ရေရှည်လက်တွဲမည့် ချစ်သူများ၏အချက်များ

ရေရှည်လက်တွဲမည့် ချစ်သူများ၏အချက်များ google.com

တစ်ယောက်နှင့်တစ်ယောက် ချစ်သူဖြစ်သွားကြပြီဆိုရင်တော့ အချို့ချစ်သူတွေက တစ်ယောက်အကြောင်း

တစ်ယောက်နားလည်သိကြပြီး ရေရှည်လက်တွဲချင်ကြပါတယ်။

 

အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သည်းခံမှုများ၊ ပေးဆပ်မှုများ၊ နားလည်မှုများတော့ ထားရပါလိမ့်မယ်။ ခိုင်မြဲတဲ့အချစ်ဆိုတာက မတူညီတဲ့နှစ်ယောက်အကြားမှာ နားလည်မှုတွေပေးရတာ လွယ်ကူတဲ့အရာတွေတော့မဟုတ်ပါ။

 

အောက်တွင်ဖော်ပြထားတဲ့အချက်များကို ကြည့်ခြင်းအားဖြင့် ချစ်သူနှစ်ဦး ဘာ့ကြောင့် ရေရှည်လက်တွဲသလဲဆိုတာ သိနိုင်ပါတယ်။

 

ချစ်ခြင်းအစ မျက်စိက

 

တစ်ခါတစ်ရံ ချစ်သူနှစ်ဦးစလုံးက တိုင်ပင်စရာမလိုပဲ အတိုင်အဖောက်တွေ ညီနေတတ်ပါတယ်။

 

တစ်ယောက် အကြောင်းတစ်ယောက် ကောင်းကောင်းသိနေတာကြောင့် တော်ရုံကိစ္စတွေဆို မျက်လုံးနဲ့ပဲစကားပြောတတ်ကြပါတယ်။

 

နှစ်ကိုယ့်တစ်စိတ်

 

တစ်ယောက်က ဖုန်းဆက်မလို့ ကောက်ကိုင်လိုက်တဲ့အချိန် ကျန်တစ်ယောက်ဆီက ဖုန်းဝင်လာတာမျိုးကို ဆိုလိုပါတယ်။ စာဖတ်သူတွေလည်း ဖြစ်ဖူးကြမယ်ထင်တယ်။

 

ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်မှုရှိနေတဲ့ အတွက်ကြောင့်ဖြစ်တယ်။ တစ်ခါတစ်ရံ နှစ်ဦးစလုံးမှ အဆက်အသွယ်လည်းမလုပ်ပေမယ့် တစ်ယောက်က ဝမ်းနည်းနေတဲ့အချိန်မှာ ကျန်တစ်ယောက်ရဲ့စိတ်ကလည်း အလိုလို စိတ်မကောင်းတွေ ဖြစ်တတ်ပါတယ်။

 

လိုရင်းတိုရှင်းဖြေရှင်း

 

ချစ်သူနှစ်ဦး အခန့်မသင့်လို့ ရန်ဖြစ်ထားရင်တောင် နောက်နေ့ကျရင် သူ့အလိုလို စိတ်ပြေနေတတ်ကြပါတယ်။

 

နှစ်ဦးကြား အကြာကြီး စိတ်ကောက်တာကလည်း စိတ်ဖိစီးမှုဖြစ်စေပြီး အရင်က ကြုံတွေ့ခဲ့ရသော အချိန်တွေက သူတို့အတွက် သင်ခန်းစာပေးခြင်းဖြစ်ပါတယ်။

 

ထို့ကြောင့် ရေရှည်လက်တွဲမည့် စုံတွဲတွေက ပြဿနာကို အချိန်တိုတိုနဲ့ လိုရင်းတိုရှင်းဖြေရှင်းတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:13
Rate this item
(4 votes)