မြန်မာနိုင်ငံရဲ့အပျိုစင်ကျွန်းတစ်ခုဖြစ်တဲ့ ဂေါ်ရဂျီကျွန်းကို ဟန်းနီးမွန်းသွားမယ်ဆို…

မြန်မာနိုင်ငံရဲ့အပျိုစင်ကျွန်းတစ်ခုဖြစ်တဲ့ ဂေါ်ရဂျီကျွန်းကို ဟန်းနီးမွန်းသွားမယ်ဆို… google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Prewedding ရိုက်ကူးဖို့အတွက်ပဲဖြစ်ဖြစ်၊Honeymoon သွားရောက်လည်ပတ်ဖို့ပဲဖြစ်ဖြစ်သင့်တော်တဲ့ မြန်မာပြည်တွင်းက နေရာလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဲ့ဒီနေရာလေးကတော့ မြန်မာနိုင်ငံရဲ့အပျိုစင်ကျွန်းတစ်ခုဖြစ်တဲ့ ဂေါ်ရဂျီကျွန်းပါပဲ။

ပရိတ်သတ်တွေအနေနဲ့ဘယ်လိုမျိုးနေရာတွေမှာ အမှတ်တရတွေ ဖန်တီးလို့ရမလဲဆိုတော့ ကြွေချိုင်ကမ်းခြေတွင် အနားယူတည်းခိုပီး Sunset ကြည့်ကြမယ်။

လှေကားထစ်ပေါင်း ၄၂၀ ကိုတက်၍ မြဝတီစေတီ ဖူးမျှော်ပြီး ဂေါ်ရန်ဂျီကျွန်းကို အပေါ်စီးမှကြည့်ရင်း ဓာတ်ပုံတွေရိုက်ကူးမယ်။

Life Jacket အလှလေးများဝတ် စက်လှေစီးပီး ဂေါ်ရန်ဂျီကျွန်း တစ်ပတ် အလှရှူခင်းတွေကိုချစ်သူနဲ့အတူ ခံစားလို့ရမယ်။

ဒါ့အပြင် ရေအလွန်ကြည်လင်သော လိပ်ချိုင်ကမ်းခြေ၊ဒဏ္ဏာရီများဖြင့်နာမည်ကြီးသော ပန်းကန်တိုက်

၊နံသာပုရွာ နှင့် ကုလားမချိုင်ကမ်းခြေ၊ကျောက်ခြေထောက်၊ပုလ္လင်ချိုင်ကမ်းခြေ၊စပါးထားကျွန်း၊

ရေချိုတွင်း နှင့် ဘန်ဂလိုချိုင်ကမ်းခြေစတဲ့နေရာတွေမှာ အပန်းဖြေအနားယူရင်း အမှတ်တရဓာတ်ပုံလေးတွေကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

Music Agencies & Band (35) ကိုသိရှိလိုပါနှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...










 

Myanmar Wedding Guide

 

jjjj

Read times
Rate this item
(0 votes)
Tagged under