မင်္ဂလာညစာစားပွဲအတွက် သောက်စရာတွေစီစဉ်မယ်ဆိုရင်

မင်္ဂလာညစာစားပွဲအတွက် သောက်စရာတွေစီစဉ်မယ်ဆိုရင် google.com

မင်္ဂလာညစာစားပွဲစီစဉ်ရတာလည်း ပွဲကြီးတစ်ပွဲလောက် ခက်ခဲတာပါပဲနော်။

အစအဆုံးစီစဉ်ရတာပါပဲ။ မနက်ခင်းပွဲကြီးလုပ်ပြီး သူငယ်ချင်းတွေနဲ့ပေါ့ပေါ့ပါးပါး ညစာစားပွဲကျင်းပတာဆိုရင် စီစဉ်စရာနည်းပေမယ့် ပွဲကိုညစာစားပွဲအနေနဲ့ ကျင်းပတာဆိုရင်တော့ စီစဉ်စရာတွေကထင်ထားတာထက် ပိုပြီးတော့များမှာသေချာပါတယ်။ ညစာစားပွဲစီစဉ်တဲ့အခါမှာ သောက်စရာကမပါမဖြစ်ပဲလေနော်။ ဒီတော့ဘယ်လိုမျိုးစီစဉ်လို့ရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

 

ခန်းမ

မင်္ဂလာညစာစားပွဲအတွက် အကျွေးအမွေး၊ သောက်စရာစီစဉ်တာက ခန်းမရဲ့ဝန်ဆောင်မှုပေါ်မှာလည်းမူတည်ပါတယ်။ ခန်းမကဝိုင်းအရေအတွက်၊ တစ်ဦးချင်းအရေအတွက်နဲ့စီစဉ်တာလားဆိုတာစုံစမ်းပါ။ ဒါမှမဟုတ် ဘူဖေးစနစ်ရှိလားဆိုတာမေးပါ။ ရွေးချယ်စရာ များလေ ကောင်းလေပါ။

 

ဧည့်သည်အရေအတွက်

သောက်စရာစီစဉ်တဲ့အခါမှာ ဧည့်သည်အရေအတွက်ကို ကြည့်ရမှာဖြစ်သလို လာမယ့်ဧည့်သည်တွေထဲမှာ များများသောက်မယ့်သူ၊ သောက်နိုင်တဲ့သူအရေအတွက်ကများလားဆိုတာ စဉ်းစားပြီးတွက်ပါ။ ဒါမှသောက်စရာတွေ စီစဉ်ရင် မြန်ဆန်နိုင်မှာပါ။

 

အမျိုးအစား

သောက်စရာတွေကလည်း အမျိုးအစားအကွဲတွေအများကြီးရှိပါတယ်။ ကိုယ့်ပွဲကိုတက်ရောက်မယ့်ဧည့်သည်တွေထဲမှာ ဘီယာကြိုက်တဲ့သူများလား၊ အရက်ပုလင်းသောက်မယ့်သူများလားဆိုတာ စိတ်မှန်းနဲ့အရင်ဆုံးတွက်ကြည့်ပါ။ ဘီယာ သောက်မယ့်သူများတယ်ဆိုရင်တော့ ဒီအမျိုးအစားကိုပိုပြီး မှာယူရမှာပါနော်။

 

ဘယ်လိုတွက်ချက်မလဲ

ခန်းမကသောက်စရာတွေကို ဘယ်လိုပုံစံနဲ့စီစဉ်မလဲဆိုတာ မှာပါ။ Beer Free flow စီစဉ်ပေးမလားစုံစမ်းပါ။ (၅၀%) လောက်ကို ဘီယာတွေစီစဉ်ထားပါ။ တော်တော်များများကတော့ ဘီယာသောက်တတ်ကြပါတယ်။ ကျန်တာက ပုလင်းတွေစီစဉ်ပါ။ နောက်ပြီး ကိုယ့်ရဲ့မိန်းကလေး ဧည့်သည်တွေအတွက်ကတော့ Cheer လုပ်လို့ရအောင် Cocktail လေးတွေစီစဉ်ထားပါ။ သောက်စရာတွေနဲ့လိုက်ဖက်တဲ့ စားစရာတွေစီစဉ်ထားဖို့လည်းမမေ့ပါနဲ့နော်။

 

နေရာစီစဉ်တဲ့အခါ

Seating plan ထားမယ်ဆိုရင် သောက်မယ့်သူတွေပဲတစ်ဝိုင်းစီစဉ်တာမျိုးလုပ်ပါ။ ဒါက ဧည့်သည်တွေအတွက် ပိုပြီးအဆင်ပြေနိုင်ပါတယ်နော်။ ဝန်ဆောင်မှုပေးတဲ့အခါကျရင်လည်း ဘယ်ဝိုင်းကိုတော့သောက်စရာတွေ သေချာ စီစဉ်ပေးဖို့မှာရတာအဆင်ပြေသွားမှာပါနော်။

 

ညစာစားပွဲအတွက် သောက်စရာတွေစီစဉ်တော့မယ်ဆိုရင် အကြံပေးထားတာလေးတွေကိုအရင်ဆုံးစဉ်းစားပါနော်။ ဒါဆိုရင် စီစဉ်ရတာလွယ်ကူသွားမှာပါ။

 

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 07 March 2019 18:05
Rate this item
(0 votes)