္၍ ထီးျဖဴ အႀကီးတစ္လက္ႏွင့္ ထီးျဖဴ အေသး သက္ေစ့ တနလၤာေထာင့္တြင္ လႉပါ။

Myanmar Wedding Guide

jjjj

Read times Last modified on Wednesday, 26 February 2020 16:36
Rate this item
(0 votes)
Tagged under