ကမ္ဘာ့ဈေးအကြီးဆုံး မင်္ဂလာဝတ်စုံများ...

ကမ္ဘာ့ဈေးအကြီးဆုံး မင်္ဂလာဝတ်စုံများ... google

အာလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့တော့ Myanmar Wedding Guide ပရိတ်သတ်တွေအတွက် ကမ္ဘာ့ဈေးအကြီးဆုံး Wedding Dress (၅)စုံနဲ့မိတ်ဆက်ပေးချင်ပါတယ်နော်။

 

(၁) The Diamond Wedding Gown- $12 million

 

ဒီ Wedding dress လေးကိုတော့ မလေးရှားဒီဇိုင်နာ Faisol Abdullah က ဖန်တီးထားတာပါ။ ဒီဝတ်စုံလေးမှာတော့ စိန်ပွင့်ပေါင်း 751ပွင့်ပါရှိပါတယ်။

 

(၂) Yumi Katsura White Gold Dress- $8.5 million

 

ဒီဝတ်စုံလေးကိုတော့ ဂျပန်ဒီဇိုင်နာ Yumi Katsura က ဖန်တီးထားတာပါ။

 

သူမဟာ ပဲရစ်မှာ ဖက်ရှင်ကို လေ့လာခဲ့ပါတယ်။ ဂျပန်မှာ ပထမဆုံး သူမရဲ့လက်ရာတွေကို ပြသခဲ့ပြီး အင်္ဂလန်၊ပြင်သစ်နှင့် အမေရိကန်တို့မှာ ဖက်ရှင်စီးပွားရေးကို ချဲ့ထွင်ပြီးလုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။


(၃) Peacock Wedding Dress - 1.5 million

 

ဒီဝတ်စုံလေးဟာဆိုရင်လည်းလူအများကြားမှာ ထူးခြားနေမှာ အမှန်ပါ။ ဒီလိုဝတ်စုံဖန်တီးဖို့ဆိုရင် မလွယ်ကူလှပါဘူး။ ဒီဝတ်စုံမှာ ဒေါင်းမွှေး ၂၀၀ကျော်လောက်နဲ့ အသေးစိတ်ဖန်တီးထားတာပါ။

 

(၄) Danasha Luxury Gown - $1.5 million

 

ဒီဝတ်စုံကိုတော့ 2010 ခုနှစ်မှာ Miami International Fashion Week မှာ ထုတ်ဖော်ပြသခဲ့တာပါ။

 

jewellery တွေနဲ့ တွဲလို့ဝတ်ဆင်ခြင်းအားဖြင့် ဒီဝတ်စုံဟာ လူအများကြားမှာ ထင်ရှားပေါ်လွင်နေမှာပါ။ ခေတ်သစ်စင်ဒရဲလား ပုံစံ ဒီဇိုင်းဆွဲထားတာလို့လည်း သိရပါတယ်။

 

(၅) Kate Middleton's Wedding Dress

 

ဒီဝတ်စုံလေးကတော့ ဗြိတိန်တော်ဝင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ Kate Middleton ရဲ့ wedding dress လေးပဲဖြစ်ပါတယ်။

 

ဒီဝတ်စုံတစ်ခုလုံးမှာ ပန်းပွင့်တွေဖြင့် သေချာဒီဇိုင်းဆွဲထားတာဖြစ်ပြီးစိန်ပွင့်တွေလည်း ထည့်ပြီး ဖန်တီးချုပ်လုပ်ထားပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်...

 


 


 


 

dia11



 


 


 

dia1



 


 

dia22

 


 


 


 

dia3

 


 


 


 

dia4

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Thursday, 30 January 2020 16:36
Rate this item
(0 votes)
Tagged under