အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များ

အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များ google.com

တချို့မိန်းကလေးတွေက အချစ်နဲ့တွေ့ရမှာ ကြောက်တတ်သလို၊ တချို့ကျတော့လည်း အချစ်ရှိမှ အရာရာ ပြည့်စုံမယ်လို့ ထင်တဲ့လူတွေကလည်း ဒုနဲ့ဒေးပါပဲ။

အချစ်ဆိုတဲ့အရာကပဲ ဆန်းကြယ်တာလား။ တချို့က အချစ်ကို လိုက်ရှာနေတဲ့ချိန်မှာ တချို့ကတော့ အချစ်နဲ့တွေ့မှာကို စိုးရိမ်နေကြပါတယ်။

 

အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

ကိုယ့်ကိုယ်ကိုချစ်ခြင်း

 

အချစ်စစ်နဲ့ တွေ့တဲ့သူတိုင်း ကျရှုံးတတ်ကြတယ်ဆိုတဲ့ စကားအတိုင်းပဲ ကိုယ်တကယ် ချစ်မြတ်နိုးရတဲ့အတွက် ချစ်သူနဲ့ပတ်သက်ပြီး အရာရာကို ခွင့်လွှတ်နားလည်ပေးရင်း ကိုယ်တိုင် ရပ်တည်ချက်၊ ခံစားချက်တွေ ပျောက်ဆုံးမှုများ ဖြစ်ပေါ်တတ်ပါတယ်။

ကိုယ့်ရဲ့နေ့ ရက်တိုင်းက သူ့စိတ်တိုင်းကျ ရှင်သန်နေရတဲ့အတွက် တစ်ခါတစ်လေကိုယ့်ရဲ့ အခန်းကဏ္ဍက ပျောက်ဆုံးနေသလိုခံစား ရလေ့ရှိပါတယ်။ တချို့ ဒီလိုခံစားမှုမျိုးကို မခံစားချင်ကြတဲ့သူတွေကျတော့ အချစ်နဲ့ ခပ်ဝေးဝေးနေလေ့ရှိတတ်ပါတယ်။

 

အသည်းကွဲမှာကြောက်ခြင်း

 

တချို့ကျတော့လည်း အချစ်နဲ့ပတ်သက်ရင် နာကျင်စရာ အတိတ်တွေရှိခဲ့ဖူးလို့ ခဲမှန်ဖူးတဲ့ စာသူငယ်တစ်ကောင်လို နောက်ထပ် ခဲနဲ့အပစ်ခံရဦးမလားဆိုတဲ့ စိုးရိမ်စိတ်တွေ ဖြစ်တတ်ကြပါတယ်။

 

နောက်ထပ်တစ်ယောက်ယောက်ကို ချစ်မိရင်အသည်းထပ်ကွဲရဦးမှာလားဆိုတဲ့ ကြောက်ရွံ့စိတ်တွေကြောင့် အချစ်နဲ့ထပ်မတွေ့အောင်နေတတ်ကြပါတယ်။

 

ချစ်ရမှာကို ကြောက်ရွံ့ခြင်း

 

အချစ်ဆိုတဲ့အရာကတော့ ၀တ္ထုတွေ၊ ဇာတ်လမ်းတွေထဲမှာလို နောက်ဆုံး ဇာတ်သိမ်းပိုင်းမှာ အချစ်နဲ့ဆုံဆည်းသွားတာမျိုး၊ ကိုယ့်စိတ်တိုင်းကျ ဆုံဆည်းပေးလိုက်တာမျိုး ဖန်တီးလို့ရပေမယ့်လည်း လက်တွေ့ဘ၀မှာတော့ ချစ်တိုင်းလည်းမညားတဲ့ ကံကြမ္မာအလှည့်အပြောင်းကိုလည်း မေ့ထားလို့မရပါဘူး။

 

အဲဒီတော့ ချစ်နေရရုံလေးနဲ့ ကျေနပ်နေတယ်ဆိုတဲ့ သူတွေကျတော့ အချစ်ကို လိုလို လားလား လက်ခံချင်ကြပါတယ်။

 

အဲဒီလို လက်တွေ့မကျတဲ့အချစ်မျိုးကို မခံစားနိုင်တဲ့သူတွေကျတော့ အချစ်နဲ့တွေ့ရမှာကို ကြောက်တတ်ကြပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 15:15
Rate this item
(1 Vote)