နားရွက်ပုံစံတွေကနေဖော်ပြနေတဲ့ သင့်နဲ့ပတ်သတ်တဲ့ အကြောင်းအရာများ

နားရွက်ပုံစံတွေကနေဖော်ပြနေတဲ့ သင့်နဲ့ပတ်သတ်တဲ့ အကြောင်းအရာများ google

လူတွေမှာ နားပုံစံအမျိုးမျိုးရှိကြပါတယ်နော်။ အဲဒီနားပုံစံလေးတွေကနေ သင့်နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖော်ပြနေပါတယ်။

ဒီဖော်ပြချက်ဟာ စိတ်ပညာဆိုင်ရာအရ မှန်တယ်လို့ သက်သေမပြနိုင်ပေမယ့်လည်း

တိုက်ဆိုင်မှုတွေ အနည်းငယ်ပဲဖြစ်ဖြစ် ပါနေတာကိုတော့ ငြင်းလို့မရနိုင်ခဲ့ဘူးလို့ လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

၁။ နားဝိုင်းဝိုင်း

နားပုံစံက ဝိုင်းနေတယ်ဆိုရင် သင်ဟာ သင့်ကိုယ်သင် ချစ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ချီးကျူးတာကိုလည်း ကြိုက်နှစ်သက်သူပါ။

လူတိုင်းအပေါ်မှာလည်း သင်ကောင်းကောင်းဆက်ဆံတာကြောင့် သင့်ကိုလည်း လူတွေက သဘောကျကြပါတယ်။

သင်စိတ်ဝင်စားတဲ့အရာတစ်ခုရှိပြီဆိုရင်လည်း လုပ်ဖို့ စိန်ခေါ်ရဲသူတစ်ယောက်ပါပဲ။

၂။ လေးထောင့်ပုံစံ

သင်ဟာ ရှေးရိုးစွဲလူတစ်ယောက်ဖြစ်ပြီး တာဝန်ယူမှုရှိတဲ့သူတစ်ယောက်ပါပဲ။ တစ်ခုခုကို သေချာဂရုစိုက်ပြီး တာဝန်ယူမှုအပြည့်နဲ့ လုပ်တတ်သူပါ။

တည်ငြိမ်တဲ့ဘဝကိုနှစ်သက်သူဖြစ်ပါတယ်။

၃။ စိန်ပုံစံ

သင့်ရဲ့ နားရွက်ပုံစံက စိတ်ပုံစံမျိုးဖြစ်နေတယ်ဆိုရင် သင်ဟာ လူအများစု မတွေးတတ်တဲ့ လုပ်ဆောင်မှုတွေ အတွေးတွေကို တွေးတတ်သူပါ။

သင်ဟာ သင့်ရဲ့ စိတ်ခံစားချက်အတိုင်း လုပ်ဆောင်လေ့ရှိသူဖြစ်ပါတယ်။ သင်စိတ်ပါရင်လုပ်တယ်။ စိတ်မပါရင်မလုပ်တတ်တဲ့သူပါ။

ဒါ့ကြောင့် တခါတလေမှာ သင့်မိတ်ဆွေသူငယ်ချင်းတွေကို နားလည်ရခက်စေပါတယ်။

၄။ လခြမ်းလေးလို ပုံစံ

သင်ဟာ သင့်အမြင်ထက် တခြားသူရဲ့ ထင်မြင်ယူဆမှုကို အလေးထားတတ်တဲ့သူပါ။

သင်ဟာ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး ရိုးသားသူဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကို လူတွေက ယုံကြည်ကြပါတယ်။

၅။ စတုဂံပုံစံ

သင့်ရဲ့ နားလေးက စတုဂံပုံစံလေးဖြစ်နေရင်တော့ သင်ဟာ သင့်ရဲ့ ဦးတည်ချက်ကိုလုပ်ဆောင်ဖို့ အစီစဉ်စွဲလေ့ရှိပြီး ပြီးမြောက်အောင် ဆောင်ရွက်လေ့ရှိသူပါ။

သင်မလုပ်နိုင်တဲ့အရာဆိုရင် လုပ်နိုင်တယ်လို့ ကိတိပေးလေ့မရှိပါဘူး။

၆။ တြိဂံပြောင်းပြန်ပုံစံ

နားရဲ့ အပေါ်ထိတ်ပိုင်းကကြီးပြီး နောက်ပိုင်းကသေးနေတယ်ဆိုရင်တော့ သင့်ရဲ့ စိတ်ထားဟာ ရိုးရှင်းတယ်။ စပ်စုလိုစိတ်ရှိတယ်။

အသစ်အသစ်တွေကို စိတ်ဝင်စားတယ်။ သင်ဟာ မိတ်ဆွေအပေါင်းအသင်းများများနဲ့ Social ကျတဲ့ဘဝကို နှစ်သက်သူပါ။

သင်ဟာ လိမ္မာပါးနပ်သူဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့ အစီစဉ်တွေ မအောင်မြင်ဘူးဆိုရင် စိတ်ဆိုးတတ်တဲ့သူတစ်ယောက်ပါ။

၇။ တြိဂံပုံစံ

နားရဲ့ အောက်ပိုင်းကကြီးပြီး အပေါ်ပိုင်းသေးတယ်ဆိုရင်တော့ သင်ဟာ သိမ်မွေ့ပြီး ရက်ရောတဲ့သူတစ်ဦးဖြစ်ပါတယ်။

မိတ်ဆွေသူငယ်ချင်းတွေကို မြတ်နိုးတန်ဖိုးထားပြီး တစ်ယောက်တည်းအထီးကျန်ရမှာကြောက်တဲ့သူပါ။

ပြဿနာတစ်ခုကိုလည်း အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းတတ်တဲ့သူပါ။

Credit:Mystyle

 

Zawgyi ျဖင့္ဖတ္ရန္...

လူေတြမွာ နားပံုစံအမ်ိဳးမ်ိဳးရွိၾကပါတယ္ေနာ္။ အဲဒီနားပံုစံေလးေတြကေန သင့္နဲ႔ပတ္သတ္တဲ့ အေၾကာင္းအရာေတြကို ေဖာ္ျပေနပါတယ္။

 ဒီေဖာ္ျပခ်က္ဟာ စိတ္ပညာဆိုင္ရာအရ မွန္တယ္လို႔ သက္ေသမျပႏိုင္ေပမယ့္လည္း

တိုက္ဆိုင္မႈေတြ အနည္းငယ္ပဲျဖစ္ျဖစ္ ပါေနတာကိုေတာ့ ျငင္းလို႔မရႏိုင္ခဲ့ဘူးလို႔ ေလ့လာေတြ႔ရွိခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

၁။ နား၀ိုင္း၀ိုင္း

ear1

နားပံုစံက ၀ိုင္းေနတယ္ဆိုရင္ သင္ဟာ သင့္ကိုယ္သင္ ခ်စ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ခ်ီးက်ဴးတာကိုလည္း ႀကိဳက္ႏွစ္သက္သူပါ။

လူတိုင္းအေပၚမွာလည္း သင္ေကာင္းေကာင္းဆက္ဆံတာေၾကာင့္ သင့္ကိုလည္း လူေတြက သေဘာက်ၾကပါတယ္။

သင္စိတ္၀င္စားတဲ့အရာတစ္ခုရွိၿပီဆိုရင္လည္း လုပ္ဖို႔ စိန္ေခၚရဲသူတစ္ေယာက္ပါပဲ။

၂။ ေလးေထာင့္ပံုစံ

ear2

သင္ဟာ ေရွးရိုးစြဲလူတစ္ေယာက္ျဖစ္ၿပီး တာ၀န္ယူမႈရွိတဲ့သူတစ္ေယာက္ပါပဲ။ တစ္ခုခုကို ေသခ်ာဂရုစိုက္ၿပီး တာ၀န္ယူမႈအျပည့္နဲ႔ လုပ္တတ္သူပါ။

တည္ၿငိမ္တဲ့ဘ၀ကိုႏွစ္သက္သူျဖစ္ပါတယ္။

၃။ စိန္ပံုစံ

ear3

သင့္ရဲ့ နားရြက္ပံုစံက စိတ္ပံုစံမ်ိဳးျဖစ္ေနတယ္ဆိုရင္ သင္ဟာ လူအမ်ားစု မေတြးတတ္တဲ့ လုပ္ေဆာင္မႈေတြ အေတြးေတြကို ေတြးတတ္သူပါ။

သင္ဟာ သင့္ရဲ့ စိတ္ခံစားခ်က္အတိုင္း လုပ္ေဆာင္ေလ့ရွိသူျဖစ္ပါတယ္။ သင္စိတ္ပါရင္လုပ္တယ္။ စိတ္မပါရင္မလုပ္တတ္တဲ့သူပါ။

ဒါ့ေၾကာင့္ တခါတေလမွာ သင့္မိတ္ေဆြသူငယ္ခ်င္းေတြကို နားလည္ရခက္ေစပါတယ္။

၄။ လျခမ္းေလးလို ပံုစံ

ear4

သင္ဟာ သင့္အျမင္ထက္ တျခားသူရဲ့ ထင္ျမင္ယူဆမႈကို အေလးထားတတ္တဲ့သူပါ။

သင္ဟာ အက်င့္စာရိတၱေကာင္းမြန္သူျဖစ္ၿပီး ရိုးသားသူျဖစ္ပါတယ္။ ဒါ့ေၾကာင့္ သင့္ကို လူေတြက ယံုၾကည္ၾကပါတယ္။

၅။ စတုဂံပံုစံ

ear5

သင့္ရဲ့ နားေလးက စတုဂံပံုစံေလးျဖစ္ေနရင္ေတာ့ သင္ဟာ သင့္ရဲ့ ဦးတည္ခ်က္ကိုလုပ္ေဆာင္ဖို႔ အစီစဥ္စြဲေလ့ရွိၿပီး ၿပီးေျမာက္ေအာင္ ေဆာင္ရြက္ေလ့ရွိသူပါ။

သင္မလုပ္ႏိုင္တဲ့အရာဆိုရင္ လုပ္ႏိုင္တယ္လို႔ ကိတိေပးေလ့မရွိပါဘူး။

၆။ ႀတိဂံေျပာင္းျပန္ပံုစံ

ear6

နားရဲ့ အေပၚထိတ္ပိုင္းကႀကီးၿပီး ေနာက္ပိုင္းကေသးေနတယ္ဆိုရင္ေတာ့ သင့္ရဲ့ စိတ္ထားဟာ ရိုးရွင္းတယ္။ စပ္စုလိုစိတ္ရွိတယ္။

အသစ္အသစ္ေတြကို စိတ္၀င္စားတယ္။ သင္ဟာ မိတ္ေဆြအေပါင္းအသင္းမ်ားမ်ားနဲ႔ Social က်တဲ့ဘ၀ကို ႏွစ္သက္သူပါ။

သင္ဟာ လိမၼာပါးနပ္သူျဖစ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ့ အစီစဥ္ေတြ မေအာင္ျမင္ဘူးဆိုရင္ စိတ္ဆိုးတတ္တဲ့သူတစ္ေယာက္ပါ။

၇။ ႀတိဂံပံုစံ

ear7

နားရဲ့ ေအာက္ပိုင္းကႀကီးၿပီး အေပၚပိုင္းေသးတယ္ဆိုရင္ေတာ့ သင္ဟာ သိမ္ေမြ႔ၿပီး ရက္ေရာတဲ့သူတစ္ဦးျဖစ္ပါတယ္။

မိတ္ေဆြသူငယ္ခ်င္းေတြကို ျမတ္ႏိုးတန္ဖိုးထားၿပီး တစ္ေယာက္တည္းအထီးက်န္ရမွာေၾကာက္တဲ့သူပါ။

ျပႆနာတစ္ခုကိုလည္း အေျခအေနေပၚမူတည္ၿပီး ေျဖရွင္းတတ္တဲ့သူပါ။

Credit:Mystyle

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Wednesday, 26 February 2020 17:05
Rate this item
(1 Vote)
Tagged under