ကိုယ့်ကိုအလေးမထားတဲ့ချစ်သူကိုမေ့ထားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအချိန်ပေးမလဲ။

ကိုယ့်ကိုအလေးမထားတဲ့ချစ်သူကိုမေ့ထားပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအချိန်ပေးမလဲ။ google

ချစ်သူတွေဖြစ်ခဲ့ကြတာကတော့ နှစ်ဦးသဘောတူပါပဲ၊ ဒါပေမယ့် ချစ်သူသက်တမ်းလည်းကြာလာရော ကိုယ်ကပဲတစ်ဖက်သတ်အရမ်းတွေချစ်ပြီး၊အရမ်းတွေဂရုစိုက်နေရပြီး

 

သူ့ဘက်က အဖက်မလုပ်တော့သလိုလို၊ ဂရုမစိုက်ချင်သလိုလို၊ ကိုယ်နဲ့တွဲနေရတာ စိတ်မဝင်စားသလိုလိုတွေလုပ်ပြနေပြီး၊ အဆင်မပြေ၊ မနွေးထွေးတော့တဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုရင် အဲ့ဒီအချစ်ရေးက ဘယ်လိုမှ ပျော်စရာကောင်းမှာမဟုတ်ပါဘူး။

 

အဲ့ဒီလိုအခြေအနေဖြစ်နေလို့ ကိုယ့်ဘက်က အဆင်ပြေအောင်အမျိုးမျိုးကြိုးစားပြီး အလျှော့ပေးပေမယ့် အဆင်မပြေလာဘူးဆိုရင်တော့ ဆက်ပြီးအောက်ကျို့မနေဘဲ ဒီလိုနည်းလမ်းတွေသုံးပြီး ပြန်ချေလိုက်ပါ။

 

(၁) ကိုယ့်အတွက်တကယ့်လိုအပ်ချက်ကိုသိအောင်လုပ်ပါ

 

လူတွေရဲ့စိတ်ခံစားချက်က မရတာကိုမှလိုချင်ကြတဲ့သဘောရှိပါတယ်။ သင့်အနေနဲ့ ချစ်သူက ဂရုမစိုက်ဘူးဆိုရင် သူ့ရဲ့ဂရုစိုက်မှုကိုရဖို့အတွက်ပဲ စိတ်ထဲမှာ ဖြစ်နေမှာပါ။

 

ဒီတော့ အဲ့ဒီစိတ်ကို တခြားဘက်ကိုအာရုံပြောင်းဖို့လိုပါတယ်။ ဒီတော့ အချစ်ရေးမဟုတ်ဘဲ တခြားလိုအပ်ချက်တွေအကြောင်းစဉ်းစားကြည့်လိုက်ပါ။

 

(၂) တိုက်ရိုက်ဆွေးနွေးပါ

 

အသံတိတ်ဆန္ဒပြနေတာမျိုးက ကိုယ်လိုချင်တာရဖို့ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ နှစ်ယောက်အဆင်ပြေဖို့ ကိုယ့်ဘက်ကနည်းမျိုးစုံနဲ့ ကြိုးစားလို့မှ အဆင်မပြေရင် ဒီအကြောင်းနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေးဖို့လိုနေပါပြီ။

 

(၃) ကိုယ်စိတ်ဝင်စားတာတွေပိုလုပ်ပါ

 

လူတစ်ယောက်အတွက် ကိုယ့်ရဲ့အချိန်တွေအများကြီးပေးထားခဲ့ပြီးပေမယ့် သူ့ဘက်ကကိုယ့်အပေါ်မလေးနက်ဘူး၊

 

စိတ်မဝင်စားဘူးဆိုရင် ကိုယ့်ဘက်ကလည်း ကိုယ့်အချိန်တွေကို သူတစ်ယောက်တည်းအတွက်အကုန်ခံနေဖို့ မတန်တော့ပါဘူး။ ဒီတော့ သူ့အတွက်ပေးထားတဲ့အချိန်တွေကို ကိုယ့်အတွက်ပဲပြန်ပေးပြီး ကိုယ်စိတ်ဝင်စားတာတွေကိုပဲလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

 

(၄) ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိအောင်လုပ်ပါ

 

ဘယ်သူမဆို ကိုယ်ချစ်တဲ့သူဆီက ဂရုစိုက်မှုကိုလိုချင်တာချည်းပါပဲ။ ဒါပေမယ့် မရခဲ့ရင်လည်း အရမ်းကြီးကြေကွဲခံစားမနေသင့်ပါဘူး။

 

ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာအောင်ကြိုးစားပြီး တစ်ယောက်ယောက်ဂရုစိုက်မှုကိုမရလည်း ဘာမှမဖြစ်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါ။

 

(၅) ဒီအတိုင်းလွှတ်ထားပေးလိုက်ပါ

 

တစ်ယောက်ကတစ်ယောက်ကိုဂရုစိုက်တယ်ဆိုတာ လုပ်ယူလို့လည်းမရသလို၊ တောင်းဆိုလို့လည်း မရပါဘူး။ စိတ်ထဲကပါမှ အဆင်ပြေတဲ့ကိစ္စမျိုးပါ။

 

တကယ်လို့ ကိုယ့်ဘက်ကတောင်းဆိုလို့ ဂရုစိုက်ပေးတယ်ဆိုရင်လည်း ခဏတဖြုတ်ပဲဖြစ်မှာပါ။ ဒါကြောင့် ကိုယ့်ကိုဂရုစိုက်ပေးဖို့ အတင်းသွားပြီးမတောင်းဆိုဘဲ ဒီတိုင်းလေးပဲ လွှတ်ထားပေးလိုက်ပြီး ကိုယ့်ကိုယ်ကိုသာဂရုစိုက်လိုက်ပါ။

 

Source: MAY THAZINHTOO

 

Zawgyi ျဖင့္ဖတ္ရန္... 

 

ခ်စ္သူေတြျဖစ္ခဲ့ၾကတာကေတာ့ နွစ္ဦးသေဘာတူပါပဲ၊ ဒါေပမယ့္ ခ်စ္သူသက္တမ္းလည္းၾကာလာေရာ ကိုယ္ကပဲတစ္ဖက္သတ္အရမ္းေတြခ်စ္ျပီး၊အရမ္းေတြဂရုစိုက္ေနရျပီး

 

သူ႕ဘက္က အဖက္မလုပ္ေတာ့သလိုလို၊ ဂရုမစိုက္ခ်င္သလိုလို၊ ကိုယ္နဲ႕တြဲေနရတာ စိတ္မ၀င္စားသလိုလိုေတြလုပ္ျပေနျပီး၊ အဆင္မေျပ၊ မေႏြးေထြးေတာ့တဲ့အေျခအေနမ်ိဳးျဖစ္ေနတယ္ဆိုရင္ အဲ့ဒီအခ်စ္ေရးက ဘယ္လိုမွ ေပ်ာ္စရာေကာင္းမွာမဟုတ္ပါဘူး။

 

အဲ့ဒီလိုအေျခအေနျဖစ္ေနလို႕ ကိုယ့္ဘက္က အဆင္ေျပေအာင္အမ်ိဳးမ်ိဳးၾကိဳးစားျပီး အေလွ်ာ့ေပးေပမယ့္ အဆင္မေျပလာဘူးဆိုရင္ေတာ့ ဆက္ျပီးေအာက္က်ိဳ႕မေနဘဲ ဒီလိုနည္းလမ္းေတြသံုးျပီး ျပန္ေခ်လိုက္ပါ။

 

(၁) ကိုယ့္အတြက္တကယ့္လိုအပ္ခ်က္ကိုသိေအာင္လုပ္ပါ

 

လူေတြရဲ႕စိတ္ခံစားခ်က္က မရတာကိုမွလိုခ်င္ၾကတဲ့သေဘာရွိပါတယ္။ သင့္အေနနဲ႕ ခ်စ္သူက ဂရုမစိုက္ဘူးဆိုရင္ သူ႕ရဲ႕ဂရုစိုက္မႈကိုရဖို႕အတြက္ပဲ စိတ္ထဲမွာ ျဖစ္ေနမွာပါ။

 

 

ဒီေတာ့ အဲ့ဒီစိတ္ကို တျခားဘက္ကိုအာရံုေျပာင္းဖို႕လိုပါတယ္။ ဒီေတာ့ အခ်စ္ေရးမဟုတ္ဘဲ တျခားလိုအပ္ခ်က္ေတြအေၾကာင္းစဥ္းစားၾကည့္လိုက္ပါ။

 

save1

 

(၂) တိုက္ရိုက္ေဆြးေႏြးပါ

 

အသံတိတ္ဆႏၵျပေနတာမ်ိဳးက ကိုယ္လိုခ်င္တာရဖို႕ ေကာင္းမြန္တဲ့နည္းလမ္းတစ္ခုမဟုတ္ပါဘူး။ နွစ္ေယာက္အဆင္ေျပဖုိ႕ ကိုယ့္ဘက္ကနည္းမ်ိဳးစံုနဲ႕ ၾကိဳးစားလို႕မွ အဆင္မေျပရင္ ဒီအေၾကာင္းနဲ႕ပတ္သက္လို႕ တိုက္ရိုက္ေဆြးေႏြးဖို႕လိုေနပါျပီ။

 

(၃) ကိုယ္စိတ္၀င္စားတာေတြပိုလုပ္ပါ

 

လူတစ္ေယာက္အတြက္ ကိုယ့္ရဲ႕အခ်ိန္ေတြအမ်ားၾကီးေပးထားခဲ့ျပီးေပမယ့္ သူ႕ဘက္ကကိုယ့္အေပၚမေလးနက္ဘူး၊

 

စိတ္မ၀င္စားဘူးဆိုရင္ ကိုယ့္ဘက္ကလည္း ကိုယ့္အခ်ိန္ေတြကို သူတစ္ေယာက္တည္းအတြက္အကုန္ခံေနဖို႕ မတန္ေတာ့ပါဘူး။ ဒီေတာ့ သူ႕အတြက္ေပးထားတဲ့အခ်ိန္ေတြကို ကိုယ့္အတြက္ပဲျပန္ေပးျပီး ကိုယ္စိတ္၀င္စားတာေတြကိုပဲလုပ္ဖို႕ တိုက္တြန္းခ်င္ပါတယ္။

 

(၄) ကိုယ့္ကိုယ္ကိုယံုၾကည္မႈပိုရွိေအာင္လုပ္ပါ

 

ဘယ္သူမဆို ကိုယ္ခ်စ္တဲ့သူဆီက ဂရုစိုက္မႈကိုလိုခ်င္တာခ်ည္းပါပဲ။ ဒါေပမယ့္ မရခဲ့ရင္လည္း အရမ္းၾကီးေၾကကြဲခံစားမေနသင့္ပါဘူး။

 

ကိုယ့္ကိုယ္ကိုယံုၾကည္မႈပိုရွိလာေအာင္ၾကိဳးစားျပီး တစ္ေယာက္ေယာက္ဂရုစိုက္မႈကိုမရလည္း ဘာမွမျဖစ္တဲ့သူတစ္ေယာက္ျဖစ္ေအာင္ေနပါ။

 

save2

 

(၅) ဒီအတိုင္းလႊတ္ထားေပးလိုက္ပါ

 

တစ္ေယာက္ကတစ္ေယာက္ကိုဂရုစိုက္တယ္ဆိုတာ လုပ္ယူလို႕လည္းမရသလို၊ ေတာင္းဆိုလို႕လည္း မရပါဘူး။ စိတ္ထဲကပါမွ အဆင္ေျပတဲ့ကိစၥမ်ိဳးပါ။

 

တကယ္လို႕ ကိုယ့္ဘက္ကေတာင္းဆိုလို႕ ဂရုစိုက္ေပးတယ္ဆိုရင္လည္း ခဏတျဖဳတ္ပဲျဖစ္မွာပါ။ ဒါေၾကာင့္ ကိုယ့္ကိုဂရုစိုက္ေပးဖို႕ အတင္းသြားျပီးမေတာင္းဆိုဘဲ ဒီတိုင္းေလးပဲ လႊတ္ထားေပးလိုက္ျပီး ကိုယ့္ကိုယ္ကိုသာဂရုစိုက္လိုက္ပါ။

 

Source: MAY THAZINHTOO

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 13 February 2020 16:25
Rate this item
(1 Vote)
Tagged under