သတို့သမီးများအတွက် မိတ်ကပ်ပြင်ခဈေးနှုန်းများ

သတို့သမီးများအတွက် မိတ်ကပ်ပြင်ခဈေးနှုန်းများ

မင်္ဂလာဆောင်ကြမည့် သတို့သား၊ သတို့သမီး၊ သတို့သားအရံ၊ သတို့သမီးအရံ၊ ပန်းကြဲ၊ ဗန်းကိုင်နှင့်

မိဘများ အဆင်ပြေစေရန်အတွက် မိတ်ကပ်ဈေးနှုန်းလေးများကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

မိတ်ကပ် ခင်စန်းဝင်း (မကြီးစန်း)
----------------------------------


သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ကျပ် ၁ သိန်းနှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ကျပ် ၂ သိန်းကျသင့်မှာဖြစ်ပါတယ်။ Accessories အတွက်ကတော့ ကျပ် ၃ သောင်းမှ ကျပ် ၁ သိန်း ကုန်ကျပါမယ်။

 

အရံတွေအတွက်ကတော့ အလှပြင်မယ်ဆိုရင် တစ်ယောက် ကျပ် ၅ သောင်း ကုန်ကျပါမယ်။ မိဘတွေအတွက် အလှပြင်မယ်ဆိုရင် ကျပ် ၃ သောင်း ကုန်ကျပါမယ်။

 

အမှတ် ၂၅၉၊ ပထမထပ်၊ ၃၅ လမ်း (အထက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

 

၀၁-၃၈၃၇၈၉၊ ၀၁-၃၈၈၅၈၉

 

မိတ်ကပ် တိုးတိုး
--------------------


သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ၁ သိန်းကျပ်နှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ကျပ် ၂ သိန်းခွဲ ကျသင့်မှာဖြစ်ပါတယ်။ ၀တ်စုံပေါ်မူတည်၍လည်း မိတ်ကပ်ဈေးနှုန်းကွာခြားတယ်လို့သိရပါတယ်။

 

သတို့သမီး ထိုင်မသိမ်းဝတ်မယ်ဆိုရင် သတို့သမီးက ကျပ် ၂ သိန်း၊ သတို့သားက တောင်ရှည်ဝတ်ရတော့မှာမို့ သတို့သားအတွက် ကျပ် ၁ သိန်း ပေးရမှာဖြစ်ပါတယ်။

 

သတို့သမီး ဂါဝန်ဝတ်မယ်ဆိုရင် မိတ်ကပ်ပြင်ခ ကျပ် ၁ သိန်းခွဲ ပေးရမှာဖြစ်ပါတယ်။ သတို့သားအတွက် ပေးစရာမလိုပါ။ Accessories အတွက်ကတော့ ကျပ် ၃ သောင်းမှ ကျပ် ၁ သိန်းထိ ကုန်ကျပါမယ်။

 

အရံတွေအတွက်ကတော့ အလှပြင်မယ်ဆိုရင် တစ်ယောက် ကျပ် ၅ သောင်း ကုန်ကျပါမယ်။ မိဘတွေအတွက် အလှပြင်မယ်ဆိုရင် ကျပ် ၅ သောင်း ကုန်ကျပါမယ်။

 

ဒီဆိုင်မှာပဲ မင်္ဂလာဝတ်စုံပါငှားမယ်ဆိုရင် ကျပ် ၅ သိန်းမှ ကျပ် ၁၀ သိန်းအထိ အစားစားရှိပါတယ်။ အလှပြင်ခထပ်ပေးစရာမလိုပါ။

 

အမှတ် ၁၈၅၊ ၁၈၇၊ မဟာဗနုလလမ်းထောင့်၊ ၅၂ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။

 

၀၁-၅၄၄၇၆၁၊ ၀၁-၃၉၇၄၈၃၊ ၀၉-၅၀၂၀၄၁၅၊ ၀၉-၅၁၈၁၅၇၅

 

 

မိတ်ကပ် လင်းလင်း (Lanmadaw)

------------------------

 

သတို့သားနှင့် သတို့သမီးအတွက် ဆိုင်မှာအလှပြင်မယ်ဆိုရင် ကျပ် ၁ သိန်းနှင့် ဟိုတယ်မှာ ပြင်မယ်ဆိုရင် ကျပ် ၁ သိန်းခွဲ ကျသင့်မှာဖြစ်ပါတယ်။ Accessories အတွက်ကတော့ ကျပ် ၂ သောင်းခွဲမှ ကျပ် ၁ သိန်း ထိ ကုန်ကျပါမယ်။

 

အရံတွေအတွက်ကတော့ အလှပြင်မယ်ဆိုရင် တစ်ယောက် ကျပ် ၂ သောင်းခွဲ ကုန်ကျပါမယ်။ မိဘတွေအတွက် အလှပြင်မယ်ဆိုရင် ကျပ် ၂ သောင်းခွဲ ကုန်ကျပါမယ်။

 

တိုက် ၁/အေ၊ အခန်း ၁/အေ၊ ဗဟိုစည်အိမ်ယာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

 

၀၉-၄၂၀၀၀၈၉၃၀၊ ၀၉-၂၅၄၀၅၂၆၃၃

 

မှတ်ချက်။  ဈေးနှုန်းကတော့ အနည်းငယ် အပြောင်းအလဲရှိကြောင်း သိရပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:24
Rate this item
(3 votes)