ဒူဘိုင်းက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ...

ဒူဘိုင်းက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ... google

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို ဒူဘိုင်းက ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာတွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ဒူဘိုင်းလို့ဆိုလိုက်တာနဲ့ မျက်စိတဆုံး ပူပြင်းခြောက်သွေ့လှသော သဲပင်လယ်ပြင်ကြီးကို စိတ်ကူးထဲတွင် မြင်မိမှာပါ။

ဒါပေမယ့် သဲပြင်ကြီးအစားအရောင်အသွေးစုံ လှပသောဗိသုကာလက်ရာများ ၊မိုးထိအောင် ထိနေသည့် အံ့မခန်းမိုးမျှော်တိုက်ကြီးများ၊ဒူဘိုင်းစော်ဘွားများရဲ့ခမ်းနားထည်ဝါတဲ့နန်းတော်များ၊

ကမ္ဘာ့အမြင့်ဆုံး Tower ကြီး၊ကမ္ဘာ့တစ်ခုတည်းသော 7 Star ဟိုတယ်ကြီး အနီးရှိ ကမ်းခြေတွင် အလွန်တရာ လှပခမ်းနားစွာ လူများဖန်တီးထားသော

Eight of the wonder စာရင်းဝင် ကမ္ဘာ့အကြီးဆုံး အုန်းလက်ပုံ ကျွန်းနှင့်သဲကန္တာရ ထဲမှာ 4 Wheels Landcruiser စီးပြီး

အာရပ်သူလေးများ၏ Belly Dance ကပွဲကိုကြည့်ရှု နိုင်ခြင်းတို့ကြောင့်ဒူဘိုင်းမြို့ဟာ အရှေ့အလယ်ပိုင်းရဲ့ အခမ်းနားအကြီးကျယ်ဆုံး အိပ်မက်မြို့တစ်မြို့ဖြစ်နေပါတယ်။

ကဲ ဒူဘိုင်းကိုဟန်းနီးမွန်းသွားရောက်ရင်း ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတော့

Marina ကမ်းခြေတွင် Yacht tour ၂ နာရီခန့် စီးနင်းခြင်း

Dubai Museum နှင့် Alfahidi ခံတပ် ကိုသွားရောက်လည်ပတ်ခြင်း

Abra Water Taxi စီးခြင်း။

Spice Souk and Gold Souk။

ဒူဘိုင်း မြို့လယ်တွင် Luxury Porsche or Hummer Limousine စီးခြင်း။

Dessert Safari တွင် သဲကန္တာရ ကားစီးခြင်း နှင့် သဲကန္တာရအတွင်း အာရပ်အကအလှအား ကြည့်ရှုရင်း ဘူဖေးသုံးဆောင်ခြင်း။

ဒူဘိုင်း၏ ကမ္ဘာ့အံ့ဖွယ် Palm Jumeirah သို့ Mono Rail ဖြင့် သွားရောက်ခြင်း။

ဒူဘိုင်း၏ ကြယ်ငါးပွင့် အဆင့်ရှိ Altantis Hotel တွင် အဆင့်မြင့် နေ့လည်စာ ဘူဖေး သုံးဆောင်ခြင်း။

Aquaventure Water Park တွင် ပျော်ရွှင်စွာကစားခြင်း။

ဒူဘိုင်း၏ နာမည်ကျော် Dhow Cruise တွင် BBQ ဘူဖေး ညစာသုံးဆောင်ခြင်း။

Burj Al Arab Hotel ကြယ်ခုနှစ်ပွင့် ဟိုတယ်အနီး Jumeriah Beach တွင် အပန်းဖြေခြင်း။

ကမ္ဘာ့အကောင်းဆုံး Shopping Mall တစ်ခုဖြစ်သည့် Dubai Mall မှာ ဈေးဝယ်ခြင်း နှင့်

နာမည်ကျော် ရေပန်း Show ဖြစ်သည့် Musical Water Fountain Show ကြည့်ရှုခြင်း စတာတွေကို ချစ်ရတဲ့သူနဲ့အတူလုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...






















 

Myanmar Wedding Guide

 

1we

Read times Last modified on Wednesday, 18 March 2020 09:48
Rate this item
(0 votes)
Tagged under