မင်္ဂလာပွဲအတွက် လှပတဲ့ပန်းအပြင်အဆင်လေးတွေ

မင်္ဂလာပွဲအတွက် လှပတဲ့ပန်းအပြင်အဆင်လေးတွေ google

သတို့သား၊ သတို့သမီးလေးတို့ရေ တစ်သက်မှာတစ်ခါဆောင်တဲ့ မင်္ဂလာပွဲလေးကိုခမ်းနားပြီး လှပတဲ့ပွဲလေးဖြစ်စေချင်တယ်ဆိုရင်တော့ ပန်းအပြင်အဆင်လေးတွေလိုတာပေါ့နော်။

ခုနောက်ပိုင်းမှာလည်း မင်္ဂလာပွဲပန်းအပြင်အဆင်ကို ပိုပြီးတော့အားစိုက်လာကြပါတယ်။ ပန်းအပြင်အဆင်လုပ်တဲ့အခါမှာလည်း အတု၊ အစစ်၊ နှစ်မျိုးစလုံးရောပြီးသုံးလေ့ရှိကြပါတယ်။ သတို့သား၊ သတို့သမီးလေးတို့ ပန်းအပြင်အဆင်ကိုအပ်တဲ့အခါမှာလည်း ဘယ်လိုပုံစံလေး လိုချင်တယ်ဆိုပြီး ပြောရမှာဖြစ်တဲ့အတွက် ပန်းအပြင်အဆင်လေးတွေကို ပြောပြလိုက်ပါတယ်နော်။

 

တွဲလောင်းကျနေတဲ့ပန်းအပြင်အဆင်

ခန်းမထဲကို သတို့သား၊ သတို့သမီးလေးတို့ မဝင်လာသေးဘူးဆိုရင် ဧည့်သည်တွေက ခန်းမရဲ့ ပန်းအပြင်အဆင်လေးတွေကို သေချာလေးကြည့်လေ့ရှိကြပါတယ်။ ပန်းအပြင်အဆင်လေးတွေလှနေမယ်ဆိုရင် ဧည့်သည်တွေလည်း ပိုပြီးကြည်နူးပီတိ ဖြစ်ကြမှာပါ။ အမြင်ဆန်းစေတဲ့အပြင်အဆင်ဆိုရင် ပိုတောင်သဘောကျဦးမှာပါ။ ပန်းကို ပုံမှန် အောက်ဘက်၊ စင်မှာပဲ မဟုတ်ဘဲ အပေါ်ဘက်ကနေ တွဲလောင်းကျနေတဲ့ ပုံစံလေးပါ။ ပန်းပွင့်အရိုးလေးတွေ တစ်ခုနဲ့ တစ်ခုနဲ့ ချိတ်ဆက်ပြီး တွဲလောင်းကျနေတဲ့ပုံစံလေးပါ။ နောက်တစ်ခုကတော့ ပန်းအစုအဖွဲ့ပန်းခင်းတစ်ခုလုံး အပေါ်ဘက်ကနေ တွဲလောင်းကျနေတဲ့ပုံစံလေးပါ။ ပန်းတွေကြားထဲမှာ ငှက်မွှေးလိုမျိုးလေးတွေထည့်မယ်ဆိုရင် ပိုပြီးတော့တောင်ကဗျာဆန်ပါသေးတယ်။

 

လျှောက်လမ်းအပြင်အဆင်

လျှောက်လမ်းရဲ့ အပြင်အဆင်ကလည်း အရေးပါပါတယ်နော်။ သတို့သားနဲ့သတို့သမီးလေးတို့ လှမ်းလိုက်တဲ့ခြေလှမ်းတိုင်းမှာပန်းလေးတွေရှိနေပြီး နူးညြံ့ခင်း၊ မွှေးပျံ့ခြင်းတွေခံစားနေရမှာပါ။ ခန်းမထဲကိုဝင်လာမယ့် ဧည့်ပရိသတ်တွေလည်း ပန်းလေးတွေ ကြည့်ပြီးကြည်နူးမှုအပြည့်ရမှာသေချာပါတယ်။

 

အဝင်ပန်းကုံးအပြင်အဆင်

မင်္ဂလာခန်းမအဝင်မှာ ပန်းကုံးလေးတွေလုပ်ကြပါတယ်။ စေ့စပ်ပွဲ၊ လက်မှတ်ထိုးတာမျိုးဆိုရင်လည်း ဒီလိုအပြင်အဆင်မျိုးလေးတွေပြင်ဆင်လေ့ရှိပါတယ်။ ရိုးရှင်းပြီးတော့ လှပတဲ့ပန်းအပြင်အဆင်မျိုးလေးတွေနဲ့ အလှဆင်တာမျိုးပါ။

 

သတို့သား၊ သတို့သမီးလေးတို့ရေ ကိုယ့်ရဲ့မင်္ဂလာပွဲအတွက်ပန်းအပြင်အဆင် ဘယ်လိုပုံစံလေးလုပ်ရမလဲဆိုတာမသိဘူးဖြစ်နေရင် ခုဖော်ပြလိုက်တဲ့ပန်းအပြင်အဆင်လေးတွေကို ရွေးချယ်လို့ ရပါတယ်နော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 26 February 2019 14:11
Rate this item
(0 votes)