ဟန်းနီးမွန်းရဲ့ အပျော်တွေ မပျောက်သွားစေဖို့

ဟန်းနီးမွန်းရဲ့ အပျော်တွေ မပျောက်သွားစေဖို့ google

အပျော်တွေ မပျောက်သွားစေဖို့ သတိပြုရှောင်ရှားရမယ့် အရာတွေရှိပါတယ်။

 

ဟန်းနီးမွန်းခရီးဆိုတာ ပျော်ရွှင်ဖွယ်အကောင်းဆုံး အခိုက်အတန့် ဖြစ်နေရမှာပါ။ ဒါပေမယ့် ရှိရင်းစွဲ အပျော်လေးတွေက မမျှော်လင့်တဲ့ အကြောင်းတရားလေးတွေကြောင့် ပျက်စီးသွားတတ်တာမို့ ဟန်းနီးမွန်းရဲ့ အပျော်တွေ မပျောက်သွားစေဖို့ သတိပြုရှောင်ရှားရမယ့် အရာတွေရှိပါတယ်။

 

 

ခရီးစဉ် အရှည်ကြီး မဖြစ်ပါစေနဲ့

 

ခရီးစဉ်က ထိုက်သင့်တာထက် ပိုပြီးရှည်သွားမယ် ဆိုရင် ခရီးပန်းတဲ့ ဒဏ်ကြောင့် ပျော်ရွှင်မှုရဲ့ အရသာတွေ ပေါ့သွားပါလိမ့်မယ်။ လည်ပတ်စရာတွေများတာ၊ နေရာအနှံရောက်တာတွေက ဒီအတိုင်းဆို စိတ်ကျေနပ်စရာ ကောင်းပေမယ့် လူပင်ပန်းတာ၊ ငွေကုန်ကြေးကျ များတာတွေကြောင့် ခရီးစဉ်ဟာ ဝန်ထုပ်ဝန်ပိုး တစ်ခု ဖြစ်သွားနိုင်ပါတယ်။ အဓိကကတော့ ဟန်းနီးမွန်း ခရီးမှာ စိတ်လက် အပန်းပြေခဲ့ဖို့ပါပဲ။

 

 

ဈေးသက်သာတာတွေကို မရွေးချယ်ပါနဲ့

 

ကုန်ပစ္စည်း ထုတ်လုပ်နေတာနဲ့ သဘောသဘာဝ မတူဘူး ဆိုပေမယ့် ဟန်းနီးမွန်း ခရီးမှာလည်း အရည်အသွေးတွေ၊ အရေအတွက်တွေ ဆိုတာ ရှိပါတယ်။ နေရာမျာျးမာျး ရောက်တာ၊ ခရီးစဉ် ရှည်တာတွေက အရေအတွက်တွေ ဖြစ်ပြီးတော့ ဘယ်လို နေရာမှာ နေမယ် ၊ ဘယ်လို ဟိုတယ်မှာ တည်းမယ် ဆိုတာမျိုးတွေက အရည်အသွေး ဖြစ်ပါတယ်။ ဟန်းနီးမွန်းခရီးက စိတ်လက်အပန်းပြေဖို့ သက်တောင့်သက်သာ ရှိဖို့ လိုအပ်တာမို့ အရေအတွက်များတာထက် အရည်အသွေး ကောင်းတဲ့ ခရီးစဉ်မျိုးကို ရွေးချယ်ပေးပါ။

 

 

ရာသီဥတုကို ထည့်တွက်ပါ

 

ဟန်းနီးမွန်း ခရီးစဉ် ရွေးချယ်တဲ့အခါ ရာသီဥတု ပြင်းထန်တဲ့ နေရာတွေကို ရှောင်ရမယ်နော်။ မိုးသည်းထန်စွာရွာတာ၊ မုန်တိုင်းကျနေတာနဲ့ နှင်းထူထပ်စွာ ကျတဲ့ အရပ်ဒေသတွေကို မရွေးချယ်သင့်ပါဘူး။ ဟန်နီးမွန်းကာလလေးမှာ ကြည်နူးဆွတ်ပျံ့ဖွယ်ရာတွေ ပြည့်နှက်နေစေဖို့အတွက် ရာသီဥတုကောင်းမွန်ပြီး နေရထိုင်ရတာ သက်တောင့် သက်သာ ရှိစေမယ့် ဒေသမျိုးကိုပဲ ရွေးချယ်ရမှာပါ။

 

 

Credit;Marry

Read times Last modified on Monday, 14 January 2019 16:33
Rate this item
(1 Vote)