ရည်းစားရတော့မယ့် သူများအတွက်

ရည်းစားရတော့မယ့် သူများအတွက် google.com

ယနေ့လူငယ်များအနေဖြင့် ရည်းစားထားတော့မယ်ဆိုရင် ကိုယ့်ရဲ့မျှော်လင့်ချက်အသစ်၊

အိပ်မက်အသစ်၊ ခံစားချက်အသစ်နဲ့ စိတ်လှုပ်ရှားစရာများ ရှိကောင်းရှိပါလိမ့်မယ်။

 

သို့ပေမယ့် တစ်ခါတစ်လေကျရင်တော့ နှစ်ယောက်စလုံးရဲ့ ဘ၀အတွေ့အကြုံရလာတဲ့ အတိတ်က ဖြစ်ရပ်တွေကြောင့် နာကျင်မှုတွေကို ကြုံတွေ့ရတာမျိုးလည်း ရှိနိုင်ပါတယ်။

 

အနိုင်မယူပါနဲ့

 

ကိစ္စတစ်ခုခုပြောရင် ကိုယ်ကချည်း ပြောနေပြီး သူပြောတာကို နားမထောင်ပေးခြင်း၊ ကိုယ်ကချည်း စိတ်ဆိုး၊ စိတ်ကောက်နေပြီး သူ့ကို နည်းနည်းလေးမှ အလျှော့မပေးတာမျိုးတွေဟာ ရေရှည်အတွက် မကောင်းပါဘူး။

 

ရည်းစားဖြစ်စမို့လို့ စိတ်ဆိုးစိတ်ကောက်တာ ပျော်စရာကိစ္စ မဟုတ်ပါဘူး။ ရည်းစားလည်းကြာရင် စိတ်ကုန်၊ စိတ်ပျက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

ပြဿနာခဏခဏတက်တဲ့ အတွဲတိုင်းဟာ နောက်ဆုံး တစ်ယောက်နဲ့တစ်ယောက် သည်းမခံနိုင်တော့ပဲ လမ်းခွဲလိုက်ရတာများတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

 

အချိန်ပြည့် ကပ်မနေပါနဲ့

 

ရည်းစားရပြီဆိုရင်ဖြင့် သူတစ်ယောက်တည်းကို အတိုးချ ချစ်လိုက်မယ်ဆိုပြီး သူ့ဆီ တစ်ချိန်လုံးသွားခြင်း၊ တစ်ချိန်လုံး ဖုန်းခေါ်နေခြင်း၊ sms တွေ မနားမနေ ပို့ခြင်းများ သိပ်မလုပ်သင့်ပါ။

 

ဒါကတော့ တစ်ဖက်လူ ကိုယ့်ကိုလန့်သွားစေနိုင်တဲ့အပြင် ကိုယ့်ကိုငြိုငြင်တာမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

 

အရင်အတိုင်းပဲကောင်းပါတယ်

 

ကိုယ့်ချစ်သူကို အစကတည်းက ကိုယ့်စိတ်ရင်းအတိုင်း ရိုးရိုးသားသားနေထိုင် ပြောဆိုပြုမူခြင်းက အကောင်းဆုံးဖြစ်ပါတယ်။

 

ကိုယ့်ပင်ကိုယ်စိတ်ထဲကအတိုင်းမဟုတ်ဘဲ ဟန်ဆောင်ပြုမူတာမျိုးတွေဟာ ရေရှည်အတွက် ကောင်းတဲ့ အချက်မဟုတ်ပါဘူး။

 

ကိုယ့်ချစ်သူက ဟန်ဆောင်နေတာသိသွားရင် သင့်အပေါ်မှာ ယုံကြည်မှုတွေ လျော့နည်းသွားနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:55
Rate this item
(3 votes)