တစုံတယောက်ကို ရူးရူးမူးမူးချစ်မိတဲ့အခါ မှားတတ်တဲ့အမှားများ...

တစုံတယောက်ကို ရူးရူးမူးမူးချစ်မိတဲ့အခါ မှားတတ်တဲ့အမှားများ... google

တစုံတယောက်ကို ရူးရူးမူးမူးချစ်မိတဲ့အခါ လူတွေဟာ အမှားအမှန်ကို ခွဲခြားသိမြင်နိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်တတ်ပါတယ်။

 

အရမ်းကြီးလွန်းတဲ့ အမှားတွေကို လုပ်တာမျိုး မဟုတ်ပေမယ့် အချစ်တခုတည်းအတွက်နဲ့ တခြားသော တန်ဖိုးရှိတဲ့ အရာတွေကို လက်လွှတ်မိတတ်ကြပါတယ်။

 

ဒီအမှားတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

 

(၁) သူငယ်ချင်းအပေါင်းအသင်းတွေကို မေ့လျော့ကုန်တယ်။

 

ချစ်သူရည်းစား မရခင်တည်းက ကိုယ်နဲ့မခွဲ တတွဲတွဲရှိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေကို ရည်းစားလည်းရရော လျစ်လျှူရှုမေ့လျော့ထားမိတတ်ကြပါတယ်။

 

ကိုယ့်ရည်းစားနဲ့ပဲ တချိန်လုံးအတူတူရှိနေပြီး သူငယ်ချင်းတွေကိုတော့ ပစ်ပယ်ထားတာမျိုးဟာ နောင်တစ်ချိန်မှာ နောင်တရနေရမယ့် အရာတခုပါ။

 

(၂) မျက်စိစုံမှိတ်ယုံတာ

 

အရူးအမူးချစ်မိတဲ့အခါ လူတိုင်းဟာ အမှန်ကို မမြင်နိုင်တော့ပါဘူး။ ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော လူတယောက်ကို မျက်စိစုံမှိတ်ယုံကြည်ဖို့တော့ မသင့်ပါဘူး။

 

လူတိုင်းဟာ လိမ်ညာမှုနဲ့ကင်းသူတွေ မဟုတ်တာကိုတော့ ဘယ်လောက်ပဲချစ်နေနေ ကိုယ့်ကိုယ်ကို သတိပေးသင့်ပါတယ်။

 

(၃) ကိုယ်လုပ်ချင်တဲ့ ရည်မှန်းချက်တွေကိုပါ မေ့ပစ်လိုက်တာ

 

သူရှိနေပြီပဲ၊ သူကငါ့အနာဂတ်ပဲ ဆိုပြီး ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို လက်လျှော့ပြီး မေ့ပစ်လိုက်တာမျိုးတွေဟာလည်း ကြီးမားတဲ့ အမှားတခုပါ။

 

ဘယ်လောက်ပဲ ချစ်ပါတယ်ပြောပြော၊ ကိုယ်လုပ်ချင်တဲ့ ရည်မှန်းချက်တွေကို လက်လျှော့ပစ်ရလောက်တဲ့အထိတော့ မရူးမိုက်သင့်တာကို ပြန်လည်ဆင်ခြင်သင့်ပါတယ်။

 

(၄) ချစ်သူရည်းစားအပေါ် မှီခိုလွန်းတာ

 

သူမှမရှိတော့ရင် ကိုယ့်ဘဝကြီးက အဓိပ္ပါယ်မရှိတော့ဘူး၊ တယောက်တည်း ရှင်သန်ရပ်တည်နိုင်စွမ်း မရှိတော့ဘူးဆိုတဲ့အထိ မှီခိုလွန်းခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ပျောက်ဆုံးစေနိုင်သလို ကိုယ်ပိုင်အစွမ်းအစတွေကိုလည်း ချိုးဖျက်ပစ်ရာ ရောက်နေပါတယ်။

 

မှီခိုတာက မှီခိုလို့ရပေမယ့် လိုတာထက်ပိုပြီး မှီခိုလွန်းတာကတော့ ကိုယ့်ရပ်တည်မှုပါ ကြာရင် ပျောက်ဆုံးသွားနိုင်ပါတယ်။

 

Calcifer

 

Zawgyi ျဖင့္ဖတ္ရန္...

 

တစံုတေယာက္ကို ရူးရူးမူးမူးခ်စ္မိတဲ့အခါ လူေတြဟာ အမွားအမွန္ကို ခြဲျခားသိျမင္ႏိုင္စြမ္း မရိွေတာ့တဲ့အထိ ျဖစ္တတ္ပါတယ္။

အရမ္းၾကီးလြန္းတဲ့ အမွားေတြကို လုပ္တာမ်ိဳး မဟုတ္ေပမယ့္ အခ်စ္တခုတည္းအတြက္နဲ႔ တျခားေသာ တန္ဖိုးရိွတဲ့ အရာေတြကို လက္လႊတ္မိတတ္ၾကပါတယ္။

ဒီအမွားေတြကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

(၁) သူငယ္ခ်င္းအေပါင္းအသင္းေတြကို ေမ့ေလ်ာ့ကုန္တယ္။

ခ်စ္သူရည္းစား မရခင္တည္းက ကိုယ္နဲ႔မခြဲ တတြဲတြဲရိွခဲ့တဲ့ အရင္းႏွီးဆံုး သူငယ္ခ်င္းေတြကို ရည္းစားလည္းရေရာ လ်စ္လွ်ဴရႈေမ့ေလ်ာ့ထားမိတတ္ၾကပါတယ္။

ကိုယ့္ရည္းစားနဲ႔ပဲ တခ်ိန္လံုးအတူတူရိွေနၿပီး သူငယ္ခ်င္းေတြကိုေတာ့ ပစ္ပယ္ထားတာမ်ိဳးဟာ ေနာင္တစ္ခ်ိန္မွာ ေနာင္တရေနရမယ့္ အရာတခုပါ။

(၂) မ်က္စိစံုမိွတ္ယံုတာ

အရူးအမူးခ်စ္မိတဲ့အခါ လူတိုင္းဟာ အမွန္ကို မျမင္ႏိုင္ေတာ့ပါဘူး။ ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ လူတေယာက္ကို မ်က္စိစံုမိွတ္ယံုၾကည္ဖို႔ေတာ့ မသင့္ပါဘူး။

လူတိုင္းဟာ လိမ္ညာမႈနဲ႔ကင္းသူေတြ မဟုတ္တာကိုေတာ့ ဘယ္ေလာက္ပဲခ်စ္ေနေန ကိုယ့္ကိုယ္ကို သတိေပးသင့္ပါတယ္။

(၃) ကိုယ္လုပ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကိုပါ ေမ့ပစ္လိုက္တာ

သူရိွေနၿပီပဲ၊ သူကငါ့အနာဂတ္ပဲ ဆိုၿပီး ကိုယ္လုပ္ခ်င္တာ၊ ကုိယ္ျဖစ္ခ်င္တာေတြကို လက္ေလွ်ာ့ၿပီး ေမ့ပစ္လိုက္တာမ်ိဳးေတြဟာလည္း ၾကီးမားတဲ့ အမွားတခုပါ။

ဘယ္ေလာက္ပဲ ခ်စ္ပါတယ္ေျပာေျပာ၊ ကိုယ္လုပ္ခ်င္တဲ့ ရည္မွန္းခ်က္ေတြကို လက္ေလွ်ာ့ပစ္ရေလာက္တဲ့အထိေတာ့ မရူးမိုက္သင့္တာကို ျပန္လည္ဆင္ျခင္သင့္ပါတယ္။

(၄) ခ်စ္သူရည္းစားအေပၚ မီွခိုလြန္းတာ

သူမွမရိွေတာ့ရင္ ကိုယ့္ဘဝၾကီးက အဓိပၸါယ္မရွိေတာ့ဘူး၊ တေယာက္တည္း ရွင္သန္ရပ္တည္ႏုိင္စြမ္း မရိွေတာ့ဘူးဆိုတဲ့အထိ မီွခိုလြန္းျခင္းဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ေပ်ာက္ဆံုးေစႏုိင္သလို ကိုယ္ပိုင္အစြမ္းအစေတြကိုလည္း ခ်ိဳးဖ်က္ပစ္ရာ ေရာက္ေနပါတယ္။

 

မွီခိုတာက မီွခိုလို႔ရေပမယ့္ လိုတာထက္ပိုၿပီး မီွခိုလြန္းတာကေတာ့ ကိုယ့္ရပ္တည္မႈပါ ၾကာရင္ ေပ်ာက္ဆံုးသြားႏိုင္ပါတယ္။

Calcifer

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 13 February 2020 16:35
Rate this item
(1 Vote)
Tagged under