တစ်နေ့လုံး မိတ်ကပ်လန်းဆန်းနေစေဖို့ နည်းလမ်း ၇ မျိုး
တစ်နေ့လုံး မိတ်ကပ်လန်းဆန်းနေစေဖို့ နည်းလမ်း ၇ မျိုး google.com
မိတ်ကပ်ကို အပြီးသတ်လိမ်းချယ်တာ ဒါမှမဟုတ် ထပ်တလဲလဲ လိမ်းချယ်ပေးတဲ့အခါ သင်လိမ်းလိုက်တဲ့ မိတ်ကပ်တစ်နေ့လုံး တာရှည်ခံသန့်ရှင်းလန်းဆန်းနေစေမယ့် နည်းလမ်း ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။
သင့်မိတ်ကပ်ကို လတ်ဆတ်ပြီး ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိတ်ကပ်အောက်ခံသားဖြစ်မယ့် သင့်မျက်နှာအသားအရေကို ဆေးကြောသန့်စင်စေဖို့လိုပါတယ်။ ဒီလို မျက်နှာသန့်စင်တာကို မင်္ဂလာရက်မတိုင်မီ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။
၂။ မျက်နှာပေါင်းတင်ပါ။
သင့်လက်ထပ်မိတ်ကပ်မလိမ်းခြယ်ခင်မှာ မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုနဲ့ မင်္ဂလာပွဲနေ့မှာ သင့်မျက်နှာကို သေချာပေါင်းတင်ပေးပါ။ ဒီလိုပေါင်းတင်ခြင်းအားဖြင့် သင့်မျက်နှာအသားအရေအတွက် ရေဓါတ်ဖြည့်တင်းပေးမှာဖြစ်ပြီး တစ်နေ့လုံးခံတဲ့ မိတ်ကပ်ကို လိမ်းခြယ်နိုင်မှာဖြစ်ပါတယ်။
၅။ အဆီပြန်တတ်တဲ့ မျက်နှာအတွက်ဆိုရင်
Unicode ဖြင့်ဖတ်ရန်
တစ်နေ့လုံး မိတ်ကပ်လန်းဆန်းနေစေဖို့ နည်းလမ်း ရ မျိုး
မင်္ဂလာရက်မြတ်မှာ သင့်အသားအရေ နဲ့ မိတ်ကပ်တွေကို ပြစ်မျိုးမဲ့မထင် တစ်နေ့လုံးတာရှည်ခံလှပနေစေချင်မှာပါ။ မိတ်ကပ်ကို အပြီးသတ်လိမ်းချယ်တာ ဒါမှမဟုတ် ထပ်တလဲလဲ လိမ်းချယ်ပေးတဲ့အခါ သင်လိမ်းလိုက်တဲ့ မိတ်ကပ်တစ်နေ့လုံး တာရှည်ခံသန့်ရှင်းလန်းဆန်းနေစေမယ့် နည်းလမ်း ရ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁။ မင်္ဂလာရက်သတ္တပတ်အတွက် သန့်စင်ပါ။
သင့်မိတ်ကပ်ကို လတ်ဆတ်ပြီး ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိတ်ကပ်အောက်ခံသားဖြစ်မယ့် သင့်မျက်နာအသားအရေကို ဆေးကြောသန့်စင်စေဖို့လိုပါတယ်။ ဒီလို မျက်နာသန့်စင်တာကို မင်္ဂလာရက်မတိုင်မီ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။
၂။ မျက်နာပေါင်းတင်ပါ။
သင့်လက်ထပ်မိတ်ကပ်မလိမ်းခြယ်ခင်မှာ မင်္ဂလာပွဲမတိုင်ခင် တစ်ရက်အလိုနဲ့ မင်္ဂလာပွဲနေ့မှာ သင့်မျက်နာကို သေချာပေါင်းတင်ပေးပါ။ ဒီလိုပေါင်းတင်ခြင်းအားဖြင့် သင့်မျက်နာအသားအရေအတွက် ရေဓါတ်ဖြည့်တင်းပေးမှာဖြစ်ပြီး တစ်နေ့လုံးခံတဲ့ မိတ်ကပ်ကို လိမ်းခြယ်နိုင်မှာဖြစ်ပါတယ်။
၃။ ရေစိုခံပစ္စည်းတွေ သုံးပါ။
မင်္ဂလာရက်မှာ မျက်ရည်တွေ၊ ချွေးတွေ ပျံနေနိုင်တာကြောင့် ဒီလိုအရာတွေက မိတ်ကပ်ကိုမပျက်စေဖို့ ရေစိုခံအလှအပပစ္စည်းတွေ သုံးပေးရင် အဆင်ပြေမှာပါ။ ဒါမှ သင့်မျက်နာနဲ့ မျက်လုံးကို လက်နဲ့ တစ်နေ့လုံး (သို့) တစ်ညလုံးထိမိပေမယ့်လည်း မိတ်ကပ်ပျက်မှာ ပူစရာလိုမှာမဟုတ်တော့ပါဘူး။
၄။ နည်းနည်းစီ လိမ်းသွားတာပိုကောင်းပါတယ်။
မနက်ခင်း မင်္ဂလာဓါတ်ပုံရိုက်ရာမှာ အဆင်သင့်လှနေစေဖို့ မိတ်ကပ်ထူထူလိမ်းပြီး ပြင်ဆင်ထားတာထက် မိတ်ကပ်ပါးပါးလေးလိမ်းပြီး အချိန်နီးမှ လိုအပ်သလို ဖြည့်စွက်လိမ်းပေးရင် ပိုပြီးအဆင်ပြေကြည့်ကောင်းစေပါတယ်။
၅။ အဆီပြန်တတ်တဲ့ မျက်နာအတွက်ဆိုရင်
မျက်နာအသားအရေကို မကြာခဏ လက်နဲ့ထိတာ ရှောင်စေချင်ပါတယ်။ လက်အစား ဆီကိုဖယ်ရှားဖို့သုံးတဲ့ တစ်သျှူးတစ်ခုခုနဲ့ သင့်မျက်နှာပေါ်က ဆီတွေကို ညင်ညင်သာသာ ဖယ်ရှားပေးရမှာဖြစ်ပါတယ်။
၆။ အပြီးသတ် ပေါင်ဒါဖြည့်လိမ်းပေးပါ
သင်မိတ်ကပ်လိမ်းခြယ်တာ ကြည့်ကောင်းပြီးလှနေပြီဆိုရင် ဒီအတိုင်းပြီးမသွားစေပဲ အပြီးသတ်အနေနဲ့ ပေါင်ဒါကို အပေါ်ယံဖွဖွလေး လိမ်းခြယ်ပေးနိုင်ပါတယ်။ ဒီလိုပေါင်ဒါလိမ်းခြယ်ခြင်းက သင့်မိတ်ကပ်ကို နေရာတကျ ညီညာ လှပစေမှာဖြစ်ပါတယ်။
၇။ ကောင်းမွန်တဲ့ ပရိုင်မာကို သုံးပါ။
မိတ်ကပ်မလိမ်းခင် ပရိုင်မာပစ္စည်းကို သုံးစေချင်ပါတယ်။ ဒါက သင့်အသားအရေကို ပိုမိုချောမွတ်စေမှာဖြစ်ပြီး နောက်ပိုင်း အသားအရေကနေထွက်ပေါ်လာမယ့် အဆီပြန်မှုကိုလည်း ဖယ်ရှားပေးနိုုင်မှာဖြစ်ပါတယ်။
Read times Last modified on Wednesday, 19 September 2018 14:41
Rate this item
(1 Vote)