ကြင်စဦးဇနီးမောင်နှံ အမှတ်တရ ပျားရည်ဆမ်းခရီးစဉ် ကြိုတင်စီစဉ်ခြင်း - ၂

ကြင်စဦးဇနီးမောင်နှံ အမှတ်တရ ပျားရည်ဆမ်းခရီးစဉ် ကြိုတင်စီစဉ်ခြင်း - ၂ google.com

သင့် ပျားရည်ဆမ်းခရီးစဉ်ရဲ့ ပျော်ရွှင်မှုတွေက နောင်နှစ်ပေါင်းများစွာတိုင်

သတိရနေရမှာ ဖြစ်ပါတယ်။

 

ပျားရည်ဆမ်း ခရီးစဉ်ကာလမှာ ကြုံတွေ့ရမယ် အဆိုးအကောင်း အဖြစ်အပျက်များက ရှေ့ဆက်ရမယ့် ဘ၀များအတွက် အလှည့် အပြောင်းဖြစ်သွားနိုင်ပါတယ်။

 

ပျားရည်ဆမ်းခရီးဆိုတာ မင်္ဂလာပွဲဆင်ယင်ကျင်းပပြီးနောက် အရေးအကြီးဆုံး အချိန်လို့ ဆိုနိုင်ပါတယ်။

 

သင်နှင့် သင့်ချစ်သူ တူနှစ်ကိုယ် သီးသန့်ဖြတ်သန်းရမယ့် အချိန်လေးလည်း ဖြစ်ပါတယ်။

 

ခရီးစဉ်အတွက် အချိန်ယူခြင်း

 

ခရီးသွားလုပ်ငန်းများနှင့် အချိန်ယူ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ချစ်သူနှစ်ဦးကတော့ ကိုယ့်ရဲအိမ်မက် ပျားရည်ဆမ်း ခရီးစဉ် သွားလိုကြတာပါတယ်။

 

သို့ပေမယ့် ကိုယ်ရွေးချယ်လိုက်တဲ့ အချိန်မှန်ကန်ဖို့ လိုပါတယ်။ ကျွမ်းကျင်တဲ့ ခရီးသွားလုပ်ငန်းအကြံပေးများကတော့ မိမိတို့ကိုယ်တိုင် စီစဉ်ခြင်းထက် အကုန်အကျ သက်သာအောင် ဆောင်ရွက်ပေးနိုင်ရုံတင်မက သူတို့ရဲ့ခရီးစဉ် ဒေသနဲ့ဆိုင်တဲ့ အသိပညာများက များစွာအထောက် အကူပြုပါတယ်။

 

ကိုယ်တိုင် စီစဉ်ဝယ်ယူခြင်းထက် သူတို့က တစ်ဖက်စီစဉ်သူများထံမှ လက်ကားဈေးဖြင့်ရအောင် လုပ်ပေးနိုင်ပါတယ်။

 

ခရီးစဉ်တစ်ခုလုံး ပြဿနာ ဖြစ်မလာအောင်လည်း အစီအစဉ်တွေ ချမှတ်ထားသလို၊ ဖြစ်လာရင်လည်း ဖြေရှင်းဖို့အသင့် ဆောင်ရွက်ထားပါတယ်။

 

သွားမယ့် ဒေသအလိုက် ဆောင်ရန်ရှောင်ရန်များ၊ သိထားသင့်တဲ့ သတင်းများ၊ သွားရမယ့်အချိန်ကို လမ်းညွှန်ပေးနိုင် ပါတယ်။ သူတို့က သင့်အတွက် စာရင်းကိုင်နဲ့ အတိုင်ပင်ခံ အဖြစ်လည်း ဆောင်ရွက်ပေးနိုင်ပါတယ်။

 

အင်တာနက်အသုံးပြုခြင်း

 

 

အင်တာနက်ကို အသုံးပြုခြင်းဖြင့် အင်တာနက်မှတစ်ဆင့် ခရီးစဉ်များကို စီစဉ်နိုင်ပါတယ်။ သို့ပေမယ့် တကယ်တမ်း ကိုယ်ထင်သလောက်တော့ စရိတ်မသက်သာလှပါ။

Read times Last modified on Wednesday, 19 September 2018 16:39
Rate this item
(1 Vote)