Panda Hotel မှာမင်္ဂလာဆောင်ချင်သူများအတွက်ခန်းမဈေးနှုန်းများ

Panda Hotel မှာမင်္ဂလာဆောင်ချင်သူများအတွက်ခန်းမဈေးနှုန်းများ google.com

Panda Hotel သည် ရန်ကုန်မြို့၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်တွင် တည်ရှိပါတယ်။

ဟိုတယ်အပေါ်စီးမှကြည့်လျှင် ရန်ကုန်မြို့၏ ရင်သပ်ရှုမောဖွယ်မြင်ကွင်းများနှင့် ရွှေတိဂုံဘုရားကိုလည်း ဖူးမျှော်နိုင်ပါတယ်။ စေ့စပ်မင်္ဂလာပွဲများ၊ လက်မှတ်ရေးထိုးပွဲများ၊ မင်္ဂလာဧည့်ခံပွဲများ၊ ညစာစားပွဲများ၊ မင်္ဂလာနှစ်ပတ်လည်ပွဲများ။ အစည်းအဝေးပွဲများ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲများ၊ အရောင်းမြှင့်တင်ရေးပွဲများ အစရှိသည့် အခမ်းအနား အမျိုးမျိုးကိုလည်းကျင်းပနိုင်ပါသည်။

 

မင်္ဂလာအချိန်များမှာ နံနက် ၉ နာရီမှ ၁၀ နာရီခွဲ၊ နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီခွဲ၊ နေ့လည် ၁ နာရီမှ ၂ နာရီခွဲ၊ နေ့လည် ၂ နာရီမှ ၃ နာရီခွဲ အထိကြိုက်နှစ်သက်သည့်အချိန်ယူနိုင်ပါသည်။

 

ခန်းမ

Panda Hotel တွင်ပုလဲခန်းမနှင့် ပတ္တမြားခန်းမဟူ၍ ၂ခန်းရှိပါတယ်။ ပတ္တမြားခန်းမကတော့ ၁၂ လွှာတွင်ရှိပြီး ပုလဲခန်းမသည် ၁၃ လွှာတွင် ရှိပါတယ်။

ပုလဲခန်းမတွင် ဧည့်သည်အယောက် ၄၀၀ ကျော် ဆန့်ပြီး ပတ္တမြားခန်းမတွင် ဧည့်သည်အယောက် ၄၅၀ ဆန့်ပါတယ်။

ခန်းမဈေးနှုန်းမှာ လူဦးရေ ၂၅၀ အောက်ဆိုလျှင် ကျပ် ၃ သိန်းပေးရမည်ဖြစ်သည်။ လူဦးရေ ၂၅၀ အထက်ဆိုလျှင် ခန်းမကြေး ပေးစရာမလိုပေ။ စရံငွေအဖြစ် ၅ သိန်းကို အရင်ပေးချေရပါမယ်။

 

နောက်ခံစာတမ်းရေးထိုးခြင်းအတွက် ကုန်ကျစရိတ်မှာ ကျပ် ၃ သောင်းဖြစ်ပြီး ပန်းအိုးတစ်လုံးနှုန်းမှာ ကျပ် ၃ သောင်း ဖြစ်ပါသည်။ သီးချင်းဖွင့်ပေးခြင်း (သို့) လျှပ်စစ်မီးသုံးစွဲခမှာလည်း ၄ သောင်းကျပ် ကျသင့်မှာပါ။

 

အစားအသောက်

စဉ်

အမျိုးအစား

တစ်ယောက်ကုန်ကျစရိတ်

မုန့် ၄ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်

၅၉၅၀ ကျပ်

မုန့် ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်

၆၅၀၀ ကျပ်

Dim Sum ၄ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့်၊ ထမင်းကြော် (သို့) ခေါက်ဆွဲကြော်

၆၅၅၀ ကျပ်

Dim Sum ၅ မျိုး၊ ကော်ဖီ၊ ရေခဲမုန့်၊ ရေသန့်၊ ထမင်းကြော် (သို့) ခေါက်ဆွဲကြော်

၆၉၀၀ ကျပ်

ထောပတ်ထမင်း (သို့) ဒံပေါက် (လိုက်ပွဲပါ)၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ဟင်းချို၊ အချဉ်၊ အချိုရည်၊ ရေသန့်

၇၁၀၀ ကျပ်

ထောပတ်ထမင်း (သို့) ဒံပေါက် (လိုက်ပွဲပါ)၊ ကြက်သားဟင်း၊ ဘာလချောင်ကြော်၊ ဟင်းချို၊ အချဉ်၊ ရေခဲမုန့်၊ ရေသန့်

၇၆၅၀ ကျပ်

 

ညစာစားပွဲအတွက် ဟင်းအမျိုးပေါင်း ၈ မျိုး၊ အချိုပွဲ၊ အချိုရည်၊ ရေသန့်၊ ရေသန့်ရေခဲနှင့် ၁၀ယောက်တစ်ဝိုင်းနှုန်းကို ကျပ် တစ်သိန်းကိုးသောင်း မှ နှစ်သိန်းခွဲအထိ ကျသင့်မှာဖြစ်ပါတယ်။

 

ဟိုတယ်မှ ၀န်ဆောင်မှုဖြစ်အဖြစ် မိတ်ကပ်ပြင်ဆင်ရန်အခန်းနှင့် နားနေခန်းတို့ကို အခမဲ့ ၂ နာရီ သုံးစွဲခွင့်ပေးပါတယ်။ စရံအနေနဲ့ ၅သိန်း အရင်ပေးချေရမှာဖြစ်ပြီး ၂၀၂၀ ဧပြီလထိ ကြိုတင်ပြီး Booking လုပ်ထားလို့ရပါတယ်။

 

အထက်ပါဈေးနှုန်းများသည် ပုံသေမဟုတ်ဘဲ ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ပါတယ်။

အမှတ် ၂၀၅၊ ၀ါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်။

၀၁-၂၁၂၈၅၀~၃၊ ၀၁-၂၂၉၃၅၈~၆၁

 

Myanmar Wedding Guide

Read times Last modified on Friday, 22 March 2019 11:18
Rate this item
(1 Vote)