မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင် လုပ်ပေးမယ့်သူကို ဘာတွေမေးမလဲ

မင်္ဂလာပွဲအတွက် ပန်းအပြင်အဆင် လုပ်ပေးမယ့်သူကို ဘာတွေမေးမလဲ google

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာပွဲတစ်ပွဲမှာ ပန်းအပြင်အဆင်ကလည်း အရေးကြီးပါတယ်။

မင်္ဂလာပွဲမှာ သတို့သမီးရဲ့ အလှကို ပံ့ပိုးပေးမယ့် အရာတစ်ခုပဲလေ။ မင်္ဂလာပွဲခန်းမမှာ ပန်းအပြင်အဆင်လှမှ ခမ်းနားတဲ့ မင်္ဂလာပွဲလေး ဖြစ်မယ်ဆိုတာ မမေ့ပါနဲ့နော်။ ဒီလိုခမ်းနားတဲ့ ပန်းအပြင်အဆင် ပြင်ပေးမယ့်သူကို မေးရမယ့် မေးခွန်းတွေ ရှိပါတယ်။ ဘယ်လိုအကြောင်းအရာလေးတွေ မေးရမလဲဆိုတာ ပြောပြမယ်နော်။

 

Package အမျိုးအစား

ခုနောက်ပိုင်းမှာ ပန်းပြင်ပေးတဲ့ဆိုင်တွေမှာ Package တွေ ရှိပါတယ်။ ပန်းဆိုင်တွေမှာ ရှိတဲ့ Package အစုံကို မေးပါ။ နောက်တစ်ခုက သူတို့ ပြင်ပေးထားတဲ့ ပုံတွေကိုသေချာကြည့်ပါ။ တစ်ခါတလေမှာ ကိုယ်ယူတဲ့ Package နဲ့ ပွဲနေ့မှာ ပြင်ဆင်ပေးတဲ့ ပုံစံ မတူတတ်တာကြောင့်ပါ။ ဥပမာ ကိုယ်က ဆယ်သိန်းတန် Package အပ်တယ်ဆိုရင် ဆယ်သိန်းနဲ့ ပြင်ပေးထားတဲ့ ပုံတွေ တောင်းကြည့်ပါနော်။ ဒါဆိုရင် မလွဲတော့ဘူးပေါ့။

 

တွေ့ဆုံစကားပြောပါ

မင်္ဂလာပွဲ စီစဉ်တာတွေကို အင်တာနက်ပေါ်ကနေ လုပ်လို့ ရတယ်ဆိုပေမယ့် ဖြစ်နိုင်မယ်ဆိုရင်တော့ လူကိုယ်တိုင် တွေ့ဆုံ မေးမြန်းပါ။ စကားပြောကြည့်ရင် ပိုပြီးကောင်းပါတယ်နော်။ ဒါမှ ကိုယ်အလုပ်အပ်တဲ့သူနဲ့ အဆင်ပြေနိုင်မလားဆိုတာ သိနိုင်မှာပါ။

 

လက်ရာ

သတို့သားနဲ့ သတို့သမီးလေးတို့ရေ လက်ရာကိုလည်း ကြည့်ရပါမယ်။ ပန်းပြင်ဆင်ပေးတဲ့လက်ရာကိုပေါ့။ ပန်းပြင်ဆင်ပေးတဲ့အခါမှာ တချို့ဆို ပန်းတွေ သိပ်မလှတာ၊ ပန်းတွေ မလန်းဆန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်ကို သေချာလေး စုံစမ်းပြီးမှ ရွေးပါ။ တချို့ ပန်းအပြင်အဆင်တွေက ကုန်ကျစရိတ် များတာမို့ ကိုယ်ကုန်ကျနိုင်တဲ့ ငွေပမာဏအတွင်း လုပ်ဆောင်ပေးနိုင်လားဆိုတာ သေချာလေး မေးရပါမယ်။ ကိုယ်ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်အတွင်း ဝင်အောင် လုပ်ပေးနိုင်တဲ့သူဆီမှာပဲ အလုပ်အပ်ပါ။

 

ဘာတွေ ပါဝင်မလဲ

ပန်းအပြင်အဆင်ကို စုံတွဲတော်တော်များများက package နဲ့ပဲ ယူကြပါတယ်။ Package မှာ ဘာတွေ ပါဝင်မလဲဆိုတာ သေချာမေးပါ။ ရင်ကပ်ပန်းပါမယ်ဆိုရင် သတို့သားနဲ့ သတို့သမီးအတွက်ပဲလား၊ နှစ်ဖက်မိဘတွေအတွက်ရော ပါမလား၊ လက်ကိုင်ပန်းဆိုရင်ရော ကိုယ်လိုချင်တဲ့ ပန်းကိုပဲ လုပ်ပေးမှာလား၊ အခမ်းအနားနဲ့ လိုက်ဖက်တဲ့ ပန်းကိုပဲ ဆင်ပေးမှာလားဆိုတာ သိထားဖို့ လိုပါတယ်။ ကိုယ်ယူတဲ့ Package က ပန်းအတုလား၊ အစစ်လား၊ နှစ်မျိုးရောပေးမှာလား၊ ကိုယ်ပွဲနေ့မှာ မြင်ရမယ့် ပန်းဒီဇိုင်းကိုရော ဆွဲပြပေးမလား၊ ဒါမျိုးလေးတွေ မေးပေးနော်။

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Friday, 15 February 2019 13:55
Rate this item
(1 Vote)