အပြန်အလှန်နားလည်မှုရှိတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့အတွက်

အပြန်အလှန်နားလည်မှုရှိတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့အတွက် google.com

လက်ထပ်ပြီးနောက် တစ်ဦးနဲ့တစ်ဦး ရေရှည်တည်တံ့ပြီး လက်တွဲလို့ရတယ်ဆိုတာကတော့ ခွင့်လွှတ်ခြင်း ကြောင့်ပဲဖြစ်ပါတယ်။

အချစ်ထက်ကို ပိုတဲ့ စိတ်သဘောထားပြည့်ဝမှုလေးပဲဖြစ်ပါတယ်။

 

နှစ်ကိုယ်တူစိတ်တိုင်းကျ ထူထောင်ထားတဲ့ အိမ်ထောင်ရေးဟာ ရေရှည်တည်မြဲဖို့ဆိုတာ ခင်ပွန်းရော၊ ဇနီး ရောနဲ့ပါ သက်ဆိုင်ပါတယ်။

 

သွေးသား မတော်စပ်တဲ့သူတွေ တစ်အိမ်တည်းမှာ ရေရှည်တည်မြဲဖို့ဆိုတာ ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း၊ ချစ်ခြင်းတွေအပြင် သစ္စာရှိမှုဆိုတာကလည်း မဖြစ်မနေ လိုအပ်တဲ့အရာဖြစ်ပါတယ်။

 

တစ်ဦးနဲ့တစ်ဦး ရေရှည်တည်မြဲဖို့အတွက် ဒီလိုအရာလေးတွေ လုပ်ဆောင်ကြည့်လိုက်ပါ။

 

တစ်ဦးနဲ့တစ်ဦး ကိစ္စတိုင်းမှာ အမြင်မတူနိုင်ပါဘူး။ ကိစ္စတစ်ခုကို ငြင်းခုံဖို့ထက် ညှိနှိုင်းဆွေးနွေးဖို့ လုပ်နိုင်ပါတယ်။

 

တစ်ယောက်ရဲ့ အမြင်ကို တစ်ယောက်က လေးစားပြီး မတူညီတဲ့သဘောထားတာတွေ ရှိလာတာကို သဘောတူပေးနိုင်အောင် ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။

 

တစ်ဦးနဲ့တစ်ဦး ရေရှည်တည်တံ့စွာ လက်တွဲလို့ရတယ်ဆိုတာ ခွင့်လွှတ်ခြင်းကြောင့်ဖြစ်ပြီး အချစ်ထက်ကို ပိုတဲ့ စိတ်သဘောထားပြည့်ဝမှုလေးကတော့ တစ်ယောက်အမှားကို တစ်ယောက် ခွင့်လွှတ်နိုင်မှ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရမယ်ဆိုတာ သတိထားသင့်ပါတယ်။

 

ကိုယ့်ရဲ့ အိမ်ထောင်ဖက် အခြေအနေကို နားလည်ပေးပြီး သူက အားငယ် တတ်တယ်ဆိုရင် သူ့မှာသတ္တိတွေ၊ စွမ်းအင်တွေမရှိတာကို လက်ခံပေးရမှာဖြစ်ပါတယ်။

 

သူက ဦးဆောင်တတ်သူဆိုရင် ကိုယ့်ရဲ့ သဘောဆန္ဒ အတိုင်း အကုန်လုံး မလိုက်လျောနိုင်တာကို နားလည်ပေးရမှာဖြစ်ပါတယ်။

 

အချစ်စိတ် ဆိုတာ လူကို လန်းဆန်းတက်ကြွစေပေမယ့် တစ်ဦးတစ်ယောက်ပေါ်မှာပဲ အမြဲတမ်း အချစ်စိတ် တွေ လန်းဆန်းတက်ကြွနေဖို့ဆိုတာကတော့ တစ်ခါတစ်လေ ခက်နေပါလိမ့်မယ်။

 

ကိုယ့်ရဲ့ အိမ်ထောင်ရေး အမြဲတမ်းသာယာလှပနေစေဖို့အတွက် အချစ်စိတ်နိုးကြားအောင် ပြုလုပ်လို့ ရနိုင်တာလေးတွေ ရှိပါတယ်။

 

ခင်ပွန်းအတွက် မနက်စာ ပြင်ပေးပါ။ မွေးနေ့တွေ၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေမှာ ရိုမန်းတစ်ဆန်ဆန်လေးတွေ ဖြစ်အောင် စီစဉ်ပေးပါ။

 

ပိတ်ရက်တွေမှာ ဟင်းအတူတူ ချက်ပြီး အတူတူထမင်းလက်စုံစားတာမျိုးတွေက အချစ်စိတ်ကို ရှင်သန်နိုးကြားစေပြီး သံယောဇဉ်လည်း တိုးစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:09
Rate this item
(1 Vote)