ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေ သုံးသင့်တဲ့ Skin care များ...

ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေ သုံးသင့်တဲ့ Skin care များ... google

အားလုံးပဲ မင်္ဂလာပါရှင့်။မင်မင်တို့မိန်းကလေးတွေအနေနဲ့ ဘယ်လိုမိတ်ကပ်ကိုပဲရွေးချယ်ရွေးချယ်၊ဘယ်လိုမိတ်ကပ် Look ကိုပဲလိမ်းလိမ်း၊ကိုယ့်ရဲ့ပင်ကိုယ်အသားအရည်က ဘယ်လိုအမျိုးအစားလဲဆိုတာကိုတော့ အခြေခံအနေနဲ့သိထားကြရပါမယ်နော်။

 

အဓိကအားဖြင့် ခြောက်သွေ့အသားအရည်၊အဆီပြန်အသားအရည်နဲ့ပေါင်းစပ်အသားအရည်ဆိုပြီးသုံးမျိုးရှိပါတယ်ဒီနေ့မှာတော့ ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေ သုံးသင့်တဲ့ Cosmetics တွေကို Myanmar Wedding Guide ကဖော်ပြပေးချင်ပါတယ်။

 

ပေါင်းစပ်အသားအရည်ပိုင်ရှင်တွေအနေနဲ့ အဆီပြန်တဲ့ T-zone (နဖူး၊နှာခေါင်း၊မေးစေ့) ကို cleansing အလွန်အကျွံမလုပ်ဖို့ကအရေးအကြီးဆုံးပါပဲနော်။ပြီးတော့ ခြောက်သွေ့တဲ့မျက်နှာအစိတ်အပိုင်းတွေကို အစိုဓာတ်အရမ်းမထိန်းသိမ်းဖို့လည်းလိုပါတယ်။

 

အစိုဓာတ် အနည်းငယ်သာလိုအပ်တဲ့ မျက်နှာအစိတ်အပိုင်းတွေအတွက် သုံးစွဲဖို့ moisturizer နဲ့ခြောက်သွေ့တဲ့မျက်နှာအစိတ်အပိုင်းတွေသုံးစွဲဖို့ moisturizer ကို ခွဲခြားသုံးပေးသင့်ပါတယ်။

 

အဆီပြန်တဲ့နေရာတွေကို သန့်စင်ဖို့အတွက် scrub သုံးပေးရမယ် ဆိုပေမယ့်လည်း တအားကြမ်းလွန်းတဲ့ Scrub တွေဆိုမသုံးသင့်ပါဘူး။

 

ဘာကြောင့်လဲဆိုတော့ ပြင်းလွန်းတဲ့ Scrub ဟာ အဆီပြန်မှုကို ရပ်တန့်မသွားစေပဲ အသားအရေကို ပိုမိုပျက်စီးစေကာ မူလထက်များပြားတဲ့အဆီတွေ ထွက်ရှိစေတာကြောင့်ပဲဖြစ်ပါတယ်။

 

ပေါင်းစပ်အသားအရည်အတွက် အလွန်အကျိုးပြုတဲ့ အက်ဆစ်(၂)မျိုးကတော့ AHAs နဲ့ BHAs ပဲ ဖြစ်ပါတယ်။ AHAs ကအသားအရည်ကို ကျန်းမာစိုပြည်လှပစေတဲ့ ဆဲလ်အသစ်တွေကို ဖြစ်ထွန်းစေပြီး

 

BHAs ကတော့ အသားအရည်ကို အသစ်တဖန်နုပျိုစေပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ချေဖျက်ပေးနိုင်ပါတယ်။

 

ပေါင်းစပ်အသားအရေပိုင်ရှင်တွေအနေနဲ့ အိုမင်းရင့်ရော်မှုကိုထိန်းသိမ်းပေးနိုင်ဖို့Suncream ကိုလည်းမဖြစ်မနေသုံးပေးသင့်ပါတယ်။

 

sheet mask နဲ့တစ်ပတ်တစ်ခါပေါင်းတင်ပေးခြင်းကလည်း ညီညွတ်မျှတတဲ့အသားအရည်လေးကိုရရှိစေနိုင်ပါတယ်။

 

Reference:dermstore.com

 

 

Zawgyi ဖြင့်ဖတ်ရန်

 


 


 


 


 

ske2

 


 


 

ske4

 


 


 

ske3

 


 


 


 

Myanmar Wedding Guide

 

jjjj

 

Read times Last modified on Thursday, 06 February 2020 11:47
Rate this item
(0 votes)
Tagged under