မိတ်ကပ်အကူအညီမပါဘဲ ဘယ်ချိန်ကြည့်ကြည့် အသားအရေကြည်လင်တောက်ပနေဖို့အတွက်…..

မိတ်ကပ်အကူအညီမပါဘဲ ဘယ်ချိန်ကြည့်ကြည့် အသားအရေကြည်လင်တောက်ပနေဖို့အတွက်….. google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေကို မိတ်ကပ်အကူအညီမပါဘဲ ဘယ်ချိန်ကြည့်ကြည့်

ပင်ကိုယ်အသားအရေလေးကြည်လင်တောက်ပနေပြီးနေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို ထပ်မံ ဝေမျှပေးချင်ပါတယ်။

အခုဖော်ပြပေးမယ့်အချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင် အားလုံးပဲ ကျန်းမာလှပတဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်နိုင်တာမို့လို့ ဆောင်းပါးလေးကို အဆုံးထိဖတ်ကြည့်လိုက်ကြရအောင်။

(1) Exfoliation ကို တအားအလွန်အကျွံမလုပ်ပါနဲ့။ Exfoliation ပြုလုပ်ခြင်းက အသားအရေကို အနက်ရှိုင်းဆုံးအလွှာအထိ ထိုးဖောက်သန့်စင်ပေးနိုင်တယ်ဆိုပေမယ့်

တစ်ပတ်မှာတစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ်လောက်ပြုလုပ်ပေးမယ်ဆိုလုံလောက်ပါပြီ။ Exfoliation လုပ်ပြီးတိုင်းလည်း အစိုဓာတ်ထိန်းခရင်မ်ကို သုံးမိနစ်အတွင်းပြန်လိမ်းပေးဖို့သတိထားပေးပါ။

(2) တိမ်ထူပြီးနေအရမ်းမပူတဲ့နေ့မျိုးတွေမှာတော့ Suncream လိမ်းတဲ့အဆင့်ကို ကျော်ပေးနိုင်ပါတယ်။

ဒါပေမယ့် ရာသီဥတုအေးနေပေမယ့် ပင်လယ်ကမ်းခြေလိုနေရာမျိုးတွေကိုသွားရောက်လည်ပတ်မယ်ဆိုရင်တော့

အနည်းဆုံး SPF 30 ပါဝင်တဲ့ Suncream တစ်မျိုးမျိုးကိုတော့ မဖြစ်မနေလိမ်းပေးဖို့လိုအပ်ပါမယ်။

(3) ဆီကြော်မုန့်တွေ၊အပူအစပ်တွေနဲ့အငံတွေ၊အသင့်စားအစားအသောက်တွေစတာတွေဟာ ဝက်ခြံဖြစ်ပွားမှုကို အားပေးတာကြောင့် တတ်နိုင်သမျှလျှော့စားပေးဖို့လိုအပ်ပါတယ်နော်။

(4) ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင်နဲ့လုပ်ပြီးခါစမှာ Skincare မလုပ်ပါနဲ့နော်။ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပြီးပြီဆိုရင်တော့Toner နဲ့ Moisturizer ကိုတော့ ပုံမှန်အတိုင်းလိမ်းပေးလို့ရပါတယ်။

(5) မအိပ်ခင်မျက်နှာကိုစင်ကြယ်အောင်သန့်စင်ပေးပြီး အစိုဓာတ်လိမ်းခရင်မ်လူးပေးဖို့လုံးဝမမေ့ပါနဲ့နော်။

အသားအရေခြောက်တတ်တဲ့သူတွေအနေနဲ့ Alcohol မပါဝင်တဲ့ အပျော့စား မျက်နှာသစ်ဆေးတွေကိုသုံးပေးနိုင်ပါတယ်။

(6) မျက်လုံးအရေးအကြောင်းတွေနဲ့ မျက်အိတ်ဖောင်းတာတွေအတွက် နှင်းဆီရည်ကို သုံးပေးဖို့မမေ့ပါနဲ့။

နှင်းဆီရည်ဟာ PH Level ကို ထိန်းညှိပေးနိုင်ပြီးရေဓာတ်ဖြည့်ပေးနိုင်တာကြောင့်ပုံမှန်လေးသုံးပေးသင့်ပါတယ်။

(7)အသက်ရှူလေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်ပေးခြင်းက စိတ်ဖိစီးမှုတွေကိုလျှော့ချပေးနိုင်ပြီး သွေးလည်ပတ်မှုကိုအားကောင်းစေတာကြောင့် အရေးအကြောင်းဖြစ်ပေါ်မှုတွေကိုပါ ဟန့်တားပေးနိုင်ပါတယ်။

Reference: foodndtv.com

Wedding Planner (65) ဦးကိုသိရှိလိုပါကနှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...


















 

Myanmar Wedding Guide

 

jjjj

 

Read times
Rate this item
(1 Vote)