ချစ်သူဘဝ သာယာမှုကနေ ပြောင်းလဲသွားနိုင်တဲ့အချက်များ

ချစ်သူဘဝ သာယာမှုကနေ ပြောင်းလဲသွားနိုင်တဲ့အချက်များ google.com

အချို့ သော စုံတွဲတွေဟာ နှစ်ယောက် အတူရှိနေရင် ယခင်ကထက် ပိုမိုအောင်မြင်ကြပြီး

ပျော်ရွှင်ကြရလေ့ရှိပါတယ်။ ဘယ်ပြဿနာကို မဆို အတူလက်တွဲဖြေရှင်းနိုင်ပါတယ်။

 

သို့ပေမယ့် ပြဿနာ တွေကြုံတဲ့အခါမှာ သင်ရော၊ သင့်ချစ်သူကောင်လေးပါ နှစ်ဦးအတူတူ မဖြေရှင်းနိုင်ကြဘူးဆိုတာကတော့ သင်တို့ နှစ်ယောက် တစ်သားတည်းကျမနေသေးလို့ဖြစ်ပါတယ်။

 

အပြည့်အ၀မယုံကြည်ခြင်း

 

ယုံကြည်မှုဆိုတာကတော့ ကျန်းမာပျော်ရွှင်တဲ့ အချစ်ရေးတိုင်းရဲ့  အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ သင်နဲ့ အတူရှိနေတဲ့ လက်တွဲဖော်က သင့်ကို မယုံကြည်ဘူးဆိုရင်တော့ သင်တို့ နှစ်ယောက် ရှေ့ ဆက်လည်း အလုပ်ဖြစ်မှာ မဟုတ်တော့ပါ။

 

အခက်အခဲတွေကို ဖွင့်ဟတိုင်ပင်မှုမရှိခြင်း

 

နှစ်ဦးစလုံးအတွက် ယုံကြည်မှုဟာ အရေးပါသလို အားကိုးအားထား ပြုခြင်းဟာလည်း အခြားအရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ သူ့ဘက်က သင့်ကို အားကိုအားထား မပြုတာကြောင့် သူ့ အခက်အခဲတွေကို မတိုင်ပင်ဘဲ တစ်ယောက်တည်း ဖြေရှင်းနေတယ်ဆိုရင်တော့ သင်ဟာ သူ့အတွက် အဆင်သင့်မဖြစ်သေးသလို သူဟာလည်း သင့်အတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ဆိုနိုင်ပါတယ်။

 

ချစ်တယ်လို့မခံစားရခြင်း

 

နှစ်ဦးစလုံးအတွက် အချစ်ရေး တစ်ခုဟာ ဘယ်တော့မှာ ပြီးပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းပြီး ပြည့်စုံတဲ့ အချစ်ရေးကို တည်ဆောက်ရတာဖြစ်ပါတယ်။ သင့်ချစ်သူ၊ သင့်ကို ချစ်တဲ့ပုံစံက သင်လိုချင်တဲ့ပုံစံမျိုး မဟုတ်ဘူးဆိုရင် ကိုယ့်ကို ချစ်တယ်လို့ ခံစားရမှာမဟုတ်ပါဘူး။

 

တစ်ယောက်နဲ့တစ်ယောက် အရမ်းသ၀န်တိုမယ်၊ ချုပ်ချယ်မယ် စသဖြင့် သဘောထားမတိုက်ဆိုင်မှုတွေရှိနေရင် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းဆွေးနွေးကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ သင်တို့ နှစ်ယောက် ရှေ့ဆက်ဖို့ အဆင်မပြေနိုင်မှာ မဟုတ်တော့ပါဘူး။

 

လုံခြုံမှုမပေးနိုင်ခြင်း

 

တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှု မရှိ၊ အပြန်အလှန် အားကိုးမှုတွေမရှိဘူး၊ ညှိနှိုင်းဆွေးနွေးမှု တွေမရှိတဲ့နောက်မှာ သင်ကလည်း စိတ်ထဲမှာ လုံခြုံမှုကို ခံစားရမှာ မဟုတ်ပါဘူး။

 

ယင်းအပြင် တစ်ယောက်ရင်ခွင်ထဲမှာ တစ်ယောက် မလုံခြုံဘူးဆိုတာ ဘယ်သူ့အပြစ်မှ မဟုတ်ပါဘူး။ သင့်တော်တဲ့ အချစ်ရေး မဖြစ်လာသေးတာပဲဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:50
Rate this item
(1 Vote)