အလှူမင်္ဂလာပွဲ အကျွေးအမွေးများအတွက် Order မှာလို့ရတဲ့ Pyi Thit Café & Restaurant

အလှူမင်္ဂလာပွဲ အကျွေးအမွေးများအတွက် Order မှာလို့ရတဲ့ Pyi Thit Café & Restaurant

ဘုန်းကြီးကျောင်းတွင် မင်္ဂလာပွဲပြုလုပ်တော့မယ်ဆိုရင်တော့ အကျွေးအမွေးကိစ္စအတွက်ကို

ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ သင့်ရဲ့ ကုန်ကျစရိတ်ဟာ ဘယ်လောက်တတ်နိုင်လဲ၊ ကုန်ကျစရိတ်နည်းနည်းနဲ့ ဘာကျွေးလို့ ရနိုင်မလဲဆိုတာကိုလည်း စဉ်းစားရပါမယ်။

 

အကျွေးအမွေး ကုန်ကျစရိတ်ကို အသက်သာဆုံး ကျွေးမွေးချင်ရင်တော့ Pyi Thit Café & Restaurant တွင် မင်္ဂလာပွဲ၊ အလှူပွဲ၊ မွေးနေ့မင်္ဂလာပွဲ များအတွက် Package များ ရှိပါတယ်။ မိမိတို့နှင့် သင့်တော်တဲ့ Package ကို အသုံးပြုနိုင်ပါတယ်။

 

ဆိုင်တွင် ပိုမိုသက်သာတဲ့ နှုန်းထားတွေနဲ့ အလှူမင်္ဂလာပွဲအတွက် အစားအသောက်များနဲ့ ထမင်း၊ ဟင်းတွေကို မှာယူနိုင်ပါတယ်။

 

ဆိုင်တွင် ဒံပေါက်၊ ထောပတ်ထမင်း၊ ပဲထမင်း ဆိုရင်တော့ ၁၅၀၀ ကျပ်၊ ကြက်ဆီထမင်း၊ မလေးရှားအုန်းထမင်း ဆိုရင်တော့ ၁၃၀၀ ကျပ်၊ မြန်မာထမင်းဟင်း ဆိုရင်တော့ အနည်းဆုံး ၇၀၀ ကျပ်မှ ၁၅၀၀ ကျပ် အထိ ရှိပါတယ်။ လိုက်ပွဲအတွက်က ပွဲ ၁၀၀ ဆိုရင် ၂၀% ပုံမှန်ပေးနေကျအတိုင်းပဲဖြစ်ပါတယ်။

 

ဟင်းချို၊ အချဉ်၊ ဘာလချောင်ကြော်၊ သရက်သီး/ရှောက်သီးသနပ်တွေလည်း အားလုံး ပုံမှန်အတိုင်း ထည့်ထားပေးပါတယ်။

 

ပွဲပြင်ပေးတဲ့ ဝန်ဆောင်မှုနဲ့ ပန်းကန်ခွက်ယောက်တွေပါ ငှားပေးပါတယ်။ ပွဲ ၁၀၀ အနည်းဆုံး မှာပေးရမှာ
ဖြစ်ပါတယ်။

 

ဈေးနှုန်းက အရမ်းမများပေမယ့် အရည်အသွေးမီပြီး ထမင်းဟင်းတွေအားလုံးကလည်း အလှူပွဲများတွင် ကျွေးမွေးတဲ့ အရသာနှင့် အတူတူဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာထမင်းဟင်း ၁၀၀၀ ကျပ်၊ ၁၅၀၀ ကျပ် တန်ကို ဘူးတွေနဲ့ lunch box ပို့ပေးဆိုရင်လည်း ညှိနှိုင်းပေးကြောင်း သိရပါတယ်။

 

အချိုပွဲအတွက် ကိတ်မုန့်နှင့် ရေခဲမုန့်တို့ကိုလည်း ဆိုင်တွင် အော်ဒါမှာယူနိုင်ပါတယ်။

 

ဆိုင်တွင် ရေခဲမုန့်ကို အရသာအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ စတော်ဘယ်ရီ၊ နို့၊ ချောကလက်၊ ပိန်းဥ၊ ဘလူးဘယ်ရီ၊ ဒူးရင်း၊ စပျစ်၊ သီးစုံ နှင်းပုလဲရေခဲမုန့် တို့ဖြစ်ပါတယ်။ ရေခဲမုန့် ၁၂၀ ခွက်ပါ စည်ကြီး လေးသောင်းခွဲကျပ်၊ ၆၀ ခွက်ပါ စည်သေး နှစ်သောင်းခွဲကျပ်၊ အစာပလာခွက် ၀န်ဆောင်မှု အပြီးအစီးပါပြီးသားဖြစ်ပါတယ်။

 

ဖုန်းနံပါတ်- ၀၉-၄၃၀၈၃၇၈၁၊ ၀၉-၉၅၃၄၅၀၁၈၄၊ ၀၉-၄၂၃၆၆၀၃၀၂၊ ၀၉-၇၇၈၂၅၅၅၇၁

Read times Last modified on Wednesday, 19 September 2018 15:00
Rate this item
(2 votes)