ကိုယ့်အိမ်ထောင်ရေးသာယာဖို့အတွက် ဆွေမျိုးတွေကို သတိထားရမည့်အချက်များ

ကိုယ့်အိမ်ထောင်ရေးသာယာဖို့အတွက် ဆွေမျိုးတွေကို သတိထားရမည့်အချက်များ google.com

မကောင်းတဲ့ဆွေမျိုးများကို ရှောင်ခြင်း

အိမ်ထောင်တစ်ခုတွင် ဆွေမျိုးတွေဝင်ပါရင်တော့ နှစ်ဦးသား ပြဿနာတက်ကြတာ များပါတယ်။

 

မိမိတို့ အကျိုးစီးပွားကို လိုတဲ့အမျိုး ရှိပေမယ့် တစ်ချို့က မလိုလားကြတဲ့အတွက်ကြောင့် မကောင်းတဲ့ ဆွေမျိုးများကို ရှောင်ကြဉ်သင့်ပါတယ်။

 

အနှောက်အယှက်ပေးမည့် ဆွေမျိုးတို့ကို ရှောင်ခြင်း

 

မိမိတို့၏ သာယာနေတဲ့ အိမ်ထောင်ရေးကို နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်နေတဲ့ ဆွေမျိုးတွေကို ရှောင်ကြဉ်သင့်ပါတယ်။

 

သို့မှသာ အိမ်ထောင်ရေး သာယာပြီး သင့်တို့ ဘဝပျော်ရွှင်လာပါလမ့်မယ်။

 

အနှောက်အယှက်ပေးမည့် ဆွေမျိုးတို့ကို အဆက်အသွယ်ဖြတ်ဖို့အတွက် ၀န်မလေးပါနဲ့။

 

ဆွေမျိုးများနှင့် ငွေကြေးကိစ္စကို ကင်းရှင်းစွာနေခြင်း

 

ဆွေမျိုးတွေနဲ့ ငွေကြေးကိစ္စနဲ့ ပက်သက်မိရင်တော့ မိမိရဲ့ အိမ်ထောင်ဘက်နဲ့ ပြဿနာ တက်နိုင်ပါတယ်။

 

ထို့ကြောင့် ဆွေမျိုးများနှင့် ငွေကြေးကိစ္စကို ကင်းကင်းရှင်းရှင်းနှင့် မပက်သက်အောင် ဂရုစိုက်စေလိုပါတယ်။

 

မနာလိုတဲ့ ဆွေမျိုးများကို ရှောင်ခြင်း

 

မိမိတို့ အဆင်ပြေတာကို မနာလိုဘဲ ချမ်းသာတာကို မကြည့်ရက်တဲ့ အမျိုးတွေကို မမေ့နိုင်ရင်တော့ အိမ်ထောင်ရေးကို ထိခိုက်လာနိုင်ပါတယ်။

 

ထို့ကြောင့် အနှောက်အယှက်ပေးမည့် ဆွေမျိုးတို့ကို မေ့ပစ်ဖို့အတွက် ၀န်မလေးမိပါစေနဲ့။

 

သာပေါင်းညာစား ဆွေမျိုးများကို ရှောင်ခြင်း

 

သာပေါင်းညာစား ဆွေမျိုးတွေကိုတော့ ဝေးဝေးကနေ ရှောင်သင့်ပါတယ်။

 

ကိုယ်အဆင်ပြေနေတဲ့အခါ သာပေါင်း ညာစား လုပ်နေပြီး ကိုယ် အဆင်မပြေရင်တော့ သူတို့တွေက ကိုယ့်ကို ကူညီမှာ မဟုတ်ပါဘူး။

Read times Last modified on Wednesday, 19 September 2018 14:59
Rate this item
(1 Vote)