သင့်ကို တကယ်မချစ်ဘူးဆိုတာ သိစေနိုင်တဲ့အချက်များ

သင့်ကို တကယ်မချစ်ဘူးဆိုတာ သိစေနိုင်တဲ့အချက်များ google.com

သင့်ချစ်သူက သင့်ကို တကယ်ချစ်ရဲ့လား ဆိုတာ ဘယ်သူကမှ တိုက်ရိုက်မသိနိုင်သလို

ကိုယ်ကိုယ်တိုင်လည်း မသိနိုင်ပါဘူး။ သို့ပေမယ့်လည်း သူ့ရဲ့စိတ်ထဲမှာ တကယ်ချစ်မချစ်ဆိုတာကတော့ ကြည့်လိုက်တာနဲ့ သိသာပါတယ်။ သင့်ကို တကယ်မချစ်ဘူးဆိုတာ သိစေနိုင်တဲ့အချက်များကို အောက်တွင်ဖော်ပြပေး ထားပါတယ်။

 

နာမည်အရင်းခေါ်ဆိုခြင်း

 

ကိုယ့်ကို ချစ်တဲ့သူတွေကတော့ နာမည်လှလှလေးတွေကို တပ်ခေါ်နေ့ရှိပါတယ်။ သင့်ကိုချစ်နေတဲ့ သူတစ်ယောက်က သင့်ကို နာမည်အရင်းပဲခေါ်နေမယ်ဆိုရင်တော့ သင့်အတွက် တစ်ခုခုမှားနေတယ်လို့ ပြောနိုင်ပါတယ်။

 

စကားတိုတိုပြောဆိုခြင်း

 

ကိုယ်ချစ်ရတဲ့သူက စကားပြောတဲ့အခါ စကားလုံးတွေ ခပ်ပြတ်ပြတ်နဲ့ တိုးတောင်းစွာ ပြောတယ် ဆိုရင် သူက သင်နဲ့ ပတ်သက်ပြီး သူ့စိတ်ထဲ ဘာမှမရှိလို့ ပြတ်သားနေတယ်လို့ ဆိုနိုင်ပါတယ်။

 

ဘယ်စုံတွဲမဆို ကိုယ်ချစ်တဲ့သူနဲ့ စကားတွေ အများကြီးပြောချင်ကြပါတယ်။ အချိန်မရှိပေမဲ့လည်း ရတဲ့ အချိန်လေးတွေကိုတောင် ရအောင် ဆွဲထားတတ်သေးပါတယ်။

 

စကားကို တိုတိုတောင်းတောင်းပြောတယ်ဆိုတည်းက သင့်ပေါ်မှာ ခံစားချက်မဲ့ရာကျပါတယ်။

 

ဂရုမစိုက်ခြင်း

 

သင့်ချစ်သူအတွက် သင်ကတော့ ကြိုးစားပြီး ဘာတွေဖြစ်ရမယ် ဆိုတာမျိုး လုပ်ဆောင်နေပေမယ့် သင့်ချစ်သူက သင့်ကို နည်းနည်းလေးတောင် အသိအမှတ်မပြုခြင်း၊ ဂရုမိစိုက်ခြင်းမျိုးဖြစ်လာပြီ ဆိုရင်တော့ သင်တို့ အခြေအနေသိပ်မကောင်းပါဘူး။ သင့်ကို လုံးဝ မရင်းနီးဘူး ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

 

ကြင်နာမှုမရှိခြင်း

 

အချစ်ဆိုတာ ကြင်နာခြင်း၊ သနားခြင်း၊ ယုယမှုရှိခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။ ထို့ကြောင့် တစ်ဦးနဲ့ တစ်ဦးကြင်နာ သနားကြင်နာမှသာ တစ်ဦးနဲ့တစ်ဦး တကယ်ချစ်ကြတယ်လို့ ပြောလို့ရပါတယ်။

 

အကယ်၍ သင့်ချစ်သူက သင့်ကို ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် ကြင်နာမှုဆိုတဲ့ အရိပ်အယောင် မပြဘူးဆိုရင် သင့်ကို သူတကယ် မချစ်ဘူးဆိုတာ သိနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:20
Rate this item
(5 votes)