ဂျပန်နိုင်ငံရဲ့ နာမည်ကျော်မြို့တွေဖြစ်တဲ့ Kyoto မြို့၊Nara မြို့နဲ့ Osaka မြို့တို့ရဲ့ ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ...

ဂျပန်နိုင်ငံရဲ့ နာမည်ကျော်မြို့တွေဖြစ်တဲ့ Kyoto မြို့၊Nara မြို့နဲ့ Osaka မြို့တို့ရဲ့ ဟန်းနီးမွန်းအတွက်လည်ပတ်စရာနေရာများ... google

ဂျပန်နိုင်ငံတစ်နိုင်ငံလုံးကို လွှမ်းခြုံထားတဲ့ ဆာကူရာပန်းတွေရဲ့ ရှုမျှော်ခင်းတွေ၊ ကြည်လင်ပြာလဲ့နေတဲ့ကောင်းကင်ကြီး၊

သင့်တင့်တဲ့ရာသီဥတု၊ ဂျပန်လူမျိုးတွေရဲ့ လူနေမှုပုံစံတွေနဲ့ဂျပန်နိုင်ငံရဲ့ အံ့သြမှင်သက်ဖွယ် အလှတရားတွေကိုခံစားရင်း နွေဦးရာသီမှာ ဟန်းနီးမွန်းကာလလေးကိုဖြတ်သန်းနိုင်ဖို့အတွက်

ဂျပန်နိုင်ငံရဲ့ နာမည်ကျော်မြို့တွေဖြစ်တဲ့ Kyoto မြို့၊Nara မြို့နဲ့ Osaka မြို့တို့ရဲ့ လည်ပတ်စရာနေရာတွေကိုMyanmar Wedding Guide ကဝေမျှဖော်ပြပေးချင်ပါတယ်။

ဂျပန်နိုင်ငံ Kyoto မြို့ကို ဟန်းနီးမွန်းသွားရောက်မယ်ဆိုရင် အရင်ဆုံးရွှေကျောင်းဟု နာမည်ကျော်တဲ့ Kinkakuji ကိုသွားရောက်လည်ပတ်ပါ။

မျက်စိတစ်ဆုံး လိမ္မော်ရောင် ရှင်းတိုဘုရားကျောင်းများ တည်ရှိရာ Fushiminari Shrine နဲ့ UNESCO စာရင်းဝင်ရှေးဟောင်း ကျိုတိုဘုရားကျောင်း Kyiyomozu Temple ကိုလည်းသွားရောက်လည်ပတ်နိုင်ပါတယ်။

Nara မြို့ကိုရောက်ပြီဆိုရင်တော့ ချစ်စရာ ဒရယ်လေးများကျက်စားနေသည့်Nara ဥယျာဉ် နှင့် Todai ဘုရား ဆီသွားရောက်ပါ။

Osaka မြို့မှာဆိုရင်တော့ နာမည်ကျော် Osaka ရဲတိုက်ကိုသွားရောက်လည်ပတ်ရင်းအမှတ်တရတွေကို ဖန်တီးနိုင်မှာဖြစ်သလို

Shinsaibashi Shopping Area မှာ နာမည်ကျော် brand မျိုးစုံကို တစ်နေရာတည်းမှာ ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ဖွယ်ဟန်းနီးမွန်းကာလလေးတွေကိုရရှိပိုင်ဆိုင်နိုင်ကြပါစေ။

Traditional Dress Shops ရိုးရာဝတ်စုံဆိုင် ၁၆ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Zawgyi ဖြင့်ဖတ်ရန်...











 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)
Tagged under