ကောင်လေးတွေနားမလည်တဲ့ ကောင်မလေးတွေနဲ့ပတ်သက်တဲ့အချက်များ - ၂

ကောင်လေးတွေနားမလည်တဲ့ ကောင်မလေးတွေနဲ့ပတ်သက်တဲ့အချက်များ - ၂ google.com

ကိုယ့်အပေါ်မှာ ကိုယ့်ချစ်သူ ကောင်လေးက ကိုယ့်ကိုနားလည်မပေးနိုင်တဲ့

အချက်ဆိုတာ အတွဲတိုင်းမှာ ရှိနေတတ်ပါတယ်။

 

တချို့စုံတွဲတွေအတွက် ကိုယ့်ကောင်မလေးအပေါ် နားလည်ပေးပေမယ့် တချို့စုံတွဲတွေကျတော့ ကိုယ့်ကောင်မလေးကို နားလည်မှုအပြည့်အ၀ မပေးနိုင်ကြပါဘူး။

 

နင် ဘာလို့ဒါတွေလုပ်တာလဲ၊ လိုအပ်လို့လား ဆိုတာမျိုးတွေနဲ့ ပြဿနာ မကြာခဏ တက်နေပြီဆိုရင်တော့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ လိုအပ်နေပါပြီ။

 

ကိုယ့် ကောင်လေးကို ဘယ်လို အရောင်ဝယ်ရမလဲ၊ ဘယ်လို အရောင်မျိုးနဲ့ဆို ကိုယ်နဲ့လိုက်သလဲ ဆိုတာမျိုးတွေ အကြံဥာဏ်တောင်းတဲ့အခါ သူတို့နားမလည်တာက အရင်အရောင်ကို မကြိုက်တော့ဘူးလား ဆိုတာပါပဲ ပြောကြတာများပါတယ်။

 

အမှန်တော့ မိန်းကလေးတွေက ကိုယ့်ရည်းစားရဲ့ အကြံဥာဏ်ကို လိုချင်တာပါ။ အပြစ်တင်ခံချင်တာမျိုး မဟုတ်ပါဘူး။

 

ကိုယ့်ကောင်လေးက ကိုယ့်ကို ဘာ့ကြောင့် အလှကုန်ပစ္စည်းတွေ ၀ယ်မဆုံးဖြစ်နေသလဲဆိုပြီး ကိုယ့်ကိုအပြစ်တင်လာခဲ့ရင် ဘယ်နေရာအတွက်က ဘာသုံးရတယ်ဆိုတာကို တစ်ချက်ချင်း ရှင်းပြလိုက်ပါ။

 

အဲဒီလိုမဟုတ်ဘဲ မိန်းကလေးကိစ္စ ရှင်တို့ဘယ်သိမလဲလို့ဆိုပြီး မပြောလိုက်ပါနဲ့၊ သူစိတ်ဆိုးသွားပါလိမ့်မယ်။

 

ကိုယ့်ချစ်သူ ကောင်လေးက အားကစားလုပ်တော့မယ့်ကိစ္စမျိုးကို အခုလည်းလှနေတာပဲ ဘာအတွက်ထပ်ပြီး အားကစားလုပ်ဦးမှာလဲလို့ ပြောခဲ့မယ်ဆိုရင်လည်း ကိုယ်က ပြုံးပြုံးလေးပြန်ဖြေပေးပါ။

 

ကိုယ့်ချစ်သူအတွက် လှပြီးရင်း လှနေတဲ့ မိန်းကလေး ဖြစ်ချင်လို့ပါလို့သာ ပြောလိုက်ပါ။ သူစိတ်ကျေနပ်သွားပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 16:24
Rate this item
(2 votes)