မပြောင်းလဲဘဲ ချစ်သွားမည့်ချစ်သူများအတွက် အချက်များ

မပြောင်းလဲဘဲ ချစ်သွားမည့်ချစ်သူများအတွက် အချက်များ google.com

နှစ်ဦးအတူ မခွဲနိုင်မခွာရက်ဘဲ အရမ်းချစ်ကြတဲ့ ချစ်သူစုံတွဲတွေအတွက် အောက်ပါအချက်များကို ဖော်ပြပေးလိုက်ပါတယ်။

မိနစ်ပိုင်းအချိန်တောင် မခွဲနိုင်ကြခြင်း

 

နှစ်ဦးအတူ တွေ့လို့ရတော့ လမ်းလျှောက်ရင်း သူ့လက်ကလေးကို ကိုင်ထားလိုက်ရမှ ကျေနပ်နေကြခြင်း၊ အိမ်ပြန်မယ်ဆိုရင်လည်း လမ်းထိပ်အထိ လိုက်ပို့ပေးခြင်းတို့ ပြုလုပ်လေ့ရှိပါတယ်။

 

တပူးတတွဲတွဲနေခြင်း

နှစ်ဦးအတူ တွေ့ချိန်မှာဆိုရင် ပန်းခြံထဲမှာ နေရာအကျယ်ကြီးရှိရင်တောင်မှ သီးသန့် သပ်သပ်စီမထိုင်ဘဲ တစ်နေရာထဲမှာပဲ နှစ်ယောက်အတူတူ ကပ်သီးကပ်သပ် ထိုင်ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။

 

အမြဲသတိရမိနေခြင်း

အကြောင်းကြောင်းကြောင့် သူ့အနားမှာ မရှိတော့တဲ့အချိန်ဆို အမြဲသတိရနေပါလိမ့်မယ်။ ဒီအချိန်ဆိုရင် သူဘာလုပ်နေမလဲ၊ ဒီမုန့်ကလေးကတော့ သူကြိုက်တတ်တဲ့မုန့်လေးပဲဆိုပြီး နောက်တစ်ခါ သူနဲ့အတူ လာစားဦးမယ်ဆိုတဲ့အတွေးကို တွေးနေမိပါလိမ့်မယ်။

 

ချစ်သူကအလှဆုံးလို့မြင်ခြင်း

ဘယ်သူတွေဘာပဲပြောပြောနေပါစေ ကိုယ်ချစ်ရတဲ့ချစ်သူကို အလှဆုံးလို့ပဲ မြင်မိနေမှာပါ။ သူ့ကို သတိရလွန်းရင်လည်း ကိုယ်ကြည့်နေတဲ့ရုပ်ရှင်ထဲက ဘယ်မင်းသား၊ မင်းသမီးက ကိုယ့်ချစ်သူနဲ့တူတယ်ဆိုတာမျိုးလည်း ပြောတတ်ကြပါတယ်။

 

အခန့်မသင့်ဘဲရန်ဖြစ်ရင် မိနစ်အနည်းငယ်သာကြာခြင်း

ချစ်သူနှစ်ဦးဆိုတာ ခဏခဏတော့ ရန်ဖြစ်ကြမှာအမှန်ပဲ။ ဘာလို့လဲဆိုတော့ အချစ်ကြီးတော့ အမျက်ကြီးဆိုတာပါပဲ။ စိတ်ဆိုးပြေချင်ရင်တော့လည်း အလွယ်လေးပါပဲ ရယ်စရာစကားလေးတစ်ခွန်းသာ စပြောလိုက် နှစ်ယောက်စလုံး ရီမောခြင်းဖြင့် အဆင်ပြေသွားပါလိမ့်မယ်။

 

Read times Last modified on Wednesday, 19 September 2018 15:21
Rate this item
(2 votes)