Skin Type (၅) မျိုးအကြောင်း

Skin Type (၅) မျိုးအကြောင်း google

မိန်းကလေးများ မိမိအသားအရေ အမျိုးအစားကို နားလည်ကာ မိမိနှင့်ကိုက်ညီသော skin care သုံးနိုင်ဖို့ အသားအရေ ခွဲခြားနည်းလေး တင်ပြပေးလိုက်တယ်နော်

 

 

အသားအရေ အမျိုးအစားခွဲခြင်း


၁ ) ပုံမှန်အသားအရေ


၂ ) အဆီပြန်သောအသားအရေ


၃ ) ခြောက်သွေ့သောအသားအရေ


၎ ) ပေါင်းစပ်အသားအရေ


၅ ) ထိခိုက်လွယ်သောအသားအရေ

 

 

၁ ) ပုံမှန်အသားအရေ


အရေပြားနူးညံ့ချောမွေ့မှုရှိခြင်းအဆီပြန်ခြင်း သို့မဟုတ် အရေပြားအဖတ်များဖြစ်နေမှုမရှိခြင်းချွေးပေါက်များ ပုံမှန်အတိုင်းရှိခြင်း။

 

 

(၂ ) အဆီပြန်သောအသားအရေ

 

အရေပြား အဆီပြန်ကာ ပြောင်လက်နေခြင်းနူးညံ့မှုမရှိဘဲ အရေပြားမာကာကြမ်းတမ်းခြင်းချွေးပေါက်များ ပုံမှန်ထက် ကျယ်နေခြင်းမျက်နှာပေါ်တွင် အမည်းစက်အသေးလေးများနှင့် ဝက်ခြံဖြစ်လွယ်ခြင်း။

 

 

၃ ) ခြောက်သွေ့သောအသားအရေ


အရေပြားတွင်စိုစွတ်မှုမရှိဘဲ မာကြောကြမ်းတမ်းခြင်းမျက်နှာပေါ်တွင် အရေပြားအဖတ်များဖြစ်ပေါ်ခြင်း (အထူးသဖြင့် မျက်နှာသစ်ပြီးစအချိန်တွင်ပိုမိုဖြစ်ပေါ်သည်) နှင်းခူနှင့် အရေးကြောင်းများဖြစ်လွယ်ခြင်းချွေးပေါက်ကျဉ်းခြင်း။

 

 

၎ ) ပေါင်းစပ်အသားအရေ


မိန်းကလေးအများစုတွင် ပေါင်းစပ်အသားအရေ တွေ့ရများသည်ပုံမှန်| အဆီပြန်| ခြေက်သွေ့ အသားအရေ များတွင်တွေ့ရသည့် လက္ခဏာများပေါင်းကာတွေ့ရလေ့ရှိသည်T- zone တွင် အဆီပြန်ကာ ကျန်နေရာများတွင် ပုံမှန် သို့မဟုတ် ခြောက်သွေ့နေတတ်သည်။

 

 

၅ ) ထိခိုက်လွယ်သောအသားအရေ


အသားရေ နီခြင်း| ယားယံခြင်း| ပူလောင်ခြင်း| ခြေက်သွေ့ခြင်း များဖြစ်လွယ်သည်အများစုမှာ cosmetic products များသုံးပြီးချိန်တွင် အဖြစ်များသည်မိမိနှင့် ဓတ်မတည့်သော အလှပြင်ပစ္စည်းများ| အစားအစာများ စားပြီးချိန်တွင်ပိုမိုတွေ့ရတတ်သည်။

 

 

မိန်းကလေးများ မိမိအသားအရေအမျိုးအစားကို သိရှိကာ မိမိနှင့်ကိုက်ညီသော skin care များအသုံးပြုနိုင်ကြပါစေ။

 

 

 

Source - အလှအပရေးရာ

 

 

Myanmar Wedding Guide 

 

Wedding banner design 03 1

Read times Last modified on Monday, 05 August 2019 14:04
Rate this item
(0 votes)
Tagged under