ဟန်းနီးမွန်းခရီးသွားမည့်သူများအတွက် Vietjet လေကြောင်းမှ ရန်ကုန် - ဟနွိုင်း ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ

ဟန်းနီးမွန်းခရီးသွားမည့်သူများအတွက် Vietjet လေကြောင်းမှ ရန်ကုန် - ဟနွိုင်း ခရီးစဉ် စတင်ပျံသန်းပြေးဆွဲ

မင်္ဂလာဆောင်ပြီး မင်္ဂလာမောင်နှံများ ဟန်းနီးမွန်းခရီးစဉ်အတွက် Vietjet လေကြောင်းလိုင်းမှ

ရန်ကုန်-ဟနွိုင်း၊ ဟနွိုင်း-ရန်ကုန် ကို လွယ်လင့်တကူ သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။

 

ဟနွိုင်းမြို့သည် ကမ္ဘာလှည့်ခရီးသည်များ အများအပြား သွားရောက်လည်ပတ်သည့် နေရာတစ်ခုလည်း ဖြစ်ပါတယ်။

 

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့ကနေ စတင်ပြီး ပျံသန်းမယ့် ခရီးစဉ်သစ်က နေ့စဉ်တစ်ကြိမ်စီ ရှိမှာဖြစ်ပြီးတော့ ယခုကစပြီး လက်မှတ်တွေကို ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

 

Vietjet လေကြောင်းလိုင်းကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တို့ကို ခရီးစဉ် အသစ်အနေနဲ့ စတင်ပျံသန်းပြေးဆွဲတော့မှာပဲ ဖြစ်ပါတယ်။

 

ရန်ကုန်-ဟနွိုင်းခရီးစဉ်ကို နေ့စဉ်ပျံသန်းမှာဖြစ်ပြီး ပျံသန်းချိန် ၁နာရီနဲ့ ၅၅ မိနစ်ကြာမြင့်မှာဖြစ်ပါတယ်။

 

ရန်ကုန်-ဟနွိုင်းခရီးစဉ်မှာ ရန်ကုန်ကနေ ၁၄:၃၀ နာရီမှာ ထွက်ခွာပြီး ၁၆:၅၅ နာရီ မှာတော့ ဟနွိုင်းမြို့ကို ဆိုက်ရောက်မှာဖြစ်ပါတယ်။

 

အပြန်ခရီးစဉ်မှာတော့ ဟနွိုင်းကနေ ၁၂:၀၅ နာရီမှာ ထွက်ခွာပြီး ရန်ကုန်ကို ၁၃:၃၀နာရီမှာ ရောက်ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

Vietjet လေကြောင်းဟာ ကုန်ကျစရိတ်သက်သာပြီး ခရီးသည်တွေရဲ့ ကွဲပြားခြားနားတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဗီယက်နမ်နိုင်ငံ၏ ပထမဦးဆုံး ခေတ်သစ်လေကြောင်းလိုင်း တစ်လိုင်းဖြစ်ပါတယ်။

 

Vietjet လေကြောင်းလိုင်းမှ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုအပြင် e-commerce နည်းပညာဖြင့် အခြား ကုန်စည်နှင့် ၀န်ဆောင်မှုအမျိုးမျိုးကိုလည်း ရောင်းချပေးကြောင်း သိရပါတယ်။

 

ဗီယက်နမ်နိုင်ငံဒေသတွင်းရှိ နေရာပေါင်းများစွာနှင့် ချိတ်ဆက်နိုင်ရန် ခရီးစဉ်လမ်းကြောင်း ၆၇ ခုကို ဖွင့်လှစ်ထားပြီး ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ မလေးရှား၊ တရုတ်၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့လည်း သွားရောက်လည်ပတ်နိုင်စေရန်အတွက် စီစဉ်ပေးထားကြောင်းလည်း သိရပါတယ်။

 

 

Read times Last modified on Wednesday, 19 September 2018 15:16
Rate this item
(2 votes)