Wedding Rings

Wedding Rings

ယနေ့ခေတ်တွင် White Gold, Yellow Gold & Rose Gold အစရှိသည့်အရောင်များဖြင့် လက်ထပ်လက်စွပ်ကို ရွေးချယ်ဝတ်ဆင်လာကြပါတယ်။

နည်းပညာများတိုးတက်လာသည်နှင့်အမျှ လက်ထပ်လက်စွပ်ကို အသေးစိတ်အနုပညာလက်ရာမြောက်စွာ ခေတ်နှင့်အညီဆန်းသစ်သော ဒီဇိုင်းများဖြင့် ပြောင်းလဲပြုလုပ်လာကြပါတယ်။

ကျောက်မျက်ရတနာရွေးချယ်ရာတွင်လည်း မိမိနှင့် နေ့တူနံတူနှင့် ကုန်ကျမည့် ပမာဏအလိုက် အရည်အသွေးကောင်း ကျောက်မျက်ရတနာကို ရွေးချယ်ထည့်သွင်းအသုံးပြုလာကြပါတယ်။

အလွန်စွာရှားပါပြီး တန်ဖိုးကြီးသော သဘာဝတွင်းထွက်ကျောက်မျက်ရတနာများကိုလည်း ရွေးချယ်အသုံးပြုလာကြပါတယ်။

လက်ထပ်လက်စွပ်ဝတ်ဆင်ထားသူ မင်္ဂလာမောင်နှံ နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာအပြည့်ဖြင့် အပြန်အလှန် ပိုင်ဆိုင်ထားကြသည်ဟူသော ယုံကြည်ယူဆချက်များဖြင့် ဝတ်ဆင်ကြပါတယ်။

လက်ထပ်လက်စွပ် ဝတ်ဆင်သည့်နေ့မှစ၍ ဘဝခရီးတစ်လျှောက် အေးအတူ ပူအမျှ အချစ်တွေမျှဝေခံစားပြီး အချင်းချင်း နားလည်မှု၊ စိတ်ရှည်သည်းခံမှုများလည်း ဖြစ်ပေါ်စေပါတယ်။

ရှေ့ဆက်ရမည့် ချစ်ခရီးလမ်းတစ်လျှောက် မြတ်နိုးကြင်နာမှုများနှင့် ပြီးပြည့်စုံသော မိသားစုတစ်ခုကို ထုဆစ်ဖန်တီးရှေ့ဆက်ကြမည်ဟု အပြန်အလှန် ကတိသစ္စာတိုင်တည်၍ အတူတကွ မြတ်နိုးတန်ဖိုးထားပြီး ယနေ့အထိ ဝတ်ဆင်နေကြခြင်းဖြစ်ကြပါတယ်။

ကြိုက်နှစ်သက်ရာ လက်ထပ်လက်စွပ်ပုံစံဆန်းဆန်းလေးများကို စိတ်တိုင်းကျ ဗိုလ်ချုပ်ဈေးရှိ ရွှေဆိုင်များနှင့် နာမည်ကြီးရွှေဆိုင်များတွင် ပြုလုပ်နိုင်ပါတယ်။

လက်ထပ်လက်စွပ်ဈေးနှုန်းများကတော့ ၂ ကွင်း ကို ကျပ် ၄ သိန်းမှစ၍ ကျပ် သိန်း ၉၀ အထိရှိပြီး မိမိနှစ်သက်သော ဒီဇိုင်းပုံစံကိုပြ၍လည်း ပြုလုပ်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:56
Rate this item
(1 Vote)