CBC Ballroom

CBC Ballroom google.com

CBC Ballroom ကတော့ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့တွင်တည်ရှိပါတယ်။

 

၎င်းခန်းမတွင် မင်္ဂလာဧည့်ခံပွဲများ၊ စေ့စပ်ပွဲများ၊ မွေးနေ့ပွဲများ၊ လုပ်ငန်းအစည်းအဝေးပွဲများ၊ ပြပွဲများ အစရှိတဲ့ အခမ်းအနားများ ပြုလုပ်ကြလေ့ရှိတဲ့ နေရာဖြစ်ပါတယ်။

 

လူဦးရေ ၃၅၀ အထိ ဆန့်တဲ့နေရာဖြစ်ပါတယ်။ ဧည့်သည်အယောက် ၂၅၀နှင့်အထက်ဆိုလျှင် ခန်းမကြေးပေးစရာမလိုပေ။ မင်္ဂလာအချိန်ကိုလည်း မိမိကြိုက်နှစ်သက်ရာအချိန်ကိုယူနိုင်ပါတယ်။

 

အကျွေးအမွေးအတွက်ကတော့-

 

Gold Package- မုန့် ၃ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ်ဟာ ၇၀၀၀ ကျပ်၊

 

Platinum Package- မုန့် ၄ မျိုး၊ ကော်ဖီ (သို့) လက်ဖက်ရည်နှင့် ရေခဲမုန့်ဆိုလျှင် တစ်ယောက်ကုန်ကျစရိတ် ၈၅၀၀ ကျပ်နှင့်

 

Diamond Package- ဒံပေါက်နှင့် ရေခဲမုန့်ဆိုလျှင် ၁၅၀၀၀ ကျပ် တို့ဖြစ်ပါတယ်။

 

၎င်းဈေးနှုန်းများကတော့ ဒီဇင်ဘာလကုန်အထိသာဖြစ်ပါတယ်။

 

နောက်ခံစာတမ်းထိုးပေးခြင်း၊ ပန်းအလှပြင်ပေးခြင်း၊ လျှောက်လမ်း ကော်ဇောအနီခင်းပေးခြင်း၊ မင်္ဂလာကိတ်ပြုလုပ်ပေးခြင်း နှင့် သတို့သား၊သတို့သမီး တို့အတွက် အဝတ်လဲခန်း စသည်တို့ကတော့ ဝန်ဆောင်မှုပေးပါတယ်။

မင်္ဂလာပွဲသို့လာရောက်သည့် ဧည့်သည်များအတွက် ကျယ်ဝန်းတဲ့ကားပါကင်လဲရှိပါတယ်။

 

ဆရာစံလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ဆက်သွယ်ရန်- ၀၁-၄၀၁၄၈၂ ၊ ၀၉-၄၄၅၅၆၆၀၃၆

 

 

THE STRAND HOTEL ရဲ့ packages နှင့် services များကိုလဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

MELIA Yangon Hotel ရဲ့ packages နှင့် services များကိုလဲဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 10:52
Rate this item
(2 votes)