အိမ်ထောင်ရေးခိုင်မြဲစေဖို့အတွက် အချက်များ

အိမ်ထောင်ရေးခိုင်မြဲစေဖို့အတွက် အချက်များ google.com

လူနှစ်ယောက်ရဲ့ချစ်ခြင်းကို တစ်နှစ်ကနေ တစ်နှစ် ပိုပိုပြီးခိုင်မာအောင် တည်ဆောက်ဖို့ဆိုတာ

အတော်ခက်တဲ့ အရာဖြစ်ပါတယ်။

 

ဘ၀ဆိုတာအချိန်နဲ့အမျှ ပြောင်းလဲနေသလို၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်လှပါချည်ရဲ့ဆိုတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းတရားဟာလည်း ပြောရဆိုရခက်လှပါတယ်။

 

အိမ်ထောင်ရေးကတော့ တော်ပါပြီလို့ တွေးနေမယ်ဆိုရင် အောက်မှာဖော်ပြသွားမယ့် ချိတ်ဆက်လေးတွေကို အချိန်ပေးပြီးဖတ်ဖို့အတွက် အကြံပြုလိုက်ပါတယ်။

 

ပြောဆိုဆက်သွယ်တတ်ခြင်း

 

စုံတွဲတစ်တွဲမှာ နှစ်ဦးစလုံးက တစ်ယောက်ကို တစ်ယောက် ဘယ်အချိန်မှာ ဘယ်လိုအနေအထား၊ ဘယ်လိုစကားနဲ့ ပြောဆိုဆက်သွယ်ရမယ်ဆိုတာ သိကြမယ်ဆိုရင် သူတို့ရဲ့ ချစ်ခြင်းဟာ အောင်မြင်ခြင်းကို တည်ဆောက်နိုင်မယ့် အမှတ်သင်္ကေတဖြစ်ပါတယ်။

 

လင်မယားဖြစ်လာတဲ့အခါ မိသားစုအရေးကအစ ငွေရေးကြေးရေးအဆုံး ပြဿနာပေါင်းများစွာကို နှစ်ဦးသား ရင်ဆိုင်ကြရမှာပါ။

 

အဲဒီ့လို လင်မယားဘ၀မှာ ပူတစ်ခါ အေးတစ်လှည့်အခြေအနေတွေမှာ တစ်ဦးအကြောင်းတစ်ဦးသိဖို့ ပြောဆိုဆက်သွယ်တတ်တဲ့ အိမ်ထောင်ရေးဟာ ကျန်းမာတဲ့ အိမ်ထောင်ရေးကိုဖြစ်စေပါတယ်။

 

ဂရုတစိုက်ရှိခြင်း

 

လင်မယားဖြစ်လာတဲ့အခါ စုံတွဲတော်တော်များများမှာ သမီးရည်းစားတုန်းကလို တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ကြင်နာယုယမှု အမူအရာတွေ မရှိနိုင်တော့တာ လက်ခံပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တဲ့ အပြုအမူလေးတွေဖြစ်တဲ့ လက်တွဲပြီး သွားတာမျိုး၊ ပိတ်ရက်တွင် နှစ်ယောက်အတူတူ ဈေးဝယ်ထွက်ခြင်းမျိုး၊ ရုပ်ရှင်ကြည့်ခြင်းမျိုးကိုတော့ ဆက်လက်ကျင့်သုံးသင့်ပါတယ်။

 

အဲဒီ့အပြုအမူတွေက တက်တစ်ခါ ကျတစ်လှည့် အချိန်တွေကို ဖြတ်သန်းနိုင်တဲ့ အင်အားတွေကို ပေးနိုင်စွမ်းရှိပါ တယ်။

 

အလျော့ပေးခြင်း

 

အိမ်ထောင်ရေးမှာ ကိုယ်မနှစ်သက်သော အခြေအနေ၊ အနေအထားဖြစ်သော်လည်း ထိုက်သင့်သလောက် အလျှော့ပေးတတ်ခြင်းဟာ လင်မယားနှစ်ယောက်အတွက်ကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

 

ကိုယ်က မြန်မာကားကြည့်ချင်ပြီး သူက အင်္ဂလိပ်ကား ကြည့်ချင်တယ်ဆိုရင် တစ်ယောက်အကြိုက်တစ်ယောက် လိုက်ပြီး ဆုံးဖြတ်ချက်ချသင့်ပါတယ်။ ဒါမှ ဒီစုံတွဲရဲ့ ဆက်ဆံရေးဘယ်လိုရှိကြောင်း သိနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:19
Rate this item
(1 Vote)